၂၄ပစ္စည်း-ပဠာန်းရုပ်ပြစုံ



























ဟေတုပစ္စယော = ဟိတ်ခြောက်ပါးဖြစ်၍ ပစ္စယုပ္ပန်တရားတို့အား အမြစ်သဖွယ် ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(ရေသောက်မြစ်လျှင်၊ ယင်းသစ်ပင်ကို၊ စည်ပင်စေမှု၊ ကျေးဇူးပြု၊ ဟေတုပစ္စည်းခေါ်)

အာရမ္မဏပစ္စယော = အာရုံခြောက်ပါးဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(တောင်ဝှေးကြိုးတန်း၊ သူမစွမ်းကို၊ မပန်းစေရစေ၊ ထိုင်ထစေမှု၊ ကျေးဇူးပြုပြန်၊ အာရမ္မဏခေါ်)

အဓိပတ္တိပစ္စယော = အကြီးအမှူးဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(စကြာမင်းရှင်၊ အုပ်စိုးသွင်သို့၊ ပြိုင်ရှင်မရှိ၊ စိုးအုပ်ဘိ၊ အဓိပတိခေါ်)

အနန္တရပစ္စယော = အခြားမဲ့ (တဆက်တည်း အကြားမရှိ) ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(စကြာမင်းဖျား၊ နတ်ရွာလားသော်၊ သားကြီးနန်းရ၊ ဖြစ်ရပမာ၊ ခြားရာမရှိ၊ ကျေးဇူးရှိ)

သမနန္တရပစ္စယော = ကောင်းစွာ အခြားမဲ့ (တဆက်တည်း အကြားမရှိ) ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(စကြာမင်းဖျား၊ တောထွက်သွားသော်၊ သားကြီးနန်းရ၊ ဖြစ်ရပမာ၊ ခြားရာမရှိ၊ ကျေးဇူးရှိ)

သဟဇာတပစ္စယော = အတူတကွ ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း၊
(ဆီမီးတောက်သော်၊ အလင်းပေါ်သို့၊ ထို့တူတသီး၊ ပစ္စည်းပစ္စယုပ္ပန်၊ အတူဖြစ်ဟန်ကို)

အညမညပစ္စယော = အချင်းချင်းအပြန်လှန် ကျေးဇူးပြုတတ်သော တရားလည်းကောင်း၊
(သစ်သားသုံးခွ၊ ချင်းချင်းမသို့၊ အညမညံ၊ ပြန်လှန်သမှု၊ ကျေးဇူးပြု)

နိဿယပစ္စယော = မှီရာဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း၊
(သစ်ပင်တည်ရာ၊ မြေပမာလျှင်၊ မှီရာတည်မှု၊ ကျေးဇူးပြု)

ဥပနိဿယပစ္စယော = အားကြီးသော အကြောင်းဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(မိုးကြီးပမာ၊ သတ္တဝါတွေ၊ တည်နေနိုင်မှု၊ ကျေးဇူးပြု၊ ဥပနိဿယခေါ်)

ပုရေဇာတပစ္စယော = ရှေး၌ ဖြစ်နှင့်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(ကမ္ဘာဦးက၊ နေနှင့်လသို့၊ ရှေ့ကဖြစ်လာ၊ နောက်ကဖြစ်လာသည့်၊ တရားစုစု၊ ကျေးဇူးပြု)

ပစ္ဆာဇာတပစ္စယော = နောက်၌ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(လင်းတငယ်သော်၊ အစာမျှော်သို့၊ နောက်ပေါ်လာသည့်၊ ပစ္စည်းတရားစု၊ ကျေးဇူးပြု)

အာသေဝနပစ္စယော = အဖန်တလဲလဲ မှီဝဲထုံအပ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(ရှေးရှေးထုံထား၊ နံ့သာလားသို့၊ ရှေ့ဖျားကျမ်းဂန်၊ လေ့လာသန်လပ်၊ နောက်ထပ်ကျမ်းဂန်၊ အမြင်သန်သည်၊ ဧကန်အာသေဝနသဘောတည်း။)

ကမ္မပစ္စယော = အကြောင်းကံဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(မျိုးစေ့အလား၊ ပမာထား၍၊ နှစ်ပါးသောကံ၊ အခြေခံကာ၊ ဝေဘန်သမှု၊ ကျေးဇူးပြု)

ဝိပါကပစ္စယော = အကျိုးဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(ချမ်းရိပ်နားနေ၊ သွန်းလေပြေသို့၊ ကံနေအလား၊ အဖြစ်များမှု၊ ကျေးဇူးပြု)

အာဟာရပစ္စယော = ထောက်ပံ့ ခိုင်ခံစေတတ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(အိမ်ကို ကျားကန်၊ ဖြစ်ရဟန်သို့၊ သဏ္ဍာန်တူစွ၊ ထောက်ပံ့မသည့်၊ အာဟာရဖြစ်မှု၊ ကျေးဇူးပြု။)

ဣန္ဒြိယပစ္စယော = အစိုးရသည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(မိမိဆိုင်ရာ၊ ကိစ္စမှာလျှင်၊ ကောင်းစွာစိုးရ၊ ဖြစ်ရစင်စစ်၊ ပဒေသရာဇ်၊ စိုးအုပ်လှစ်သို့)

ဈာနပစ္စယော = ကမ္မဋ္ဌာန်းအာရုံသို့ကပ်၍ စူးစူးစိုက်စိုက် ရှုတတ်သည်၏ အဖြစ်ဖြင့် ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(သစ်ပင်တောင်ငူ၊ တတ်သသူသည်၊ အောက်သူတို့အား၊ ကြည့်ပြောငြားသို့။)

မဂ္ဂပစ္စယော = သံသရာမှ ထွက်မြောက်ကြောင်းနည်းလမ်းဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(ပမာကူသို့၊ ဆောင်ယူပို့သို့၊ ထို့တူနိဗ္ဗာန်၊ ရောက်ကြောင်းမှန်ပြု၊ ကျေးဇူးပြု။)

သမ္ပယုတ္တပစ္စယော = ယှဉ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(စတုမဓူ၊ ရောသည့်တူပေ၊ စိတ်စေနှစ်ပါး၊ ခွဲခြားမရ၊ ယှဉ်ကြသမှု၊ ကျေးဇူးပြု။)

ဝိပယုတ္တပစ္စယော = မယှဉ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(ရသခြောက်ပါး၊ ရောစပ်ထားသို့၊ ခြားနားမတူ၊ ဖြစ်ဟန်မူသို့၊ ထို့တူမခြား၊ ကျေးဇူးပြု။)

အတ္ထိပစ္စယော = ထင်းရှားရှိဆဲဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(မြင့်မိုရ်မြေကြီး၊ ထောက်ပံ့နည်းသို့၊ ပစ္စည်းသတ္တိ၊ ကျေးဇူးရှိ၊ အတ္ထိပစ္စည်းခေါ်။)

နတ္ထိပစ္စယော = မရှိသည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(ငြိမ်းသေလေပြီး၊ ဆီမီးတန္တု ကျေးဇူးပြုသို့၊ ထို့တူမှတ်ဘိ၊ မရှိသမှု၊ ကျေးဇူးပြု။)

ဝိဂတပစ္စယော = ကင်းမဲ့ချူပ်ပျောက်သည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(နေရောင်ပျောက်ကင်း၊ လရောင်လင်းသို့၊ ချုပ်ကင်းလေမှု၊ ကျေးဇူးပြု။)

အဝိဂတပစ္စယော = မကင်းသည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(သမုဒ္ဒရာ၊ ငါးပျော်ရာသို့၊ မကင်းသောအား၊ ယင်းတရားစု၊ ကျေးဇူးပြု။)

ဣတိ၊ ဤသို့။ စတုဝီသတိ ပစ္စယာ၊ နှစ်ဆယ့်လေးပစ္စည်းတို့သည်။ မဟာပကရဏေ၊ အနန္တနယ သမန္တ မဟာပဋ္ဌာန်းကျမ်းကြီး၌။ ဌိတာ၊ တည်ကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။

Read More!

