တန်ဆောင်မုန်း လပြည့်နေ့(သာမညဖလအခါတော်နေ့)

တန်ဆောင်မုန်း လပြည့်နေ့တွင် မြတ်စွာဘုရားက အဇာတသတ် မင်းအား သာမည ဖလ သုတ္တန်ကို ဟောကြား တော် မူသောကြောင့် ဤနေ့တိုင်းတွင် သာမည ဖလ အခါတော်နေ့ အထိမ်းအမှတ်ကို ကျင်းပ ပြုလုပ်ရခြင်း ဖြစ်ပါသည်။
၁။ သာမည ဖလ ဆိုသည်မှာ ရဟန်းပြုရခြင်း၏ အကျိုးဟု အဓိပ္ပာယ် ရပါသည်။

၂။ ရဟန်း ပြုရခြင်း၏ အကျိုးကို ဟောကြားသော နေ့ဖြစ်၍ ဤနေ့ကို သံဃာတော်များ၏ နေ့ဟု ခေါ်ဆိုနိုင်ပါသည်။

၃။ သာမည ဖလသုတ်သည် ဒီဃနိကာယ် သီလခန္ဓ၀ဂ္ဂ ပါဠိတော်၌ လာရှိပါသည်။

၎။ သာမည ဖလသုတ်သည် ရဟန်း သံဃာတော်များ အဖို့ ကြေးမုံမှန်ချပ်ကြီး သဖွယ် ဖြစ်၍ ကိုယ်ကျင့်သီလ ရှိသည် မရှိသည်ကို ဤသုတ်ဖြင့် ထင်ဟပ်စေနိုင်ပါသည်။

၅။ သာမည ဖလသုတ်သည် လူဒါယကာများအဖို့ ပြဒါးချိန်ကြီးသဖွယ် ဖြစ်၍ မိမိတို့ ကိုးကွယ်နေသော ဆရာသမား များ၏ ကျင့်ကြံမှု ဟုတ်မဟုတ်၊ မှန်မမှန်ကို ဤ သုတ္တန်ဖြင့် ချိန်ကိုက် ကြည့်နိုင်ပါသည်။(သည်အချက်ကို ထောက်ထားပြီး မိဘ ဆရာများကို ပြန်လည် ဝေဖန်မိရုံဖြင့်ပင် အပြစ်ကြီးသည်ဟု မျက်စိမှိတ် ဟောပြောနေသော အချို့ တရားဟော ဓမ္မကထိကများကို သတိထားဖွယ် ဖြစ်ပါသည်။ မြတ်စွာဘုရား၏ တရားတော်သည် မည်သူ့အပေါ်မှ ဘက်မလိုက်ဘဲ အပြန်အလှန် ဝေဖန် ဆန်းစစ်ခွင့် ရှိသည်ကို မျှတစွာ တွေ့နိုင်ပါသည်။ ခွန်မြလှိုင်၏ စကားချပ်)

၆။ အဇာတသတ် မင်းသားသည် ဒေ၀ဒတ်ကို ဆရာတင်မိ၍ အပေါင်းမှားပြီး ဖခင်ဖြစ်သူ ဗိမ္မိသာရ မင်းကြီးကို သတ်မိသောကြောင့် ကံကြီး ထိုက်ပြီး အိပ်မပျော်သော ဝေဒနာ စွဲကပ်ခဲ့ပါသည်။

၇။ ယင်းဝေဒနာကို ကုစားရင်း အမတ်များ၏ အကြံပြုချက်အရ တိတ္ထိ ဆရာကြီး ၆ယောက်တို့ထံ သွားရောက်ပြီး ရဟန်းပြုခြင်း (သာမညဖလ) ၏ အကျိုးကို စုံစမ်းမေးမြန်းရာ ကျေနပ်လောက်သော အဖြေကို မရရှိခဲ့ပါ။

၈။ နောက်ဆုံး သမားတော်ကြီး ဇီဝက၏ အကြံပေးချက်အရ ရာဇဂြိုဟ် မြို့အနီး ဇီဝက လှူထားသော သရက် ဥယျာဉ်တော်၌ သီတင်းသုံးလျက် ရှိသော မြတ်စွာဘုရားထံ သွားရောက်လျှောက်ထားသော အခါမှ သူသိလိုသော ရဟန်း ပြုခြင်းအကျိုး (သာမညဖလ)ကို သိရှိရပါတော့သည်။

၉။ အဇာတသတ်မင်းသည် သာမညဖလသုတ်တော်ကို ကြားနာရသည့်အချိန်မှ စပြီး ဗုဒ္ဓ သာသနာတော်ကို သက်ဝင် ယုံကြည်လာပြီး ပုထုဇဉ်များထဲမှ ရတနာ သုံးပါးကို အကြည်ညိုဆုံး ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာပါသည်။

၁၀။ အဇာတသတ်မင်းသည် သာမညဖလသုတ် တရားတော်ကို ကြားနာရ၍ သူ့အပြစ်ကို ကုစားခဲ့သောကြောင့် အပြစ် ကြီးလေးသော မဟာ အ၀ီစိ ငရဲတွင် မကျရောက်တော့ဘဲ အပြစ်ဒဏ် ပေါ့သော လောဟကုမ္ဘီ ငရဲ၌သာ ကျရောက်ပြီး နောင်သောအခါ ၀ိဇိတာဝီ မည်သော ပစ္စေကဗုဒ္ဓါဖြစ်၍ ကျွတ်တမ်းဝင်ရ ပါလိမ့်မည်။

၁၁။ ဤနေ့တွင်ဟောကြားသော သာမညဖလ သုတ်တော်ကြောင့် အဇာတသတ် မင်းတရားသည် ပထမ သင်္ဂါယနာတင် မင်းတရား အဖြစ် ခံယူခဲ့ခြင်း၊ မြတ်စွာဘုရား၏ ဓာတ်တော်များကို စုဆောင်းသိမ်းဆည်း၍ ဓာတ်တော်တိုက်ကြီး တည်ထားခဲ့ခြင်း၊ ဗုဒ္ဓသာသနာနှစ်ကို အတိအကျ သတ်မှတ်ခဲ့ခြင်း၊ သာသနာပြု လုပ်ငန်းကြီး သုံးရပ်ကိုလည်း လုပ်ဆောင်သွားခဲ့ခြင်းတို့မှာ ဗုဒ္ဓဘာသာဝင်များ အတွက် ကျေးဇူး ကြီးလှပါသည်။

၁၂။ ပိဋကတ်တော်များ မပျက်စီးရအောင် သင်္ဂါယနာ အဆက်ဆက်တင်၍ ယနေ့ထက်တိုင် ထိန်းသိမ်းထားနိုင်ခြင်းမှာ အဇာတသတ်မင်း၏ ကျေးဇူးဟု ဆိုထိုက်ပါသည်။

၁၃။ အဇာတသတ်မင်း စုဆောင်းထားသော ဓာတ်တော်များကို ရှာဖွေ၍ သီရိဓမ္မာသောကမင်းကြီးက စေတီပေါင်း ရှစ်သောင်းလေးထောင် တည်ထား၍ သာသနာ ပြုခဲ့သောကြောင့် နှောင်းခေတ် ဗုဒ္ဓဘာသာဝင်တို့ ဖူးမြော်ခွင့် ရရှိ နေကြခြင်း ဖြစ်ပါသည်။