တဏှာနှင့်ဆန္ဒမတူပုံရှင်းလင်းချက်


အလိုရှိလျှင် ရှာမှီရမြဲ ဖြစ်ရကား လိုလားအပ်သော အာရုံကို ရှာမှီခြင်းသည် ဆန္ဒ၏ကိစ္စဖြစ်ပါတယ်။ ဆန္ဒရဲသဘော ဥပမာကတော့ ထမင်းဆာလို့ ထမင်းစားလိုက်တယ်၊ ရေဆာလို့ရေသောက်လိုက်တယ်၊ ဆီးသွားချင်လို့ ဆီးသွားလိုက်တယ် ဒီထိက ဆန္ဒရဲ့သဘောပဲ ရှိပါသေးတယ် နောကျမှ စားတဲ့ သောက်တဲ့ အပေါ်မှာ တဏှာစိတ်တွေ၊ ဒေါသစိတ်တွေ ဖြစ်လာရင်တော့ လောဘဖြစ်သွားပါတယ်။ လောက၌ လောဘနေယျအာရုံ ကာမဂုဏ်ကို ရှာမှီမှုမှ တစ်ပါး တရားရှာမှု ပညာရှာမှု နိဗ္ဗာန်ကို လိုချင်တောင့်တမှုများသည် ဆန္ဒ၏ သဘောကိစ္စချည်းသာ ဖြစ်သည်။ လောဘနေယျ အာရုံ ကာမဂုဏ်ကို အလိုရှိရာတွင် လောဘက ပြဋ္ဌာန်းသောကြောင့် လောဘအာရုံကို ဆန္ဒက လိုက်လျောရသည်။ လောဘနေယျအာရုံပင် ဖြစ်စေကာမူ သူတစ်ပါးအား လှူဒါန်းလို ချီးမြောက်လို၍ ပစ္စည်းဥစ္စာကို ရှာဖွေသိမ်းဆည်း၍ ငြိကပ်တွယ်တာ တဏှာသဘော မပါသူတို့အတွက်မှာ ဘောဘသဘောမဟုတ်၊ ဆန္ဒသဘောသာ ဖြစ်သည်။ ဥပမာ မြားပုံကြီးကို အနားထား၍ မြားပစ်သော လေးသမားသည် မြှားတို့ကို ကောက်၍ ယူသော်လည်း ထိုမြားပေါ်တွင် ငြိကပ်တွယ်တာမှု သဘောမပါသလိုပင် ဖြစ်ပါတယ်။
လိုချင်တပ်မက်တဲ့ လောဘဟာ သမုဒယသစ္စာပါ၊ သမုဒယသစ္စာဆိုတာ ဆင်းရဲကို ဖြစ်ပေါ်စေတဲ့ အကြောင်းပါပဲ။ ဆင်းရဲမှန်သမျှ လောဘကြောင့် ဖြစ်တာချည်းပါပဲ။ ဆယ်တန်းစာမေးပွဲမှာ ဒီ ငါးလုံး၊ ခြောက်လုံး ပါမယ်လို့ မျော်လင့်ထားပြီး ဒီ နှစ်လုံးပဲ ပါလို့ ချုံးချငိုတာဟာ ပညာရေး အဆင်မြင့်ကို လိုချင်တပ်မက်တဲ့ လောဘကြောင့် ဖြစ်တဲ့ ဆင်းရဲဆိုတာ ထင်ရှားပါတယ်။
(သဂြုင်္ိဘာသာဋီကာ၊ စာ-၁၇၁)

တရားကို ကျင့်ကြံ အားထုတ်နေသူများအတွက် ထပ်ဆင့် ရှင်းပါအုံးမယ်။

ကုသိုလ်ဆိုရာမှာလည်း လောကီကုသိုလ်နှင့် လောကုတ္တရာကုသိုလ်နှစ်မျိုးရှိပါတယ်။
ဗုဒ္ဓအဘိဓမ္မာအရကတော့ သမထကုသိုလ်နဲ့ ၀ိပဿနာ ကုသိုလ်တွေဟာ လောကီကုသိုလ် တွေပါပဲ လောကုတ္တရာ စင်စစ်ဖြစ်တဲ့ မဂ်ညဏ်ဖိုလ်ညဏ် နိဗ္ဗာန်မှ တစ်ပါး ဒါန၊ သီလ၊ ဘာဝနာ စတဲ့ ကုသိုလ်အားလုံးဟာ လောကီကုသိုလ်တွေပါပဲ။ အဘိဓမ္မာသဘောအရ လောကီကုသိုလ်ကို လောဘက အာရုံပြုနိုင်ပါတယ်။ အာရုံပြုနိုင်တယ်ဆိုရာမှာလည်း နှစ်မျိုးရှိပါတယ်။ ပထမတစ်မျိုးကတော့ ဒါန၊ သီလ၊ ဘာဝနာ၊ ဝေယျာဝစ္စ၊ ဓမ္မဿဝဏ၊ ဓမ္မဒေသနာ စတဲ့ ပုညကြိယ၀တ္ထုတွေကို ပြုတဲ့ ပုဂ္ဂိုလ်တွေဟာ မိမိတို့ ပြုတဲ့ ကုသိုလ်တွေကို ကြည်နူး ၀မ်းမြောက်နေတတ်ကြပါတယ်၊ ဒါတွေကတော့ ပီတိပါမောဇ္ဇကုသိုလ်တွေပါ တစ်ချို့ကျတော့ အဲ့ဒီ ကုသိုလ်တွေကို ကြည်နှုးဝမ်းမြောက်မှုထက် ပိုပြီး သာယာနေတတ်ကြပါတယ် နိကန္တိခေါ်တဲ့ သိမ်မွေ့တဲ့ လောဘပါပဲ။ သမထ ကမ္မဋ္ဌာန်း အားထုတ်သူများဟာလဲ မိမိ ဈာန်ရတဲ့အခါမှာ ကိုယ်တွေ့ ခံစားနေရတဲ့ ခံစားထားရတဲ့ ဈာန်ချမ်းသာတွေကို သယာနှစ်သက်နေတတ်ပါတယ် အဲ့ဒါဟာ လောဘပါပဲ ၀ိပဿနာအားထုတ်သူကလဲ မိမိကိုယ်တိုင် တွေ့သိထားတဲ့ ကောင်းတဲ့ တရားအတွေ့ကလေးတွေကို သဘောကျနေတတ်ပါတယ် နိကန္တိခေါ်တဲ့ သိမ်မွေ့တဲ့ လောဘပါပဲ။
ဒုတိယ အမျိုးအစားကတော့ ကိုယ်မပြုဘူးသေးတဲ့ ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်များကို ပြုဖို့ရာ စိတ်ထဲမှာ စွဲလမ်းတောင့်တနေမှုပါပဲ၊ သမထ အားထုတ်သူများ အနေနဲ့လည်း မိမိမရဘူးသေးတဲ့ အထက်အထက် ဈာန်အဘိညဏ်တွေကို ရဖို့ရာ စိတ်ထဲမှာ စွဲလမ်းတောင့်တနေတတ်ပါတယ်၊ ၀ိပဿနာ အားထုတ်သူများ အနေနဲ့လဲ မိမိမရဘူးသေးတဲ့ အထက်အထက် ၀ိပဿနာ တရားများကို ရလိုစိတ် ပြင်းထန်ပြီး စွဲလမ်းတောင့်တနေတတ်ပါတယ်။ ဒါတွေဟာ လောကီကုသိုလ်တွေကို လောဘက အာရုံပြုတာတွေပါပဲ။
လောကုတ္တရာဖြစ်တဲ့ မဂ်စစ် ဖိုလ်စစ် နိဗ္ဗာန်စစ် ကိုတော့ လောဘက အာရုံမပြု ဘာကြောင့်လဲဆိုတော့ နိဗ္ဗာန်ဟာ တဏှာကင်းဝေးရာဖြစ်တယ် တဏှာတွေကျက်စားရာနေရာ မဟုတ်လို့ပါ နောက်ပြီး လောဘနဲ့ အာရုံပြုနေသူရဲ့ သန္တာန်မှာ ကိုယ်တွေ့ ရထားတဲ့ မဂ်အသိဖိုလ်အသိနဲ့ ညဏ်တွေ မျက်မှောက်ထင်ထင် သိမြင်ထားတဲ့ ဆင်းရဲငြိမ်းတဲ့သဘာဝ နိဗ္ဗာန်စစ်စစ်ကို မရသေး မရှိသေးလို့ပါပဲ။ ဒါကြောင့် တဏှာလောဘ ရှိနေသေးသမျှ နိဗ္ဗာန်ကို မရနိုင်ပါဘူး ။ လောဘဟာ သယာဖွယ်ခံစားရတဲ့ သဘာဝကိုပဲ ကြိုက်နှစ်သက်တယ် နိဗ္ဗာန်မှာ လောဘကြိုက်တဲ့ သာယာဖွယ်ခံစားရတဲ့ သဘာဝမျိုး လုံးဝမရှိပါဘူး။ တရားရှု့မှတ်စဉ်မှာ တဏှာလောဘတွေနဲ့ နိဗ္ဗာန်ကိုလိုချင်စောနဲ့ အားထုတ်နေရင် နိဗ္ဗာန်နဲ့ ဝေးရာကို သွားနေတယ်လို့ မှတ်ပါ။ ဆရာတော်တွေရဲ့ ဆုံးမစကားလေးရှိပါတယ် ရအောင်မလုပ်နဲ့ လုပ်ရင်တော့ရပါတယ် နောက်ဥပမာတစ်ခုကတော့ သစ်ပင် ရှင်သန်ကြီးထွားအောင် ကျနောတို့ လုပ်လို့မရပါဘူး သစ်ပင်မသေအောင် ပေါင်းမြက်သင်းပြီး ရေလောင်းပေးရမှာက ကျနောတို့ အလုပ် သစ်ပင် ကြီးထွားမှာက သဘာဝအလုပ်ပါ ကျနောတို့လဲ ရှု့မှတ်နေရာမှက ကျနောတို့အလုပ် မဂ်ရ မရက ဓမ္မအလုပ် ဓမ္မကိုသာ လွဲထားပေးလိုက်ပါ။