၁၄။ ဗုဒ္ဓဘာသာဝင်တို့ သာသနာနှစ်ကို အတိအကျ သုံးစွဲခွင့် ရရှိနေသည်မှာ အဇာတသတ်မင်း၏ ကျေးဇူးနှင့် သာမညဖလသုတ်တော်တို့ ၏ အကျိုးဆက်ဟု ဆိုနိုင်ပါသည်။
( သာသနာရေး ၀န်ကြီးဌာန၊ သာသနာရေးဦးစီးဌာန၊ နိုင်ငံတော် ပိဋကတ်တိုက် စာကြည့်တိုက်မှူး ဘဒန္တ ပညာသာမိ (မာဂဓီ- သာစည်) ဆရာတော် ရေးသားပြုစုတော်မူသော အခါတော်နေ့များ စာအုပ်မှ ကူးယူဖော်ပြ ပါသည်။


သာမည ဖလ = ရဟန်းပြုခြင်း၏ အကျိုးကျေးဇူးတွေကတော့------
၁။ မင်းခစားဘဝနှင့် မင်းပြစ် မင်းဒဏ်မှ လွတ်ကင်းခြင်း အကျိုး။
၂။ အခွန်ထမ်းဆောင်မှု မှ လွတ်ကင်းခြင်း အကျိုး။
၃။ ပါတိမောက္ခ သံဝရသီလ နှင့် ပြည့်စုံသဖြင့် အပါယ်ဘေးမှ ကင်းဝေးခြင်း အကျိုး။
၎။ ဒုစရိုက်ကို ရှောင်သဖြင့် ဒုစရိုက် ဒုက္ခ မှ ကင်းလွတ်၍ စူဠ သီလ နှင့်ပြည့်စုံ ခြင်း အကျိုး။
၅။ ပွဲသဘင် အမျိုးမျိုး၊ ကစားပွဲ အမျိုးမျိုး မကောင်းသောစကားအမျိုးမျိုး တို့မှ ရှောင်ကြဉ် သဖြင့် ထိုဒုက္ခများမှ ကင်းလွတ်၍ မဇ္ဈိမ သီလနှင့်ပြည့်စုံခြင်း အကျိုး ။
၆။ နက္ခတ်ဗေဒင် ၊ယတြာ လက္ခဏာ ဆေးကုခြင်း စသည်တို့မှ ရှောင်ကြဉ်သဖြင့် အာဇီဝ ပါရိသုဒ္ဓိ သီလ နှင့် ညီညွတ်၍ မဟာသီလနှင့် ပြည့်စုံခြင်းအကျိုး ။
၇။ ဣနြေ္ဒ ၆ပါး ၌ အကုသိုလ် မဖြစ်အောင် စောင့်စည်းနိုင်ခြင်း အကျိုး။ (ဤ သည်တို့ကား အခြေခံ သီလများဖြစ်ပါသည်)။
၈။ သတိ နှင့် ပြည့်စုံခြင်း အကျိုး။
၉။ သမ္ပဇဉ် (ဆင်ခြင်တုံ ) တရားနှင့်ပြည့်စုံခြင်း အကျိုး။
၁၀။ သန္တောသ ( ရောင့်ရဲခြင်း) အကျိုး။
အခြေခံသီလ ၊သတိ သမ္ပဇဉ် ၊ သန္တုဋ္ဌီ တရားများနှင့် ပြည့်စုံသော ရဟန်းသည် သမထ ဝိပဿနာ တရားကို ဆက်လက်အားထုတ်ပါက အေက်ပါ အကျိုး များကို လက်တွေ့ ခံစားရရှိနိုင်ပါသေးတယ်။
၁၁။ နီဝရဏ ငါးပါးမှ လွတ်ကင်းခြင်း အကျိုး
၁၂။ ဈာန်တရား ရနိုင်ခြင်း အကျိုး
၁၃။ ဝိဇ္ဇာ ရှစ်ပါး နှင့် ပြည့်စုံ၍ မဂ် ဖိုလ် ရနိုင်ခြင်း အကျိုး။


မင်းနှင့်အမတ်တို့  ဆိုင်ရာစကား
ပူရဏကုပေ၏ အယူဝါဒ
မက္ခလိဂေါသာလ၏ အယူဝါဒ
အဇိတကေသကမ္ဗလ၏ အယူဝါဒ
ပကုဓကစ္စာယန၏ အယူဝါဒ
နိဂဏ္ဌနာဋပုတ္တ၏ အယူဝါဒ
သဉ္စယဗေလဌပုတ္တ၏ အယူဝါဒ
ရှေးဦးစွာ မျက်မှောက်ဘ၀၌ ရအပ်သော ရဟန်းဖြစ်ကျိုး
နှစ်ကြိမ်မြောက် မျက်မှောက်ဘ၀၌ ရအပ်သော ရဟန်းဖြစ်ကျိုး
သာ၍မွန်မြတ်သော ရဟန်းဖြစ်ကျိုး
စူဠသီလ
မဟာသီလ
ဣနြေ္ဒကို စောင့်စည်းခြင်း
အောက်မေ့ခြင်းနှင့် ဆင်ခြင်ခြင်း
ရောင့်ရဲလွယ်ခြင်း
ပဌမဈာန် ရဟန်းဖြစ်ကျိုး
ဒုတိယဈာန် ရဟန်းဖြစ်ကျိုး
တတိယဈာန် ရဟန်းဖြစ်ကျိုး


အောက်ပါလင့်များတွင် သာမညဖလသုတ်နှင့်ဆက်စပ်သောတရားတော်များကိုနားထောင်ကြလိုတိုက်တွန်းလိုပါတယ်


သာမညမလသုတ်

ကုမုဒြာတွေပွင့်တဲ့ည တရားတော် (၁)

ကုမုဒြာတွေပွင့်တဲ့ည တရားတော် (၂)

Read More!

ဓာတ်ကြီးလေးပါး

ဓာတ်ကြီးလေးပါးက.....ပထ၀ီ..အာပေါ...တေဇော....၀ါယော....ဖြစ်ပါတယ်...