(မဇ္စိုမနိကာယ်၊ ဥပရိပဏ္ဏသ ပါဋ္ဌိတော်၊ သဋ္ဌာယတန၀ိအရဟတ္တဖိုလ် ဘင်္ဂသုတ်) မှာ နေက္ခမ္မဿိတ ဒေါမနဿ (၀ိပဿနာကို မှီတဲ့ ဒေါမနဿ) ခြောက်မျိုးအကြောင်းကို မြတ်စွာဘုရား ဟေားကြားတော်မူတော့ ၀ိပဿနာရှုတဲ့ ပုဂ္ဂိုလ်ဟာ “ယခုအခါ ရဟန္တာအရှင်မြတ်များ အရဟတ္တဖိုလ်သို့ ဆိုက်ရောက်လျက် နေတော်မူကြတယ် ငါဟာ ဘယ်အခါများမှ အရဟတ္တဖိုလ်သို့ ရောက်လျက် နေရပါမည်လဲ။” ဟု အရဟတ္တဖိုလ်၌ လိုချင်တောင့်တမှုကို ဖြစ်ပေါ်စေတယ်။ ထိုပုဂ္ဂိုလ်အား လိုချင်တောင့်တမှုကြောင့် စိတ်မချမ်းသာခြင်း ဒေါမနဿဖြစ်၏လို့ ဟောတော်မှုတယ်။ ဒီ ဒေသနာတော်မှာ အရဟတ္တဖိုလ်ကို လိုချင်တောင့်တမှု လောဘဖြစ်တယ်လို့ အဓိပ္ပါယ် ကောက်ယူရမလို ဖြစ်နေပါတယ်။
ဒါကို ဥပရိပဏ္ဏသဋီကာ (မ-ဋီ ၄၊ ၃၈၃) မှာ ရှင်းပြထားပါတယ်။ ရရှိအပ်သော အရဟတ္တဖိုလ်သည် လိုချင်တောင့်တမှု လောဘ၏ အာရုံမဖြစ်ပေး။ ရရှိထားအပ်သော အရဟတ္တဖိုလ်ကို အာရုံပြု၍ လိုချင်တောင့်တမှု မဖြစ်ပေ။ စင်စစ်မူ တစ်ဆင့်ကြားဖြင့် ရအပ်သော ကြံစည်စဉ်းစားခြင်းဖြင့် ပြီးသော အရဟတ္တဖိုလ်ကို ရည်ရွယ်၍ လိုချင်တောင့်တမှုသည် ဖြစ်ပေါ်၏ ထို့ကြောင့်ပင် မြတ်စွာဘုရားရှင်က ၀ိပဿနာရှုသူမှာ “ငါဟာ ဘယ်အခါများမှ အရဟတ္တဖိုလ်ကို ရောက်လျက် နေရပါမည်လဲ” လို့ လိုင်ချင်တောင့်တမှု ဖြစ်ကြောင်း မိန့်တော်မူခြင်း ဖြစ်သည်။
ဒီဃာနီကာယ်၊ သုတ်မဟာဝါဋီကာ၊ သက္ကပဉ္ဖသုတ် အဖွင့် (ဒီ-ဋီ ၃၊ ၂၆၅) မှာလဲ “ရရှိထားသော အရဟတ္တဖိုလ်ကို အာရုံပြုသည်၏ အစွမ်းအားဖြင့် ထိုအရဟတ္တဖိုလ်၌ လိုချင်တောင့်တမှု ဖြစ်သည်ဟု မမှတ်ယူအပ်ပေ။ အဘယ်ကြောင့်ဆိုသော် လိုချင်တောင့်တမှုလောဘ၏ အရာမဟုတ်သောကြာင့် တစ်ကြောင်း၊ အရဟတ္တဖိုလ်ကို မရသေးသောကြောင့် တစ်ကြောင်းဖြစ်သည်။” တစ်ဆင့်ကြားဖြစ်သော အရဟတ္တဖိုလ်ကို ရည်ရွယ်ပြီး လိုချင်တောင့်တမှု ဖြစ်ပေါ်သည် ဟု မိန့်တော်မူခြင်း ဖြစ်၏ လို့ ရှင်းပြထားပါတယ်။

မြတ်စွာဘုရားရှင် လက်ထပ်တော်အခါတုန်းက အဋ္ဌကနဂရ မြို့သား ဒကာတစ်ယောက်ရဲ့ အမေးကို အရှင်အာနန္ဒာက ဖြေရှင်းပြပုံ အကျဉ်းချုပ်မှာ
“ဒါယကာ၊ ဒီသာသနာတော်မှာ ရဟန်း တစ်ပါးပါးဟာ ပထမဈာန် ၀င်စားပြီး အဲ့ဒီဈာန်ရဲ့ ဖြစ်ပျက်မှုကို ၀ိပဿနာရှုတယ်ဆိုရင် အဲ့ဒီ ပထမဈာန်နဲ့ ၀ိပဿနာညဏ်မှာ တည်ပြီးတော့ အာသဝေါကုန်ခန်း ရဟန္တာ ဖြစ်နိုင်တယ်၊ တကယ်လို့ အဲ့ဒီ ပထမဈာန်နဲ့ ၀ိပဿနာကို တပ်မက်တဲ့ဓမ္မရာဂနဲ့ နှစ်သက်တဲ့ ဓမ္မနန္ဒီကို မပယ်နိုင်ရင်တော့ အနာဂါမ်လောက်ပဲ ဖြစ်ပြီး သုဒ္ဓါဝါသဗြဟ္မဘုံကို ရောက်နိုင်တယ်” မဇ္စိုမပဏ္ဏသ ပါဋ္ဌိတော်၊ အဋ္ဌက နာဂရသုတ် (စာ-၁၃)နဲ့ ဒီသုတ်ရဲ့ အဖွင့် အဋ္ဌကထာ (စာ-၉)ကိုရောပြီး လိုရင်းမျှ ထုတ်နုတ်ထားတာပါ။ ဓမ္မရာဂနဲ့ ဓမ္မနန္ဒီ ဆိုတာ သမထ ၀ိပဿနာ တရားတို့မှာ လိုလားတပ်မက်မှုကို ခေါ်ကြောင်း အဋ္ဌကထာ ဖွင့်ပြပါတယ်။ တစ်ခါ မဇ္စိုမပဏ္ဏသ ဋီကာ (စာ-၈)ကလိုလားတပ်မက်မှု ဆိုတာ နိကန္တိလို့ ခေါ်တဲ့ သိမ့်မွေ့တဲ့ ငဲ့ကွက်မှုပါပဲလို့ ထပ်ပြီး ရှင်းပြပါတယ်။ သိမ်မွေ့တဲ့ လောဘလို့ ဆိုလိုတာပါ။

( လေလွှင့်သူရေးသားချက်မှ ကူးယူထားပါသည်)

Read More!