ပထ၀ီဓာတ်.....အကြောင်းစပြီးတင်ပြပါ့မယ်

မာတဲ့သဘော ၊ ပျော့တဲ့သဘော ၊ နူးညံ့တဲ့သဘော ၊ ချောတဲ့သဘော ၊ သိမ်မွေ့တဲ့သဘော ၊ ကြမ်းတဲ့သဘောကို

ခေါ်ပါတယ် သတ္တုမီးခြစ်တစ်ခုကို လက်နဲ့ကိုင်ကြည့်၊ထိကြည့်တို့ကြည့်တဲ့အခါဘာတွေတွေ့လဲ... ဘယ်လိုနေလဲ

လို့မေးရင်...မာတယ်လို့ သူသူငါငါပြောကြမယ် ကျောက်ခဲကိုကိုင်ကြည်၊ သံချောင်းကလေးကို ကိုင်ကြည့်၊ သူတို့

လည်းမာတယ်...ဒါကြောင့် ကျောက်ခဲဟာ သံချောင်းဟာ မာတာပဲမို့ မီးခြစ်လားလို့မေးရင်မဟုတ်ဘူး..ကျောက်ခဲ

ဟာ ကျောက်ခဲပဲ သံချောင်းဟာသံချောင်းပဲ မီးခြစ်ဟာ မီးခြစ်ပဲလို့ဖြေမယ်။ အဲဒီတော့မီးခြစ်ကလေးဟာမာတယ်

ဆိုတော့ မီးခြစ်ဆိုတဲ့ ပညတ်..မရှိတရားက တစ်ပါး၊ မာတယ်ဆိုတဲ့ပရမတ်..အရှိတရားကတစ်ပါး... နှစ်ပါး

ထပ်နေပါတယ်

...........အဲဒီတစ်ရားနှစ်ပါးမှာ မရှိတရားဆိုတဲ့ ပညတ် တရားကိုဖျောက်ပြီး ဘုရားရှင်ဟောကြားတဲ့ ပရမတ်..

အရှိတရားဆိုဒ်အောင် ကြည့်ပုံက............... အဲဒီမီးခြစ်ကလေးကို ပေပေါ်တင် တူနဲ့ပြားနေအောင် ထုရင် ....

ပြားသွားမယ်...အဲဒီအပြားလေးကို ဘာလဲလို့မေးရင် မီးခြစ်လို့ ဘယ်သူမှမပြောတော့ဘူး

သတ္တုပြားလေးလို့ပဲပြောလိမ့်မယ်...မီးခြစ်ဆိုတဲ့ ပုံပန်းသဏ္ဍာန် ပျောက်သွားတာမို့ပါ....အဲဒီသတ္တုပြားလေးကို

ကိုင်ကြည့်၊ ထိကြည့်၊တို့ကြည့် ဘာတွေ့သလဲဆိုရင်မာတာကိုပဲတွေ့ရတယ်....သဘောက မီးခြစ်ဆိုတဲ့ မရှိတဲ့

ပညတ်တရားပျောက်သွားပြီး ...မာတယ်ဆိုတဲ့ ပထ၀ီဓာတ် ပရမတ်...အရှိတရား က မပျောက်တာကိုတွေ့ရတာပါ

.....အဲဒီသတ္တုပြားလေးကို အရည်ကျိုပြီး သွန်းလောင်းလိုက်ပြန်ရင်လည်း....ဘာလဲလို့မေးရင် သတ္တုခဲကလေးလို့

ပြောကြပါလိမ့်မယ်....သတ္တုပြားလေးလို့မပြောတော့ပါဘူး... ဘာလို့လဲဆိုတော့ မူလသဏ္ဍာန်..မရှိတရား

ပညတ်က ပျောက်သွားလို့ပါ..အဲဒီသတ္တုခဲကလေးကို ထိကြည့်၊ ကိုင်ကြည့်၊တို့ကြည့် ပြန်ရင်လည်း မာတယ်ဆိုတဲ့

ပထ၀ီဓာတ်အရှိတရားကတော့မပျောက်ပါဘူး...အဲဒီသတ္တုခဲကလေးကိုတံစဉ်းနဲ့စား..အမှုန့်ကလေးတွေဖြစ်အောင်

လုပ်ပြန်တဲ့ အခါမှာလည်း...အဲလိုပဲ သတ္တုခဲဆိုတဲ့ ပညတ်တရားပျောက်ပြီး သတ္တုမှုန့်ဖြစ်လာပေမယ့်...

မာတယ်ဆိုတဲ့ ပထ၀ီဓာတ် အရှိတရားကတော့ လုံးဝ မပျောက်ပါဘူး... အဲဒီသတ္တုအမှုန့်တွေကို

လုံလေးထဲထည့်ပြီး ဖိုထိုး....ဘာလဲလို့မေးရင်... ပြာတွေလို့ပြောလိမ့်မယ်...သတ္တုမှုန့်ဆိုတဲ့

ပညတ်သဘောပျောက်သွားတာဖြစ်ပါတယ်

ပြာကို လက်နဲ့ ကိုင်ကြည့်၊ထိကြည့်၊တို့ကြည့်တော့....နူးညံ့တဲ့ ပထ၀ီဓာတ်အရှိတရား က

လုံးဝမပျောက်ပါဘူး..အဲဒီပြာတွေကို ရည်နဲ့ဖျော်ပြီး မြေပေါ်လောင်းချ လိုက်လို့ လေးငါးလ ကြာတဲ့အခါ

အဲဒီနေရာကိုကိုင်ကြည့်တဲ့အခါမာတယ်ဆိုတဲ့ပထ၀ီသဘောပဲ တွေ့ရမှာ ဖြစ်ပြီး...ပြာရည်ဆိုတဲ့

ပညတ်သဘောကပျောက်သွားတာတွေ့ရမှာဖြစ်ပါတယ် ပရမတ်ဆိုတဲ့ အရှိတရားဟာ...

ဘယ်လိုဖျက်ဖျက်..ဘယ်လောက်ပဲဖျက်ဖျက် မပျောက်မပျက်ဘဲ ပညတ်မရှိတရားကတော့

ပျောက်ပျက်သွားတဲ့သဘောပါ ပညတ်မီးခြစ်ဟာ...ပညတ် သတ္တုပြားကလေးကို အောက်ခံ

ကိုယ်ထည်...အဖုံးလုပ်..ကျောက်ထည့်...ဘီးကလေးတပ်..မီးစာ ..ဂွမ်း...ဓာတ်ဆီထည့် ..လှည့်ပေးရင်

မီးတောက်ပွင့်ထွက်လာလို့ မီးခြစ်ရယ်လို့ ခေါ်ဆိုကြစို့ဆိုတဲ့ ပညတ်သဘောတရားပါပဲ... မူလမြေကြီးထဲမှာ တော့

မီးခြစ်ရှိတာမဟုတ်ပါဘူး...ဂဏပညတ်..သင်္ခါရပညတ်တွေဖုံးနေတာပါ...တစ်ကယ့်လက္ခဏာ..တစ်ကယ့်အရှိက

...မာတာ ပျော့တာ နူးညံ့တာ ချောတာ ဆိုတဲ့ ပထ၀ီဓာတ် ပရမတ်လက္ခဏာပါပဲ

အဲဒီမပျောက်ပျက်တဲ့မာတာ၊ပျော့တာ၊နူးညံ့၊တာချောတာ.......ကိုလည်းယူပြလို့မရနိုင်ပါ..ချိန်တွယ်လို့လဲမရနိုင်ပါ..

အရောင်အားဖြင့်လဲမပြနိုင်ပါ...ပုံသဏ္ဍာန်အားဖြင့်လဲမပြနိုင်ပါ.......မာသော..ပျော့သော...နူးညံ့သော..ချောသော..

သဘောတရားသက်သက်သာဖြစ်ပါတယ်။ ဥာဏ်မျက်စိနဲ့သာ မြင်သိရပါတယ်....ပကတိမျက်စိနဲ့မမြင်နိုင်ပါဘူး

.......မရှိတရား ပညတ်က တော့မြင်နိုင်ပေမယ့်ပျောက် ပျက်တဲ့သဘောရှိပြီး...ရှိတရား ကတော့ မမြင်နိုင်

(ဥာဏ်မျက်စိနဲ့ မြင်နိုင်ပြီး) ဘဲလုံးဝ ဖျောက်ဖျက်လို့မရနိုင်ပါဘူးဆိုတာပါပဲ

အာပေါဓာတ်

ဖွဲ့စည်းတဲ့သဘော...ယိုစီးတဲ့သဘော သည် အာပေါဓာတ်သဘောဖြစ်ပါသည်...အလွန်သိမ်မွေ့သော

သုခုမရုပ်ဖြစ်သောကြောင့် ကိုင်..ထိ..စမ်းလို့ရကောင်းသောရုပ်မဟုတ်သဖြင့် ဥာဏ်ကိုအသုံးချရပါမည်....ရေနှင့်

တစ်မှုန်တစ်မွှားစီ ကစင့်ကလျှားလွင့်ပါးနေသော ဖုန်မှုန့်ကလေးများကို နယ်လိုက်လျှင် အတုံးအခဲ ပုံမျိုး

လုပ်လို့ရခြင်းမှာ.....အာပေါဓါတ်က ဖွဲ့ခြင်းကြောင့် ဖြစ်ပါသည်...သက်ရှိသက်မဲ့ တည်းဟူသော အတုံးအခဲ

ပုံသဏ္ဍာန် မှန်သမျှသည် အာပေါဓါတ်ကြောင့်ဖြစ်နေသည် ယိုစီးတတ်သောသဘောက....ဖွဲ့စည်းတဲ့သဘော

လွန်ကဲတဲ့အခါ ဖြစ်ပေါ်တတ်ပါသည်.......ရေကိုရွှံ့ခဲ တစ်ခုသို့လောင်းချလိုက်ပါက အရည်ပျော်ယိုစည်း

သွားမည်ကို အထင်အရှားတွေ့ရမည်ဖြစ်သည်.....

တေဇောဓာတ်

တေဇောဓာတ်ရဲ့ မြန်မာလိုက....ရင့်ကျက်ခြင်း...ဖြစ်သည် ဥဏှတေဇော၊ သီတတေဇော ..... ပူသဘော..

အေးသဘော...ကြောင့် ရင့်ကျက်စေပါသည် ပူလို့ရင့်ကျက်ပုံဥပမာက.........ရွှံ့ပျော့ပျော့ ကို အိုးခွက်ပုံချပြီး

နေပူလှန်း....မာလာတော့ မီးထဲဖုတ်တဲ့အခါ နီမြန်းပြီး အလွန်မာကျောလျှက် ကျက်လာစေပါသည်

ရွှံ့ဘ၀မှ တစ်ဖြေးဖြေးမာလာတာကိုပကတိမျက်စိဖြင့်မမြင်နိုင်....အကြောင်းမှာ.........ပူလို့ရင့် ကျက်စေ

တယ်ဆိုရာတွင် ပူတာသည် ပရမတ် တေဇောမဟုတ်....ရင့်ကျက်စေတတ်ခြင်းတည်းဟူသော ပရမတ်

တေဇောဓါတ်ရဲ့ အကြောင်းပရိယာယ်မျှသာဖြစ်ပြီး ရင့်လာတဲ့ ကျက်လာတဲ့အရည်အသွေးအရောင်ကို

ကြည့်ရင်းမှ မြင်ရသဖြင့်.....ဥာဏ်မှာသာမြင်နိုင်ပါသည်အအေးဓာတ်ကြောင့်ရင့်ကျက် တာကတော့

........အင်ကြင်းကျောက်တုံးများကို ကြည့်ရင်းမြင်နိုင်ပါသည်....အင်ကြင်းပင်ဘ၀မှ..အေးသော မြေထဲ..ရေထဲ

တွင်မြုတ်နေရင်း...ကျောက်တုံးများအဖြစ်ရင့်ကျက်သွားမှု့ဖြစ်ပါသည်


ဝါယောဓာတ်

ထောက်ကန်...လှုပ်ရှားတဲ့ သဘောကိုခေါ်ပါသည်

သစ်ပင်ကိုလေတိုက်လို့လှုပ်ပြီးမလဲမပြိုနေခြင်းသည်...သစ်ပင်ကထောက်ကန်ထားသည်မဟုတ်....သစ်ပင်

ကလှုပ်သည်မဟုတ်....သစ်ပင်က ပညတ်မျှသာဖြစ်ပြီးမထောက်ကန်/မလှုပ်နိုင်....ပရမတ်ဖြစ်သော

ဝါယောဓာတ်ကသာထောက် ကန်လှုပ်ရှားနေခြင်းဖြစ်သည် လူသည်လည်း စိတ္တဇ၀ါယော လှုံဆော်မှု့ကြောင့်

သွားနိုင်လာနိုင်လှုပ်ရှားနိုင်ခြင်းဖြစ်သည်

ပထ၀ီ...အာပေါ...၀ါယော...တေဇော တည်းဟူသော ဓာတ်လေးပါးလုံးသည် လက္ခဏာကွဲပြားသော်လည်း

သဘောသက်သက်သာရှိပါသည်......မိမိဥာဏ်ဖြင့် ပြတ်ပြတ်သားသား ကြေညက်စွာသိနေဖို့လိုပါသည်

အချုပ်အနေနဲ့.......မရှိတရားပညတ်ကတော့မြင်နိုင်ပေမယ်ပျောက်ပျက်တဲ့သဘောရှိပြီး........ရှိတရားကတော့

ပကတိမျက်စိနဲ့မမြင်နိုင်ပေမယ့် (ဥာဏ်မျက်စိနဲ့ မြင်နိုင်ပြီး) ဘဲ လုံးဝ ဖျောက်ဖျက်လို့မရနိုင်ပါဘူးဆိုတာပါပဲ

ဓာတ်ဆိုတာ သဘောတရားမည်ပါတယ်....သဘောတရားဆိုတာ ကိုင်တွယ်/ချိန်တွယ်/ရောင်အားဖြင့်

/ပုံအားဖြင့် ပြလို့မရလို့ ဘာမှမရှိပါ......ဘာမှမရှိလို့ပုဂ္ဂိုလ်သတ္တ၀ါမရှိပါ

ခန္မာမှာ...အထက်ဖော်ပြခဲ့တဲ့ ဓါတ်ကြီးလေးပါးအပြင် ၀ဏ္ဍဓါတ်....အဆင်းရုပ်

ဂန္မဓါတ်.....အနံ့ရုပ်
ရသဓါတ်...အရသာရုပ်
သြဇဓါတ်....သြဇရုပ်

ဆိုပြီး ဓါတ်လေးပါး ထပ်ပေါင်းပါဝင်ပါတယ်

Read More!