ဓမ္မစကြာအနက်(၃)

မဂ္ဂ၌ သစ္စဉာဏ် (၀ါ) ၀ိပဿနာဉာဏ်
၁၈။ ဘိက္ခဝေ- သံသရာဝဋ်မှ လွတ်မြောက်လိုငြား အို- ချစ်သားတို့၊ ဣဒံ- ဤသမ္မာဒိဋ္ဌိဦးစီးသော မဂ္ဂင်ရှစ်ပါးတရားအစုသည်၊ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ- ဒုက္ခ၏ချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်း အကျင့်ဖြစ်သော၊ အရိယသစ္စံ- အရိယာနွယ်ဝင် သူတော်စင်တို့၏ဉာဏ်ဖြင့် သိမြင်အပ်သော အမှန်တရားပေတည်း။
ဣတိ- ဤသို့၊ မေ-မယာ-ငါဘုရားသည်၊ ပုဗ္ဗေ- ဘုရားမဖြစ်မီ ရှေးအဖို့၌၊ အနနုဿုတေသု- တစ်စုံတစ်ယောက်မျှဟောပြောခြင်းဖြင့် မကြားစဖူးကုန်သော။ ဓမ္မေသု- သစ္စာလေးပါး တရားအထူးတို့၌။
စက္ခုံ- မဂ္ဂသစ္စာကို မြင်တတ်သော အနိစ္စာနုပဿနာဉာဏ်သည်၊ ဥဒပါဒိ- ထင်ရှားဧကန် အမှန်ဖြစ်ပေါ်ပြီ။
ဉာဏံ- မဂ္ဂသစ္စာကို သိတတ်သော ဒုက္ခာနုပဿနာဉာဏ်သည်၊ ဥဒပါဒိ- ထင်ရှားဧကန် အမှန်ဖြစ်ပေါ်ပြီ။
ပညာ- မဂ္ဂသစ္စာကို အပြားအားဖြင့် တစ်ပါးစီ တစ်ပါးစီ ခွဲခြားဝေဖန်နိုင်သော အသုဘာနုပဿနာဉာဏ်သည်၊ ဥဒပါဒိ- ထင်ရှားဧကန် အမှန်ဖြစ်ပေါ်နေပြီ။
ဝိဇ္ဇာ- မဂ္ဂသစ္စာကို ထိုးထွင်း၍သိတတ်သော အနတ္တာနုပဿနာဉာဏ် သည်၊ ဥဒပါဒိ- ထင်ရှားဧကန် အမှန်ဖြစ်ပေါ်ပေပြီ။
အာလောကော- မဂ္ဂသစ္စာကို ဖုံးလွှမ်းတတ်သော မောဟတည်းဟူသော အမိုက်မှောင်ကို ကုန်စင်အောင် ဖျက်ဆီးနိုင်သော သမ္မာဒိဋ္ဌိပညာရောင်သည်၊ ဥဒပါဒိ- ထင်ရျားဧကန် အမှန်ဖြစ်ပေါ်ပေပြီ။

မဂ္ဂ၌ ကိစ္စဉာဏ် ( ၀ါ) မဂ်ဉာဏ်

၁၉။ ဘိက္ခဝေ- သံသရာဘေးကို ရှုလေ့ရှိကြသော ရဟန်းတို့၊ တံ ခေါပနိဒံ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စံ- ထိုဒုက္ခ၏ချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်းအကျင့်ဖြစ်သော အရိယသစ္စာကို၊ ဘာဝေတဗ္ဗံ- ပွားများ ပြည့်စုံစေအပ်၏ (၀ါ) စိတ်စေတသိက် ရုပ်ဟူသော ကောင်းကောင်းဆိုးဆိုး အမျိုးမျိုးသော စိတ်အသစ်သစ်တို့ မဖြစပေါ်မီက မဖြစ်ပေါ်သည့်အတိုင်းနေလေ့ရှိသော အကျင့်ကို ကျင့် ကျင့်သုံးဆောက်တည်ရာ၏
ဣတိ- ဤသို့၊ မေ-မယာ-ငါဘုရားသည်၊ ပုဗ္ဗေ-ဘုရားမဖြစ်မီ ရှေးအဖို့၌၊ အနနဿုတေသု- တစ်စုံတစ်ယောက်မျှဟောပြောခြင်းဖြင့် မကြားစဖူးကုန်သော ၊ ဓမ္မေသု- သစ္စာလေးပါးတရားအထူးတို့၌
စက္ခုံ- မဂ္ဂသစ္စာကို မြင်တတ်သော သောတာပတ္တိမဂ်ဉာဏ်သည်၊ ဥဒပါဒိ- ထင်ရှားဧကန်အမှန်ဖြစ်တောမူပြီ
ဉာဏံ- မဂ္ဂသစ္စာကို သိတတ်သော သကဒါဂါမိမဂ်ဉာဏ်သည်၊ ဥဒပါဒိ-ထင်ရှားဧကန် အမှန်ဖြစ်ပေါ်ပြီ
ပညာ- မဂ္ဂသစ္စာကို အပြားအားဖြင့် တစ်ပါးစီ တစ်ပါးစီ ခွဲခြားဝေဖန်နိုင်သော အနာဂါမိမဂါဉာဏ်သည် ဥဒပါဒိ-ထင်ရှားဧကန် အမှန်ဖြစ်ပေါ်နေပြီ
ဝိဇ္ဇာ- မဂ္ဂသစ္စာငိ ထိုးးထွင်း၍သိတတ်သော အရဟတ္တမဂ်ဉာဏ်သည်၊ ဥဒပါဒိ- ထင်ရှားဧကန် အမှန်ဖြစ်ပေါ်ပေပြီ။ အာလောကော- မဂ္ဂသစ္စာကို ဖုံးလွှမ်းတတ်သော မောဟတည်းဟူသော အမိုက်မှောင်ကို ကုန်စင်အောင်ဖျက်ဆီးနိုင်သော မဂ် လေးတန် အကုန်အလင်းဓာတ်မျိုးစုံသည် ဥဒပါဒိ- ထင်ရှားဧကန် အမှန်ဖြစ်ပေါ်ပေပြီ


မဂ္ဂ၌ ကတဉာဏ် (၀ါ) ဖိုလ်ဉာဏ်
၂၀။ ဘိက္ခဝေ- တရားလိုငြား အို- ချစ်သားတို့၊ တံ ခေါပနိဒံ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စံ- ထိုဒုက္ခဟူသောစိတ်အမျိုးမျိုးတို့၏ ချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်း အကျင့်ဖြစ်သော အရိယသစ္စာကို၊ ဘာဝိတံ- ဖိုလ်လေးတိ ဉာဏ်အစုံတို့ဖြင့် တစ်ဖန်ပွားများ ပြည့်စုံစေအပ်လေပြီ။
ဣတိ- ဤသို့၊ မေ-မယာ- ငါဘုရားသည်၊ ပုဗ္ဗေ- ဘုရားမဖြစ်မီ၌၊ အနနုဿုတေသု- တစ်စုံတစ်ယောက်မျှ ဟောပြောခြင်းဖြင့် မကြားစဖူးကုန်သော၊ ဓမ္မေသု- သစ္စာလေးပါးတရားအထူးတို့၌၊
စက္ခုံ- မဂ္ဂသစ္စာကို မြင်တတ်သော သောတာပတ္တိဖိုလ်ဉာဏ်သည်၊ ဥဒပါဒိ-ထင်ရှားဧကန် အမှန်ဖြစ်လေပြီ။
ဉာဏံ- မဂ္ဂသစ္စာကို သိတတ်သော သောတာပတ္တိဖိုလ်ဉာဏ်သည်၊ ဥဒါပါဒိ- ထင်ရှားဧကန် အမှန်ဖြစ်လေပြီ။
ပညာ- မဂ္ဂသစ္စာကို အပြားအားဖြင့် တစ်ပါးစီ တစ်ပါးစီ ခွဲခြားဝေဖန်နိုင်သော အနာဂါမိဖိုလ်ဉာဏ်သည်၊ ဥဒပါဒိ-
ထင်ရှားဧကန် အမှန်ဖြစ်ပေါ်လေပြီ။
ဝိဇ္ဇာ- မဂ္ဂသစ္စာကို ထိုးထွင်း၍ သိတတ်သော အရဟတ္တဖိုလ်ဉာဏ်သည်၊ ဥဒပါဒိ- ထင်ရားဧကန် အမှန်ဖြစ်ပေါ်ပေပြီ။
အာလောကော- မဂ္ဂသစ္စာကို ဖုံးလွှမ်းတတ်သော မောဟတည်းဟူသော အမိုက်မှောင်ကို ကုန်စင်အောင် ဖျက်ဆီးနိုင် သော ဖိုလ်လေးတန် အကုန် အလင်းဓာတ်မျိုးစုံသည်၊ ဥဒပါဒိ- ထင်ရှားဧကန် အမှန်ဖြစ်ပေါ်ပေပြီ။