ဒါနအကြောင်း(၁)

တခါက ရဟန်းနှစ်ပါးရှိတယ်။ တစ်ပါးက "မိမိအားလျှူတန်းသော ဆွမ်းကို မိမိတန်သလောက်သာ လက်ခံ၍ ရောင်ရဲခြင်းကို ကျင့်ရာ၏" ဟူ၍ ရောင်ရဲခြင်းအကျင့်ကို ကျင့်ကြံတော်မူတယ်။ နောက်တစ်ပါးက "မိမိအားလျှူတန်းသောဆွမ်းအား အခြားသောရဟန်းများကို ဝေမျှလျှူတန်းခြင်းအားဖြင့်ဒါနအမူကိုလည်း ကျင့်ရာ၏" ဟူ၍ လျှူတန်းခြင်းဒါနကို အမြဲပြု၍ကျင့်ကြံတော်မူ၏။
ရဟန်းနှစ်ပါးဟာ နှစ်ခုစလုံးဟာ မြတ်သော အမူချည်းဖြစ်နေ၍၊တစ်ယောက်အယူကိုတစ်ယောက် ပြန်လည်မချေပနိုင်ကြပဲ၊ စုတိသောအခါ၊ နှစ်ယောက်စလုံး နတ်ပြည်မှာဖြစ်ကြ၍၊ လျှူတန်းခြင်းကို ပြုလုပ်ခဲ့တဲ့ ရဟန်းဟာ၊ မလျှူတန်းခဲ့တဲ့ရဟန်းထက် ပိုပြီး အဆောင်အရောင် အခြွေအရံ ပိုများတဲ့ နတ်သားဖြစ်ခဲ့ပါတယ်။

နတ်ပြည်မှ စုတေတော့ လျှူတန်းမူကို ပြုခဲ့တဲ့ ရဟန်းဟာမင်းရဲ့ သားတော်ဖြစ်ပြီး၊ လျှူတန်းမူ မပြုခဲ့တဲ့ ရဟန်းကတော့ မင်းအစေခံရဲ့ သားဖြစ်ကြပြီး၊ တခန်းထဲ အတူတူ အိပ်စက်စေခြင်းခံရချိန်မှာ..မင်းရဲ့ သားတော်ကထီးဖြူအောက်မှာလဲလျောင်းနေရာကနေ.."သူငယ်ချင်းမင်းရဟန်းဘ၀က...ငါပြောတာနားမထောင်ခဲ့လို့ ခုတော့ ထီးဖြူအောက်မနေရတော့ဘူး"လို့ ပြောပါတယ်။ အဲဒီမှာ "အမယ်...မင်းပြောတဲ့ ထီးဖြူဆိုတာလည်းဓာတ်ကြီးလေးပါးပါပဲကွာ" လို့ ပြန်ပြောပါတယ်။အဲဒီလို မွေးကင်းစ ကလေးနှစ်ယောက် အပြန်အလှန်ပြောနေကြတာကိုဘုရင့်သမီး အမတော်ကကြားတော့" ဘုရား..ဘုရား ကလေးနှစ်ယောက် ခုမှမွေးကင်းစ ရှိသေးတယ်။ဓာတ်တွေဘာတွေပြောနေကြပါလား။ သူများကြားသွားမှ ရူးနေကြတယ်ထင်ဦးမယ်။ မဖြစ်ချေဘူး"ဆိုပြီး၊အဲဒီအကြောင်းကို မြတ်စွာဘုရားစီသွားလျှောက်ထားတော့မှ...ဗုဒ္ဓကအတိတ်ဇာတ်ကြောင်းနဲ့ တကွ လျှူတန်းခြင်းရဲ့ အကျိုးများကို ခုလိုဟောပြောတော်မူခဲ့ပါတယ်...

လျှူတန်းခြင်း၏ အကျိုးများ
- ယခုဘ၀၌ ပင် လူအများ၏ ချစ်ခင်မြတ်နိုးမူကို ခံရခြင်း၊
-သူတော်ကောင်းတို့၏ ချီးမြှောက်မူကို ရရှိခြင်း၊ဂုဏ်သတင်းေးကျာ်ကြားခြင်း၊
ပရိသတ်အလယ်၌ ရဲရင့်ခြင်း
-သေလွန်သောအခါ၌သုဂတိသို့ ရောက်ရှိခြင်း
-ဖြစ်လေရာဘ၀တိုင်းတွင် အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ ချမ်းသာကြီးခြင်း
ခွန်အားကြီးခြင်း၊ အခြံအရံပေါများခြင်း စသောအကျိုးကျေးဇူးများခံစားရ၏။

လှူတန်းခြင်း(၃)မျိုး
-မိမိ၏ပိုင်ဆိုင်သောပစ္စည်းဒါန၊
-မိမိတတ်ထားသောလောကီအတတ်ပညာကိုသင်ကြားပေးလှူခြင်းဒါန၊
-မိမိသိထားသောလောကုတ္တရာဆိုင်ရာဓမ္မအသိကိုပေးလှူခြင်းဒါန၊

ဗုဒ္ဓအလိုကျဒါနပြုနည်း....
၁။ ဘုရား ၊ တရား ၊ သံဃာ အပေါ်၌ သဒ္ဓါတရားပြည့်ဝစွာလှူခြင်း၊
၂။အလှူခံပုဂ္ဂိုလ်အားရိုရိုသေသေလှူခြင်း၊
၃။အလှူခံပုဂ္ဂိုလ်၏လိုအပ်မှုကိုလှူခြင်း၊
၎။လှူပြီးဝတ္ထုကို မနှမျှောခြင်း၊
၅။မိမိအလှူကြောင့်အခြားသူတို့အားမထိခိုက်ခြင်း။

လှူတန်းပုံ (၈) မျိုး
၁။ အာသဇ္ဇဒါန - ရောက်ဆဲခဏ၌ ပေးလှူခြင်း၊
၂။ ဘယဒါန - သူတစ်ပါးတို့ ကဲ့ရဲ့ခြင်းဘေး ၊ အပါယ်ဘေးတို့ကို ကြောက်ရွံ့၍လှူခြင်း၊
၃။ အတီတာပေက္ခဒါန - ငါ့အား ပစ္စည်းဝတ္ထုကို ပေးဘူးသောသူဟု နှလုံးသွင်း၍ ပေးလှူခြင်း၊
၎။ အနာဂတာပေက္ခဒါန - ဤပုဂ္ဂိုလ်အား ယခုလှူလျှင် နောင်ငါ့အား တစ်စုံတစ်ခုသော ၀တ္ထုကို ပေးလတ္တံ့........ ဟုနှလုံးသွင်း၍ပေးလှူခြင်း၊
၅။ သာဟုဒါန - ဒါနဟူသည် ပညာရှိတို့ ချီးမွမ်းအပ်သောကြောင့် ကောင်း၏ဟု နှလုံးသွင်း၍ ပေးလှူခြင်း၊
၆။ နာရဟဒါန - စားနိုင်သောသူသည် ၊ မစားနိုင်သောသူ ( မစားရသူ ) အားမပေးပဲ မနေထိုက်ဟု ပေးလှူခြင်း ၊
၇။ အဗ္ဘုဂ္ဂစ္ဆဒါန - ဤအလှူကိုပေးလှူသည်ရှိသော် ကောင်းသောကျော်စောသံသည် လွှမ်းမိုး၍ တက်လတ္တံ့ .. ဟုနှလုံးသွင်း၍ပေးလှူခြင်း၊
၈။ စိတ္တာလင်္ကာရဒါန - ၀ိပဿနာ စိတ်၏တန်ဆာ အခြံအရံ အကျိုးငှာ ပေးလှူခြင်း။