သစ္စာလေးပါးကိုမသိမီ ဘုရားဖြစ်ပြီဟု ၀န်မခံခြင်း
၂၁။ ဘိက္ခဝေ- တရားလိုဘိ အို- တပည့်တို့၊ ယာဝကီဝဉ္စ- အကြင်မျှလောက်သော ကာလပတ်လုံး၊ ဣမေသု စတူသု အရိယသစ္စေသု- ဤသစ္စာလေးပါး တရားအထူးတို့၌၊ ဧ၀ံ- ဤသို့၊ တိပရိဝဋံ္ဋ- ၀ိပဿာနာဉာဏ်၊ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ် တို့ဖြင့် သုံးပါးသော အပြန်ရှိသော၊ ဒွါဒသာကာရံ- တစ်ဆယ့်နှစ်ပါးအခြင်းအရာရှိသော၊ ယထာဘူတံ- နဂိုမူလ သူ့သဘာဝအတိုင်းဖြစ်သော၊ ဉာဏဒဿနံ- ဉာဏ်အမြင်သည်၊ မေ- ငါဘုရားအား၊ သုဝိသုဒ္ဓံ- အထူးစင်ကြယ်ထင်ရှားသည်၊ န အဟောသိ- မဖြစ်သေး။
ဘိက္ခဝေ- ချစ်သာတို့၊ တာဝ- ထိုမျှလောက်သော ကာလပတ်လုံး၊ အဟံ- ငါဘုရားသည်၊ သဒေ၀ကေ- ကာမာဝစရနတ်ပြည်နှင့်တကွဖြစ်သော၊ သမာရကေ- ၀ဿဝတ္တီနတ်ပြည်နှင့် တကွဖြစ်သော၊ သဗြဟ္မကေ- ဗြဟ္မာ့ပြည်နှင့်တကွဖြစ်သော၊ လောကေ- သြကာသလောက၌၊ သဿမဏဗြာဟ္မဏိယာ- ရဟန်းပုဏ္ဏားတို့နှင့်တကွဖြစ်သော၊ သဒေ၀မနုဿာယ- သမ္မုတိနတ်တည်းဟူသောမင်း၊ ကြွင်းသော လူအပေါင်းနှင့်တကွဖြစ်သော၊ ပဇာယ- သတ္တလောက၌၊ အနုတ္တရံ- အတုမရှိသော၊ သမ္မာသမ္ဗောဓိံ- အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတဉာင်္ဏကို၊ မိမိအလိုလို ထိုးထွင်း၍သိပြီ ဟူ၍၊ နေ၀ပစ္စညာသိံ- ၀န်ခံတော်မမူနိုင်သေး။

သိမှ ၀န်ခံခြင်း
၂၂။ ဘိက္ခဝေ- ရဟန်းတို့၊ ယတော စ ခေါ- အကြင်အခါမှစ၍၊ မေ- ငါ့အား၊ ဣမေသု စတူသု အရိယသစ္စေသု- ဤသစ္စာလေးပါးတရားအထူးတို့၌၊ ဧ၀ံ- ဤသို့၊ တိပရိဝဋံ- ၀ိပဿနာဉာဏ် မဂ်ဉာဏ် ဖိုလိဉာဏ် တို့ဖြင့် သုံးပါးသော အပြန်ရှိသော၊ ဒွါဒသာကာရံ- တစ်ဆယ့်နှစ်ပါးအခြင်းအရာရှိသော၊ ယထာဘူတံ- နဂိုမူလ သူ့သဘာဝအတိုင်းဖြစ်သော၊ ဉာဏဒဿနံ- ဉာဏ်အမြင်သည်၊ မေ- ငါဘုရားအား၊ သုဝိသုဒ္ဓံ- အလွန်စင်ကြယ်ထင်ရှားသည်၊ အဟောသိ- ဖြစ်ပြီ။
ဘိက္ခဝေ- ချစ်သားတို့၊ အထ- ထိုအခါမှစ၍၊အဟံ-ငါဘုရားသည်၊ သဒေ၀ကေ- နတ်ပြည်ငါးထပ်နှင့်တကွဖြစ်သော၊ သမာရကေ- ၀ဿဝတ္တိနတ်ပြည်နှင့် တကွဖြစ်သော၊ သဗြဟ္မကေ- ဗြဟ္မာ့ပြည်နှင့်တကွဖြစ်သော၊ လောကေ- သြကာသလောက၌၊ သဿမဏဗြာဟ္မဏိယာ- ရဟန်းပုဏ္ဏားတို့နှင့်တကွဖြစ်သော၊ သဒေ၀မနုဿာယ- သမ္မုတိ နတ်တည်းဟူသောမင်း၊ ကြွင်းသော လူအပေါင်းနှင့်တကွဖြစ်သော၊ ပဇာယ- သတ္တလောက၌၊အနုတ္တရံ-အတုမရှိသော၊ သမ္မာသမ္ဗောဓိံ- အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတဉာဏ်ကို၊ အဘိသမ္ဗုဒ္ဓေါ တိဝ ဆရာမကူသယမ္ဘူဉာဏ်ဖြင့် မိမိအလိုလို ထိုးထွင်း၍ သိပြီဟူ၍၊ ပစ္စညာသိံ-၀န်ခံတော်မူပြီ။


ပစ္စဝေက္ခဏာဉာဏ်
၂၃။ ဉာဏဉ္စ ပန ဒဿနံ- သစ္စာလေးပါးကို အမှန်အတိုင်း သိမြင်ဆင်ခြင်ခြင်း တည်းဟူသော ပစ္စဝေက္ခဏာဉာဏ်အမြင်သည်လည်း၊ မေ- ငါ့အား၊ ဥဒပါဒိ- ထင်ရှားဧကန် အမှန်ဖြစ်တော်မူပြီ။ မေ- ငါ၏၊ ၀ိမုတ္တိ- ကိလေသာမှ အထူးသဖြင့် လွတ်ကင်းသောစိတ်ကို၊ (၀ါ) အရဟတ္တမဂ်ဖိုလ်စိတ်ကို၊ အကုပ္ပါ- ဆန့်ကျင်ဘက် တရားများဖြစ်ကြသော တဏှာ မာန ဒိဋ္ဌိ တို့သည် မဖျက်ဆီးအပ်၊ ဣတိ- ဤသို့ဖြစ်လေပြီ။ အယံ- ဤဥပါဒါနက္ခန္ဓာငါးပါး၏ ဖြစ်ခြင်းသည်၊ အန္တိမာ- နောက်ဆုံးဖြစ်သော၊ ဇာတိ- ဖြစ်ခြင်းပေတည်း။ ဣဒါနိ-ယခုအခါ၌၊ ပုနဗ္ဘဝေါ- တစ်ဖန် ဥပါဒါနက္ခန္ဓာငါးပါး အသစ်ဖြစ်ပေါ်ခြင်းသည်၊ နတ္ထိ- မရှိတော့ချေ။ ဣတိ ဉာဏဒဿနံ- ဤသို့သော ဉာဏ်အမြင်သည်၊ဥဒပါဒိ- ထင်ရှားဧကန် အမှန်ဖြစ်တော်မူပြီ။

ပဉ္စ၀ဂ္ဂီတို့ ၀မ်းမြောက်ခြင်း
၂၄။ ဘဂ၀ါ- ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားသသည်၊ ဣဒံ- ဤ ဒွေမေ ဘိက္ခဝေ အစချီသော ဓမ္မစကြာတရား သစ္စာလေးပါးကို၊ အဝေါစ- မိန့်တော်မူ၏ ပဉ္စ၀ဂ္ဂိယာ ဘိက္ခူ- အရှင်ကောဏ္ဍည၊ ၀ပ္ပ၊ ဘဒ္ဒိယ၊ မဟာနာမ်၊ ပရိဗိုဇ် ဟူသော ငါးဦးသော ရဟန်းတို့သည်၊ အတ္တမနာ- ၀မ်းမြောက်ကြကုန်သည်ဖြစ်၍၊ ဘဂ၀တော- မြတ်စွာဘုရား၏၊ ဘာသိတံ- ဟောတော်မူအပ်သော ဓမ္မစကြာတရားတော်ကို၊ အဘိနန္ဒုံ- လွန်စွာနှစ်သက်ကြ၍ သာဓုခေါ်ကြလေပြီ။
ဣတိ- ဤသို့ မျက်မှောက်တောမှကြားလိုက်ရဒ ဟူ၍ အရှင်အာနန္ဒာမထေရ်က လျှောက်ကြားပေ၏။

အရှင်ကောဏ္ဍည သောတာပန်တည်ခြင်း
၂၅။ ဣမသ္မိံ စ ပန ဝေယျာကရဏသ္မိံ- ဤဂါထာမစွက် ဗျာကရုဏ်းသက်သက် တရားကို၊ ဝေယျာကရဏသ္မိံ- ဤအမေးအဖြေဖြစ်သော သစ္စာလေးပါး တရားဒေသနာတော်ကို၊ ဘညမာနေ- ဟောကြားတော်မူအပ်သည်ရှိသော်၊ အာယသ္မတော ကောဏ္ဍညအား၊ ၀ိရဇံ- အပါယ်လေးပါးသို့ လားစေတတ်သော ဥပါဒါနက္ခန္ဓာ ဟူသော မြူမရှိသော၊ ၀ီတမလံ အညစ်အကြေးရှိသော၊ ဓမ္မစက္ခုံ- သောတာပတ္တိဉာဏ်မျက်စိသည်၊ ဥဒပါဒိ- ထင်ရှားဧကန် အမှန်ဖြစ်ပြီ။ ဖြစ်ပုံကား ယံကိဉ္စိ- အလုံးစုံသော သင်္ခတတရားသည်၊ (၀ါ) တေဘူမက သင်္ခါရတရားသည်၊ (၀ါ) အ၀ိဇ္ဇာ အစရှိသော ပဋိစ္စသမုပ္ပါဒ ဥပါဒါနက္ခန္ဓာ ငါးပါးတရားသည်၊ သမုဒယဓမ္မံ- အကြောင်းနှင့်တကွဖြစ်ခြင်း သဘောရှိ၏၊ (၀ါ) အ၀ိဇ္ဇာ တဏှာ ကံ အာဟာရ ဖဿ နာမ်ရုပါဟူသော အကြောင်း သမုဒယမကင်းဘဲ ဖြစ်ပေါ်ခြင်း သမုဒယမည်ဒ၊ သဗ္ဗံ တံ- ထိုအလုံးစုံသော သဘောတရားသည်၊ (၀ါ) အ၀ိဇ္ဇာ တဏှာ ဥပါဒါန် ဟူသော ကိလေသ၀ဋ်၊ သင်္ခါရနှင့်ဘ၀ (စေတနာကံ) ဟူသော ကမ္မ၀ဋ်တည်းဟူသော အပကြောင်းဒုက္ခဖြစ်သည့် သမုဒယသစ္စာနှင့်တကွ ၀ိဉာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာဟူသော ၀ိပါက၀ဋ်တည်းဟူသော အကျိုးဒုက္ခဖြစ်သည့် ဒုက္ခသစ္စာ ဥပါဒါနက္ခန္ဓာ ငါးပါးသည်၊ နိရောဓဓမ္မံ- ပဋိစ္စသမုပ္ပန္န နိရောဓဓမ္မ အနိစ္စမျိုးဖြစ်၍ ချုပ်ပျောက်ခြင်းသဘောဖြစ်၏၊ ဣတိ- သို့၊ ဓမ္မစက္ခုံ- သောတာပတ္တိဉာဏ်မျက်စိသည်၊ ဥဒပါဒိ- ထင်းရှားမသွေ ဖြစ်ပေါ်၍လာပေ၏ ။


ဘုမ္မစိုးနတ်တို့ ကြွေးကြော်ခြင်း
၂၆။ ဘဂ၀တာ- မြတ်စွာဘုရားသည်၊ ဓမ္မစက္ကေ- ဓမ္မစကြာ တရားတော်ကို၊ ပ၀တ္တိတေ စ ပန- ဟောတော်မူအပ်သည်ရှိသော်၊ ဘုမ္မာ ဒေ၀ါ- ဘုမ္မစိုးနတ်တို့သည်၊ သဒ္ဒံ- ကောင်းချီးပေးသောအသံကို၊ အနုဿာဝေသုံ -တစ်ပြိုင်နက် ကြွေးကြော်ကြကုန်၏ ကိံ အနုဿာဝေသုံ- အဘယ်သို့ ကြွေး
ကြော်ကြသနည်း ဟူမူကား-
ဘဂ၀တာ- မြတ်စွာဘုရား သခင်သည်၊ ဗာရာဏသိယံ- ဗာရာဏသီပြည်၌၊ ဣသိပတနေ မိဂဒါယေ- ဣသိပတနအမည်ရှိသော မိဂဒါဝုန်တော၌၊ သမဏေန ၀ါ- ရဟန်းသည်၎င်း၊ ဗြာဟ္မဏေန ၀ါ- ပုဏ္ဏားသည်၎င်း၊ ဒေဝေန ၀ါ- နတ်သည်၎င်း၊ မာရေန ၀ါ- မာရ်နတ်သည်၎င်း၊ ဗြဟ္မုနာ ၀ါ- ဗြဟ္မာသည်၎င်း၊ လောကသ္မိံ- လောက၌၊ ကေနစိ ၀ါ- တစ်စုံတစ်ယောက်သောသူသည်၎င်း၊ါ် အပ္ပဋိဝတ္တိယံ- မဟောကြားနိုင်သော၊ အနုတ္တရံ- အတုမရှိသော၊ ဧတံ ဓမ္မစက္ကံ- ဤဓမ္မစကြာတရားသစ္စာလေးပါးကို၊ ပ၀တ္တိတံ- ဟောတော်မူအပ်ပြီ။ ဣတိ- ဤသို့၊ အနုဿာဝေသုံ- တစ်ပြိုင်နက်ကြွေးကြကုန်၏

အထက်နတ်တို့ ကြွေးကြော်ခြင်း
၂၇။ ဘုမ္မာနံ ဒေ၀ါနံ- ဘုမ္မစိုးနတ်တို့၏ ၊ သဒ္ဒံ- ကောင်းချီးပေးသောအသံကို၊ သုတွာ- ကြားကြကုန်၍၊ စာတုမဟာရာဇိကာဒေ၀ါ- စတုမဟာရာဇ်နတ်တို့သည်၊ သဒ္ဒံ- ကောင်းချီးပေးသော အသံကို၊ အနဿာဝေသုံ- အဆင့်ဆင့် ကြွေးကြောက်ကြကုန်၏ ။ စာတုမဟာရာဇိကာနံ ဒေ၀ါနံ- စတုမဟာရာဇ်နတ်တို့၏၊ တာဝတိံသာ ဒေ၀ါ- တာဝတိံသာနတ်တို့သည်၊ ယာမာ ဒေ၀ါ- ယာမာနတ်တို့သည်၊ တုသိတာ ဒေ၀ါ- တုသိတာနတ်တို့သည်၊ နိမ္မာနရတီ ဒေ၀ါ- နိမ္မာနရတီနတ်တို့သည်၊ ပရနိမ္မိတ၀သ၀တ္တီ ဒေ၀ါ- ပရနိမ္မိတ၀သ၀တ္တီနတ်တို့သည်၊ ဗြဟ္မကာယိကာ ဒေ၀ါ- ဗြဟ္မာတို့သည်၊ သဒ္ဒံ -ကောင်းချီးပေးသောအသံကို၊ အနုဿာဝေသုံ- အဆင့်ဆင့်ကြွေးကြော်ကြကုန်၏ ။ ကိံ အနဿာဝေသုံ- အဘယ်သို့ကြွေးကြော်ကြသနည်းဟူမူကား-
ဘဂ၀တာ- မြတ်စွာဘုရားသခင်သည်၊ ဗာရာဏသိယံ- ဗာရာဏသီပြည်၌၊ ဣသိပတနေ မိဂဒါယေ- ဣသိပတနအမည်ရှိသော မိဂဒါဝုန်တော၌၊ သမဏေန ၀ါ ရဟန်းသည်၎င်း၊ ဗြာဟ္မဏေန ၀ါ- ပုဏ္ဏားသည်၎င်း၊ဒေဝေန ၀ါ-နတ်သည်၎င်း၊မာရေန ၀ါ- မာရ်နတ်သည်၎င်း၊ ဗြဟ္မုနာ ၀ါ- ဗြဟ္မာသည်၎င်း၊ လောကသ္မိံ- လောက၌၊ ကေနစိ ၀ါ- တစ်စုံတစ်ယောက်သောသူသည်၎င်း၊ အပ္ပဋိဝတ္တိယံ- မဟောကြားနိုင်သော၊ အနတ္တရံ- အတုမရှိသော၊ ဧတံ ဓမ္မစက္ကံ- ဤဓမ္မစကြာတရား သစ္စာလေးပါးကို၊ ပ၀တ္တိတံ- ဟောတော်မူအပ်ပြီ။ ဣတိ- ဤသို့၊ အျွုဿာဝေသုံ-အဆငိ့ဆငိ့ကြွေးကြော်ကြကုန်၏ ။