ကာလဒါန ( ၅ ) ပါး
၁။ အာဂန္တုက ဒါန ... ဧည့်သည်ဖြစ်သော ရဟန်းကိုလှူခြင်း၊
၂။ ဂမိက ဒါန ... ခရီးသွားဖြစ်သော ရဟန်းကိုလှူခြင်း၊
၃။ ဂိလာန ဒါန ... နာဖျားသော ရဟန်းကိုလှူခြင်း၊
၎။ ဒုဗ္ဘိက္ခဒါန ... ငတ်မွတ်ရှားပါးသော ကာလ၌ လှူဒါန်းခြင်း၊
၅။ န၀သဿ န၀ဖလ ဒါန ... ကောက်ဦး ၊ သစ်သီးဦးတို့ကို လှူဒါန်းခြင်း။


အလှူခံပုဂ္ဂိုလ်(၁၄)ဦး
(၁)တိရစ္ဆာန်
(၂)သီလမရှိသောပုဂ္ဂိုလ်
(၃)သီလရှိသောပုဂ္ဂိုလ်
(၄)ဈာန်ရပုဂ္ဂိုလ်
(၅)သောတပတ္တိမဂ္ဂဠာန်ပုဂ္ဂိုလ်
(၆)သောတပတ္တိဖလဠာန်ပုဂ္ဂိုလ်
(၇)သကဒါဂါမိမဂ္ဂဠာန်ပုဂ္ဂိုလ်
(၈)သကဒါဂါမိဖလဠာန်ပုဂ္ဂိုလ်
(၉)အနာဂါမိမဂ္ဂဠာန်ပုဂ္ဂိုလ်
(၁၀)အနာဂါမိဖလဠာန်ပုဂ္ဂိုလ်
(၁၁)အရမာတ္တမဂ္ဂဠာန်ပုဂ္ဂိုလ်
(၁၂)အရမာတ္တဖလဠာန်ပုဂ္ဂိုလ်
(၁၃)ပစ္စေကဗုဒ္ဓါ
(၁၄)မြတ်စွာဘုရားရှင် တို့ဖြစ်ပါတယ် ။

အကျိုးကြီးသော ဒါနဖြစ်ရန် -
အလှုရှင်ဘက်မှရှိရမည့် အင်္ဂါရပ်(၃)ရပ်
(၁) မလှုမီ ရှေ့အဖို့က ကြိုတင်ဝမ်းမြောက်ခြင်း၊
(၂) လှုဆဲအခါမှာ စိတ်စေတနာကောင်းစွာ ကြည်လင်ခြင်း၊
(၃) လှုဒါန်းပြီးနောက် နှစ်သက်ဝမ်းမြောက်သောစိတ်ရှိခြင်း

အလှူခံဘက်မှရှိရမည့် အင်္ဂါရပ်(၃)ရပ်
(၁) ရာဂကင်းပြီးသူ (သို့မဟုတ်) ရာဂကင်းရန် ကျင့်ကြံအားထုတ်နေသူ ဖြစ်ခြင်း၊
(၂) ဒေါသကင်းပြီးသူ (သို့မဟုတ်) ဒေါသကင်းရန် ကျင့်ကြံအားထုတ်နေသူ ဖြစ်ခြင်း၊
(၃) မောဟကင်းပြီးသူ (သို့မဟုတ်) မောဟကင်းရန် ကျင့်ကြံအားထုတ်နေသူ ဖြစ်ခြင်း

အပြည့်အစုံအားဖြင့်-
(၁) အလှုဒါယကာ သီလရှိ၍ ကောင်းသော ကိုယ်ကျင့်တရားနှင့် ပြည့်စုံသူဖြစ်ခြင်း၊
(၂) အလှုခံပုဂ္ဂိုလ်ကလည်း သီလရှိ၍ ကောင်းသော ကိုယ်ကျင့်တရားနှင့် ပြည့်စုံသူဖြစ်ခြင်း၊
(၃) လှုဖွယ်ဝတ္ထုကလည်း တရားသဖြင့် ရှာမှီး၍ ရအပ်သည့် ဓမ္မိယလဒ္ဓပစ္စည်း ဖြစ်ခြင်း၊
(၄) ပေးလှုသူသည် စေတနာသုံးတန် ထက်သန်ခြင်း၊
(၅) ကံ, ကံ၏အကျိုးကို ယုံကြည်မှုသဒ္ဓါတရားနှင့် ပြည့်စုံခြင်း တို့ဖြစ်သည်။

Read More!

လယ်တီဆရာဘုရားကြီး၏ နေ့စဉ်ပွါးဂါထာတော်

နေ့စဉ်ပွားပါ ဤငါးဖြာ

၁။ ငါသည် အိုခြင်းသဘော ရှိသည်ဖြစ်၏။ အိုခြင်း သဘောတရားကို မလွန်ဆန်နိုင်။

၂။ ငါသည် နာခြင်းသဘော ရှိသည်ဖြစ်၏။ နာခြင်း သဘောတရားကို မလွန်ဆန်နိုင်။

၃။ ငါသည် သေခြင်းသဘော ရှိသည်ဖြစ်၏။ သေခြင်း သဘောတရားကို မလွန်ဆန်နိုင်။

၎။ ငါ့အား ခပ်သိမ်းသော နှလုံးကို ပွားစေတတ်သော အဆွေအမျိုး၊ အဆွေခင်ပွန်း၊ ချစ်ကျွမ်းဝင်သူတို့ နှင့်

အရပ်တစ်ပါးသို့ ပြောင်းသွားသဖြင့် ရှင်ကွဲ ကွဲရခြင်းသည် လည်းကောင်း၊ ဘ၀တစ်ပါးသို့  ပြောင်းသွားသဖြင့် သေကွဲ

ကွဲရခြင်းသည် လည်းကောင်း ဖြစ်တတ်ချေ၏။

၅။ ငါသည် ကံသာလျှင် မိမိဥစ္စာရှိသည်၊ ကံသာလျှင် အကြောင်းရင်းရှိသည်၊ ကံသာလျှင် အမွေခံရှိသည်၊ ကံသာလျှင်

အဆွေအမျိုးရှိသည်၊ ကံသာလျှင် ကိုးကွယ်လဲလျောင်းရာ ရှိသည် ဖြစ်၏။ ကောင်းသည်လည်း ဖြစ်သော၊

မကောင်းသည်လည်း ဖြစ်သော အကြင်ကံကို ပြုအံ့။ ထိုပြုသော ကောင်းမှု မကောင်းမှုကံ၏ ကောင်းမွေ

ဆိုးမွေခံသည်ဖြစ်ရအံ့။

လယ်တီဆရာတော်ဘုရားကြီး၏ ဆုံးမစာ

Read More!

လူ့ဘ၀ ရခိုက်လေးမှာ.......

ချစ်သားတို့၊ `သတ္တ၀ါအပေါင်းတို့သည် ပြုလုပ်အပ်သော အခွင့်ရှိ၏´ ဟူ၍ အကြားအမြင် ဗဟုသုတ မရှိသော ပုထုဇဉ်သည် ပြောဆိုနေတတ်ပေ၏။ ထိုသူသည် လုပ်ပိုင်ခွင့်ရှိသည်ကိုက၎င်း၊ အခွင့်မရှိသည်ကို၎င်း မသိချေ။
မြတ်သောအကျင့်ဖြင့်နေထိုင်ရင် အခွင့်မဟုတ်သော တရားတို့ကား ဤ ၈ မျိုးတို့တည်း .....

လောက၌ ဂုဏ်တော် ကိုးပါနှင့်ပြည့်စုံသော ဘုရားရှင်သည် ပွင့်ထွန်းပေါ်လာ၏၊ ကိလေသာမီးငြိမ်းစေခြင်းကိစ္စကိုလည်း ဆောင်ရွက်ပေးတော်မူ၏။
နိဗ္ဗာန်ရောက်ကြောင်း အကျင့်မြတ်တို့ကိုလည်း ဟောဖော်ညွှန်ပြပေး၏ ......
၁၊ ထိုပုဂ္ဂိုလ်သည်ကား ငရဲသို့ ရောက်နေ၏။

၂၊ ထိုပုဂ္ဂိုလ်သည်ကား တိရစ္ဆာန်ဘ၀သို့ ရောက်နေ၏။

၃၊ ထိုပုဂ္ဂိုလ်သည်ကား ပြိတ္တာဘ၀သို့ ရောက်နေ၏၊

၎၊ ထိုပုဂ္ဂိုလ်သည်ကား သက်တမ်းအလွန်ရှည်သော အသညသတ်ဗြဟ္မာပြည်သို့ ရောက်နေ၏၊

၅၊ ထိုပုဂ္ဂိုလ်သည်ကား တိုင်းစွန်ပြည်စွန် ဇနပုဒ်အရပ်၌ လူဖြစ်နေ၏၊ လူရိုင်းမျိုတို့းတွင် ဖြစ်နေ၏၊

၆၊ ထိုပုဂ္ဂိုလ်သည်ကား မှားယွင်းတဲ့ခံယူချက်၊ ဖောက်ပြန်တဲ့ ဒဿနအမြင်ရှိသူ ဖြစ်နေ၏၊

၇၊ ထိုပုဂ္ဂိုလ်သည်ကား ပညာမရှိသူ၊ မိုက်မဲသူ၊ ဆွံ့အသူ ဖြစ်နေ၏၊

၈၊ ထိုပုဂ္ဂိုလ်သည်ကား မဇ္ဈိမတိုင်းတွင် မွေးဖွားလာ၏၊ ပညာလည်းရှိ၏ မိုက်မဲမှုလည်းမရှိ၊ ဆွံ့အသူလည်း မဟုတ်၊ ကောင်းစွာပြောအပ်သောစကား မကောင်းစွာပြောကြားအပ်သော စကားတို့ကိုလည်း ကောင်းမွန်စွာသိ၏၊ သို့ရာတွင် ဘုရားရှင်သည်ကား ပွင့်ထွန်းမပေါ်လာပေ၊ လောကမှ လွတ်မြောက်ရာ တရားတော်များကိုလည်း မဟောကြားပေ။

(အင်္ဂုတ္ထိုရ်၊ တတွဲ၊ pg 60၊ အက္ခဏသုတ်)

Read More!