မြေလှုပ်ခြင်း
၂၈။ ဣတိဟ- ဤသို့လျှင်၊ တေန ခဏေန- ထိုခဏ၌၊ တေနလယေန- ထိုကာလ၌၊ တေန မုဟုတ္တေန- ထိုတစ်မုဟုတ်ချင်း၌၊ ယာဝ ဗြဟ္မလောကာ- အတနိဋ္ဌဗြဟ္မာပြည်တိုင်အောင်၊ သဒ္ဒေါ- ကျော်စောသောအသံသည်၊ အ ဗ္ဘုဂ္ဂ စ္ဆိ- ပြန်နှံ၍တက်၏၊ အယဉ္စဒသသဟဿိလောကဓတာ- ဤတစ်သောင်းသော လောကဓာတ် စကြ၀ဋ္ဌာသည်လည်း၊ သင်္ကမ္ပ်- နိမ့်တုံမြင်တုံ ခုန်၍ လှုပ်၏၊ သမ္ပကမ္ပိ- အိုးထိန်းစက်ကဲ့သို့ လည်၍လှုပ်၏၊ သမ္ပဝေဓိ- ပုခက်ဧယာဉ် လွှဲသကဲ့သို့ ရှေးတိုး နောက်ငင် လှုပ်၏၊ အပ္ပမာဏော- အတိုင်းအရှည်မရှိသော၊ ဥဋ္ဌာရော- ပြန်ပြောသော၊ သြဘာသော စ၀ သဗ္ဗညုတဉာဏ်ရောင်သည်လည်း၊ (၀ါ) စိတ်ကြောင့် ဖြစ်သော ဥတုဇအရောင်သည်လည်း၊ လောကေ- လောက၌၊ ဒေါနံ- နတ်ဗြဟ္မာတို့၏၊ ဒေ၀ါနုဘာဝံ- နတ်ဗြဟ္မာတို့၏ အာနုဘော်ကို၊ အတက္ကမ္မ- လွန်၍၊ ပါတုရဟောသိ- ထင်ရှားစွာ ဖြစ်ပေ၏

ဘုရားရှင် ဥဒါန်းကျူးခြင်း
၂၉။ အထ ခေါ- ထိုအခါ၊ ဘဂ၀ါ- မြတ်စွာဘုရားသည်၊ ဣမံဥဒါနံ- ၌၀မ်းမြောက်သော စကားတော် ဥဒါန်းကို၊ ဥဒါနေသိဝမ်းမြောက်စွာ မြွက်ဆိုတော်မူ၏၊ ကိံ ဥဒါနသိ - အဘယ်သို့ မြွက်ဆိုတော်မူသနည်း- ဟူမူကား-
သော- အို- အချင်းတို့၊ ကောဏ္ဍညော- ကောဏ္ဍညသည်၊ ၀တ- စစ်စစ်၊ အညာသိ- သစ္စာလေးပါးကို သိလေပြီ၊ ဘော- အို- အချင်းတို့၊ ကောဏ္ဍညော- ကောဏ္ဍညသည်၊ ၀တ- စစ်စစ်၊ အညာသိ-သစ္စာလေးပါးကိုသိလေပြီ၊
ဣတိ- ဤသို့၊ဥဒါနေသိ- မြွက်ဆိုတော်မူ၏၊ ဣတိဟိ- ဣတိဧ၀- သို့ဥဒါန်းကျူးတော်မူသောကြောင့်သာလျှင်၊ အာယသ္မတော ကောဏ္ဍညဿ- အရှင်ကောဏ္ဍညအား၊ အညာသိ ကောဏ္ဍညော တွေဝ- အညာသိကောဏ္ဍည-ဟူ၍သာလျှင်၊ ဣဒံ နာမံ- ဤအမည်သည်၊ အဟောသိ- ဖြစ်ပေ၏ ။


ရဟန်းအဖြစ်တောင်းခြင်း
၃၀။ အထ ခေါ- ထိုအခါ၌၊ အာယသ္မာ အညာသိ ကောဏ္ဍညော- အရှင်အညာသိကောဏ္ဍညသည်၊ ဒိဋ္ဌဓမ္မော- သစ္စာလေးပါးကို မြင်ပြီးပြီဖြစ်၍ ပတ္တဓမ္မော- သစ္စာလေးပါးကို ရပြီးပြီဖြစ်၍၊ ၀ိဒိတဓမ္မော- သစ္စာလေးးပါးကို သိပြီးပြီဖြစ်၍၊ ပရိယောဂါဋ္ဌဓမ္မော-သစ္စာလေးပါးသို့ဉာဏ်ဖြင့် သက်ဝင်ယုံကြည်ပြီးပြီဖြစ်၍၊ တိဏ္ဏ၀ိစိကိစ္ဆော-ပညတ်ယုံမှားခြင်း ၁၆ ပါး၊ ပရမတ်ယုံမှားခြင်း ၈ပါးတို့ကို လွန်မြောက်ပြီးပြီဖြစ်၍၊ ၀ိဂတကထံကထော-သို့လော သို့လော ဟုတွေးတောခြင်းမှ ကင်းလွတ် ပြီးပြီဖြစ်၍၊ သတ္ထုသာသနေ-မြတ်စွာဘုရား၏ သာသနာတော်၌၊ ဝေသာရဇ္ဇပ္ပတ္တော- ရဲရင့်ခြင်းသို့ ရောက်ပြီဖြစ်၍၊ အပရပ္ပစ္စယော- ကိုယ်တိုင်သိမြင်ပြီးဖြစ်၍ သူတစ်ပါးအား ယုံကြည်အားထားစရာ မရှိတော့ပြီဖြစ်၍၊ ဘဂ၀န္တံ- မြတ်စွာဘုရားကို၊ ဧတံ ၀စနံ- ဤသို့သော စကားကို၊ အဝေါစ- လျှောက်ကြားလေ၏ ။ ကိံ အဝေါစ- အဘယ်သို့လျှောက်ကြားသနည်းဟူမူကား- ဘန္တေအရှင်ဘုရား၊ အဟံ- ကျွန်ုပ်သည်၊ ဘဂ၀တော- မြတ်စွာဘုရား၏၊ သန္တိကေ- အထံတော်၌၊ ပဗ္ဗဇ္ဇံ- ရှင်အဖြစ်ကို၊ လဘေယျံ- ရလိုပါ၏၊ ဥပသမ္ပဒံ- ပဉ္စင်းအဖြစ်ကို၊ လဘေယျံ- ရချင်ပါ၏၊ ဣတိ- ဤသို့၊ အဝေါစ- လျှောက်ကြားလေ၏ ။

ဧဟိဘိက္ခုခေါ်ခြင်း
၃၁။ ဘိက္ခု- ချစ်သာရဟန်း၊ ဧဟိ- ဘလာလော့၊ ဓမ္မော- တရားတော်ကို၊ မယာ- ငါဘုရားသည်၊ သွာက္ခာတော- ကောင်းစွာဟောအပ်ပြီ။ ဒက္ခဿ- ဥပါဒါနက္ခန္ဓာဟူသော ၀ဋ်ဆင်းရဲ့၏ ၊ အန္တကိရိယာယ- အဆုံးကို ပြုခြင်းငှာ၊ သမ္မာ- ကောင်းစွာ၊ ဗြဟ္မစရိယံ- မြတ်သောအကျင့်ကို၊ စရ- ကျင့်လေလော့။ ဣတိ- ဤသို့၊ ဘဂ၀ါ- မြတ်စွာဘုရားသည်၊ အဝေါစ- မိန့်တော်မူ၏၊ တဿ အာယသ္မတော- ထိုအရှင်ကောဏ္ဍညအား၊ သာဝဥပသမ္ပဒါ- ထိုဧဟိဘိက္ခု ပဉ္စင်းအဖြစ်သည်လျှင်၊ အဟောသိ- ဖြစ်လေပြီ။

Read More!