ဘ၀ဆည်းဆာနှင့်ကျင့်စဉ်တရား

အရေးအကြီးဆုံးအလုပ်

အရေးအကြီးဆုံးက ရုပ်နာမ်တရားကို အမှန်သိအောင်ရှုမှတ်နေဖို့ပါပဲ

ဘယ်လောက်ပဲ စားရစားရ တစ်ဝမ်းဝရုံပဲ။

ဘယ်လောက်ပဲ ၀တ်ရ၀တ်ရ အရေပြားဖုံးရုံပဲ။

ဘယ်လောက်ပဲ အိပ်ရအိပ်ရ တစ်ကိုယ်စာကလေးပဲ။

သတိပဌာန်အမှတ်နှင့်နေမှ အသေတတ်အသေကောင်းမည်။

အသေတတ်အသေကောင်းမှ ဘ၀ကူးဂတိ အထူးကောင်းမည်။

အမှန်တရားလက်ကိုင်ထား မလားအပါယ်သေချာတယ်။


တစ်ကြောင်းတည်းသောလမ်း

စိတ်အညစ်အကြေးများ ကင်းဝေးစင်ကြယ်ရန်

စိုးရိမ်ပူဆွေး ငိုကြွေးတို့ကို လွန်မြောက်စေရန်

ကိုယ်ဆင်းရဲ စိတ်ဆင်းရဲခြင်းတို့ ချုပ်ငြိမ်းရန်

မဂ်ဉာဏ်ဖိုလ်ဉာဏ် နိဗ္ဗာန်ကိုမျက်မှောက်ပြုရန်

တစ်ကြောင်းတည်းသော လမ်းမှန်သည်ကား

သတိပဌာန် ၀ိပဿနာလမ်းပင်တည်း။


အထက်ဆုံးလက်နက်

အဏုမြူထက် အစွမ်းထက်တာ စိတ်တန်ခိုး၊

စိတ်တန်ခိုးကို အထိရောက်ဆုံးအသုံးချတာ ၀ိပဿနာ၊

ဝိပဿနာရှုပွားပါက

ရောဂါပျောက်ကင်း၊ စိတ်ညစ်ကင်း၊ လက်ငင်းချမ်းသာသည်။

ကာယစိတ္တ၊ သုခလွန်ဘိ၊ သန္တိချမ်းသာ၊

မဂ်ဖိုလ်ပါ သေချာရလိမ့်မည်။


ဓမ္မောသဓဆေး

ရောဂါနှစ်သင်း ပျောက်ကင်းလိုလျှင်

ရှင်တော်ဖော်ပေး တရားဆေးကိုပင်

ရှုမှတ်ပွားများ သောက်ငြားတွင်တွင်

အမှန်မလွဲ ပျောက်မြဲရောဂါစင်

ဘေးဘယ အေးမြစိတ်ကြည်လင်။


*ရုပ်ကိုသာပြင် နာမ်မပြင်၊ ရုပ်သွင်မလှ နာမ်မလှ။

နာမ်ကိုသာပြင် ရုပ်မပြင်၊ နာမ်စဉ်လည်းလှ ရုပ်လည်းလှ။

နာမ်ဓာတ်ပေါ်တွင် ဉာဏ်ဓာတ်ယှဉ်၊ လိုလျှင်ခဏ နိဗ္ဗာန်ရ။

*ရုပ်လှ စိတ်လှ အလှနှစ်သွယ်၊ ဘယ်အလှကိုပြင်ကြမယ်။

ရုပ်အလှပြင်က အပါယ်ကျ၊ စိတ်အလှပြင်က နိဗ္ဗန်ရ။

မမှားရအောင် သတိဆောင်၊ ယောဂီမောင်မယ် ပြင်ကြစိတ်ကိုကွယ်။


ဝိပဿနာတရားရဲ့အကျိုးကျေးဇူး

ညည်းညူမရှိ၊ သတိမမေ့၊ချိန်နေ့သိပြန်၊

မျက်လန်ကြောဆွဲ၊ မရှိဘဲနှင့်၊

သေလည်းမတောင့်တင်း၊ ပုပ်နံ့ကင်းသည်၊

ကျိုးရင်းဝိပဿနာ၊ တန်ခိုးတည်း။


သတိပဌာန်ဝန်ခံချက်

သတိပဌာန် စမ္မစက်ကို ၀န်ခံချက်နှင့် တို့မြတ်စွာ၊

ဟောမိန့်ပုံမှာ ထိုတရားကိုဖြစ်ပွားစေတဲ့ ရှင်လူမှာ၊

အလွန်ကြာလျှင် ခုနစ်နှစ်နှင့် ရဟန္တာစစ်ဖြစ်နိုင်တာ၊

စွဲမူကျန်တောင် နာဂါမ်လောက်တော့ ဆိုက်ရောက်မယ်တဲ့ ဧကန်ပါ။

မြန်သူဆိုလျှင် ခုနစ်ရက်နှင့် ထိုမဂ်ဖိုလ်ကို ရနိုင်မှာ၊

ရဲဝံ့ခိုင်မာ ၀န်ခံချက်နဲ့ ဓမ္မစက်ကိုဟောခဲ့တာ၊

နိဗ္ဗာန်လိုသူ မယုံမှားနဲ့ မြတ်ဘုရားကို ယုံကြည်ပါ။

သတိပဌာန် ကိုယ့်သန္တာန် အမြန်ပွားစေရာ၊

သို့ပွားစေမှ နိဗ္ဗာန်ရ မုချအေးငြိမ်းမှာ။


သီလက မဆောင်နှင်းပေးနိုင်သော ပစ္စည်းဥစ္စာဟူသည်မရှိ။

ခန္တီမေတ္တာတို့က မတွန်းလှန်နိုင်သော ဘေးရန်အန္တရာယ်ဟူသည်မရှိ။

ဇွဲဝီရိယက အအောင်မြင်သော အရေးကိစ္စဟူ၍လည်းမရှိချေ။



ဤကိုယ်ကာယ၊ တစ်လံမျှ၌၊ နှစ်ဝနာမ်ရုပ်၊ ဖြစ်၍ချုပ်၏။

ရုပ်နာမ်နှစ်ပါး၊ အလွတ်ထား၍၊ ဤကားလိပ်ပြာ၊ ဤကားငါနှင့်

ဤမှာဇီဝ၊ ဤအတ္တဟု၊ ညွှန်ပြဖို့ရာ၊ မရှိပါသည်၊

ခန္ဓာနာမ်ရုပ်မျှပါတကား။

နာမ်ရုပ်တရား၊ ဤနှစ်ပါးလည်း၊ ရှည်လျားကာလ၊ မတည်ကြဘဲ၊

ခဏဖြစ်လျက်၊ ခဏပျက်၍၊ နှိပ်စက်ခြင်းရာ၊ လိုမပါဘူး၊

သဘာဝအား၊ ဤသုံးပါးကြောင့်၊ ဖြစ်ပွားသမျှ၊ အနိစ္စသည်၊

ဒုက္ခအနတ္တပါတကား။



ငါးပါးအာရုံဘင်အစု၊ ခင်မူနဲ့နေ့ကုန်၊

နင်ယခုမေ့ပုံလို တွေ့မကြုံစခန်း၊

ပါယ်လေးဝသောကဘုံမှာ၊ မျောရရုံရှိတော့ခမန်း၊

အောက်ဝီစိသောင်းအငူမှာ၊ ခေါင်းမပြူစတမ်း၊

နှစ်အရှည် နစ်မည့်လမ်းကိုလ၊ နင်မျှော်စမ်းနင့်ကို

လယ်တီဆရာတော်



စိတ်အညစ်ကြေးကို ကင်းစေလို၊ သတိပဌာန်လမ်းကို လိုက်ရမယ်။

ပူဆွေးမူကို လွန်မြောက်လို၊ သတိပဌာန်လမ်းကို လိုက်ရမယ်။

ငိုကြွေးမှုကို လွန်မြောက်လို၊ သတိပဌာန်လမ်းကို လိုက်ရမယ်။

ကိုယ်ဆင်းရဲကို ချုပ်ငြိမ်းလို၊ သတိပဌာန်လမ်းကို လိုက်ရမယ်။

စိတ်ဆင်းရဲကို ချုပ်ငြိမ်းလို၊ သတိပဌာန်လမ်းကို လိုက်ရမယ်။

အရိယာမဂ်ကို ရချင်လို၊ သတိပဌာန်လမ်းကို လိုက်ရမယ်။

နိဗ္ဗာန်နန်းကို ရောက်ချင်လို၊ သတိပဌာန်လမ်းကို လိုက်ရမယ်။


ပစ္စည်းရှာအလုပ်နှင့်၊ နေ့ပုပ်လို့ရက်ကုန်၊

နစ်မျောလို့ အသက်ကုန်တယ်၊ တွက်ပုံဖြင့်မကောင်း၊

ခုလိုနှင့် သံသာဗွေမှာ၊ ခန္ဓာတွေ များခဲ့စကောင်း။

အသက်မွေးမှုစခန်းပိုအောင်၊ ၀မ်းကိုသာနင်ကျောင်း။

လေးဆယ်ကျော်အရွယ်နှောင်းခါမှ၊ သူကြွယ်လောင်းလုပ်ချင်။

မိုးကုန်ပြီ ထွန်မချချင်နှင့်၊ရွံစရာများဖို့ဖြစ်အင်။ ။

နွားအိုကြီး အမော့သင်သလို၊ မလျှော့လျှင် ဘ၀ဆုံးရှာတော့၊

အစတုံးနင့်အဆင်၊ လွဲဖို့သာပြင်၊ တရားသို့မသက်ဝင်လျှင်၊

အခက်နင်ကြုံတွေ့လိမ့်လေး………..တဲ့။ ။


ဂန္ဓာရုံဆရာတော်ရဲ့ လင်္ကာ

အိုးမဖုတ်ခင် အိုးလုပ်စဉ်ဝယ်

အိုးတွင်နှိပ်ခတ် တံဆိပ်မှတ်က

မပြတ်မစဲ အိုးပင်ကွဲလည်း

အမြဲမသွေ တည်ရှိနေသို့

ထိုထိုသွေးသား ကလေးများသို့

ဘုရားတံဆိပ် ဘာသာစိတ်ကို

ခပ်နှိပ်နိုင်မှ သက်ဆုံးကျအောင်

ဗုဒ္ဓ၀ါဒီ စွဲ၍တည်မည်

ကိုယ်စီတံဆိပ် ခပ်နှိပ်သောဝ်။ ။

Read More!

စင်္ကာပူတွင် ကျင်းပသော ဆရာတော်အရှင်ပုညနန္ဒ၏ တရားပွဲတွင်ဖြန်.ဝေသော တရားဓမ္မများ








Read More!

သဲအင်းဂူဆရာတော်-မဂ်ပေါက်ဖိုလ်ဝင်နိဗ္ဗာန် အမြင်(၄)
























































Read More!

  © Blogger template 'Fly Away' by Ourblogtemplates.com 2008

Back to TOP