ဓမ္မစကြာအနက်(၂)

ဒုက္ခ၌ သစ္စဉာဏ် (၀ါ) ၀ိပဿနာဉာဏ်
၉။ ဘိက္ခဝေ- သံသရာဘေးမှ ကင်းဝေးလိုငြား အို- ရဟန်းများတို့၊ ဣဒံ ဤဇာတိအစရှိသောကောင်းကောင်းဆိုးဆိုး စိတ်အမျိုးမျိုး နှင့်တကွ ဖြစ်သော ဥပါဒါနက္ခန္ဓာတရားအပေါင်းသည်၊ (တစ်နည်း) ဘုံသုံးပါး၌ ကျင်လည်ကြောင်းဖြစ်သော သင်္ခတ တရားအပေါင်းသည်၊ ဒုက္ခံ အရိယသစ္စ န္တိ- အရိယာနွယ်ဝင်သူတော်စင်တို့ သိမြင်အပ်သော ဒုက္ခသစ္စာမည်၏ ဟူ၍၊ မေတေသု- တစ်စုံတစ်ယောက်ထံမှ မကြားစဖူးကုန်သော၊ဓမ္မေသု- သစ္စာလေးပါး တရားအထူးတို့၌၊
စက္ခုံ- ဇာတိစသောကောင်းကောင်းဆိုးဆိုး စိတ်အမျိုးမျိုးဖြစ်ပေါ်ခြင်းတည်းဟူသော ဒုက္ခသစ္စာ၌ မမြဲသော သဘောကိုမြင်တတ်သော အနိစ္စာနုပဿနာဉာဏ် တည်းဟူသော ပညာမျက်စိသည်၊ ဥဒပါဒိ- ထင်ရှားဧကန် အမှန်ဖြစ်တော်မူပြီ။
ဉာဏံ- ဇာတိစသော ကောင်းမကောင်း စိတ်အမျိုးမျိုးဖြစ်ပေါ်ခြင်း တည်းဟူသော ဒုက္ခသစ္စာ၌ ဘေးဟု သိတတ်သော ဒုက္ခာနုပဿနာ ဉာဏ်သည်၊ ဥဒပါဒိ- ထင်ရှားဧကန် အမှန်ဖြစ်တော်မူပြီ။
ပညာ- ဇာတိစသော ချစ်စိတ်မုန်းစိတ်အမျိုးမျိုး ဖြစ်ပေါ်ခြင်းတည်းဟူသော ဒုက္ခသစ္စာ၌ အနှစ်အသားမရှိခြင်းကို အပြားအားဖြင့် တစ်ပါးစီ တစ်ပါးစီ ခွဲခြားဝေဖန်၍ သိတတ်သော အနတ္တာနုပဿနာဉာဏ်သည်၊ ဥဒပါဒိ- ထင်ရှားဒကန် အမှန်ဖြစ်တော် မူပြီ။
ဝိဇ္ဇာ- ဇာတိစသော ဘာဘာညာညာ ပြုလုပ်တတ်သော စိတ်အမျိုးမျိုးတို့ ဖြစ်ပေါ်လာခြင်းတည်းဟူသော ဒုက္ခသစ္စာ၌ မတင့်တယ်ခြင်းကို ထိုးထွင်း၍ သိတတ်သော အသုဘာနုပဿနာဉာဏ်သည်၊ ဥဒပါဒိ- ထင်ရှားဧကန်အမှန်ဖြစ်တော်မူပြီ။
အာလောကော- ဇာတိစသော တောင်တောင် ဤဤ အလီအလာလာ ဘာဘာညာညာ ကောင်းကောင်းဆိုးဆိုး စိတ်အမျိုးမျိုး ဖြစ်ပေါ်ခြင်း တည်းဟူသော ဒုက္ခသစ္စာကို မသိအောင် ဖုံးလွှမ်းတတ်သော မောဟတည်းဟူသော အမိုက်မှောင်ကို ဖျက်ဆီးတတ်သော သမ္မာဒိဋ္ဌိဉာဏ် အရောင်အလင်းသည်၊ ဥဒပါဒိ- ထင်ရှားဧကန် အမှန်ဖြစ်တောမူပြီ။

ဒုက္ခ၌ ကိစ္စဉာဏ် (၀ါ) မဂ်ဉာဏ်

၁၀။ ဘိက္ခဝေ- သံသရာဝဋ်မှ ကျွတ်လွတ်လိုငြား အိုချစ်သားတို့၊ တံ ခေါ ပနိဒံ ဒုက္ခံ အရိယသစ္စံ- ထိုဝိပဿနာဉာဏ်ဖြင့် ဝေဖန်သိမ်းဆည်းအပ်ပြီးသော ဒုက္ခအရိယသစ္စာကို၊ ပရိညေယျ န္တိ- ဤရွေ့ဤမျှဟု ပိုင်းခြားဝေဖန်၍ မဂ်ဉာဏ်အသိတို့ဖြင့် သိအပ်၏ ဟူ၍
၊ မေ-မယာ- ငါဘုရားသည်၊ ပုဗ္ဗေ- ဘုရားမဖြစ်မီ ရှေးကာလ၌၊ အနနုဿုတေသု- တစ်စုံတစ်ယောက်ထံမှ ပြောသံကို မကြားစဖူးကုန် သော၊ ဓမ္မေသု- သစ္စာလေးပါး တရားအထူးတို့၌၊
စက္ခုံ- ဇာတိစသော ဒုက္ခသစ္စာထိုက်သည့် ရှုစိတ် မှတ်စိတ် ပွားများစိတ် ကြံစည်စိတ် တွေးတောစိတ် ဝေဖန်စိတ် ချစ်စိတ် မုန်းစိတ် အစရှိသော စိတ်အမျိုးမျိုး ဖြစ်ပေါ်ခြင်းကို မြင်တတ်သော သောတာပတ္တိမဂ်ဉာဏ်တည်းဟူသော ပညာမျက်စိသည်၊ ဥဒပါဒိ-ထင်ရှားဧကန် အမှန်ဖြစ်တော်မူပြီ။
ဉာဏံ- ကောင်းကောင်းဆိုးဆိုး စိတ်အမျိုးမျိုးတို့၏ ဖြစ်ပေါ်ခြင်းတည်းဟူသော ဇာတိစသော ဒုက္ခသစ္စာကို သိတတ်သော သတဒါဂါမိမဂ် ဉာဏ်သည်၊ ဥဒပါဒိ- ထင်ရှားဧကန် အမှန်ဖြစ်တော်မူပြီ။
ပညာ- ဇာတိ စသော ဒုက္ခသစ္စာထိုက်သည့် ကောင်းကောင်းဆိုးဆိုး စိတ်အမျိုးမျိုးတို့၏ ဖြစ်ပေါ်ခြင်းကို အပြားအားဖြင့် တစ်ပါးစီ တစ်ပါးစီ ခွဲခြားဝေဖန်တတ်သော အနာဂါမိမဂ်ဉာဏ်သည်၊ ဥဒပါဒိ- ထင်ရှားဧကန်အမှန်ဖြစ်တော်မူပြီ။
ဝိဇ္ဇာ- ဇာတိစသော ဒုက္ခသစ္စာထိုက်သည့် လောကီစိတ်အမျိုးမျိုးကို ထိုးထွင်း၍ သိတတ်သော အရဟတ္တမဂ်ဉာဏ်သည်၊ ဥဒပါဒိ- ထင်ရှားဧကန် အမှန်ဖြစ်တော်မူပြီ။
အာလောကော- ဇာတိစသော ဒုက္ခသစ္စာထိုက်သည့် ရှုစိတ် မှတ်စိတ် တွေးစိတ် ကြံစိတ် အားထုတ်စိတ် ပြုလုပ်စိတ် ပွားများစိတ် လိုခင်စိတ် မလိုခင်စိတ်ချစ်စိတ် မုန်းစိတ်ဖြစ်ခြင်းကို မသိမမြင် မထင်နိုင်အောင် ဖုံးလွှမ်းတတ်သော မောဟတည်းဟူသော အ
မိုက်မှောင်ကို ကုန်စင်အောင် ဖျက်ဆီးတတ်သော မဂ်လေးတန်အကုန် အလင်းဓာတ်မျိုးစုံသည်၊ ဥဒပါဒိ- ထင်ရှားဧကန် အမှန်ဖြစ် တော်မူပြီ။

ဒုက္ခ၌ ကတဉာဏ် (၀ါ) ဖိုလ်ဉာဏ်

၁၁။ ဘိက္ခဝေ- နိဗ္ဗာန်လိုဘိ အို- တပည့်တို့။ တံ ခေါပနိဒံ ဒုက္ခံ အရိယသစ္စံ- ထိုဝိပဿနာဉာဏ် မဂ်ဉာဏ်တို့ဖြင့်ပိုင်းခြားဝေဖန်အပ်ပြီးသော ဇာတိစသောဒုက္ခ အရိယသစ္စာကို၊ ပရိညာတ န္တိ- အချင်းခပ်သိမ်းပိုင်းခြားဝေဖန်၍ ဖိုလ်ဉာဏ်တို့ဖြင့် တစ်ဖန်သိရှိပြီးပြီဟူ၍၊ မေ-ငါဘုရားသည်၊ ပုဗ္ဗေ- ဘုရားမဖြစ်မီ ရှေးကာလ၌၊ အနနုဿုတေသု- တစ်စုံတစ်ယောက်မျှ မပြောစဖူးကုန်သေးသော၊ ဓမ္မေသု- သစ္စာလေးပါး ထူးမြတ်သောတရားတို့၌၊
စက္ခုံ- စိတ်အအမျိုးမျိုးဖြစ်ပေါ်ခြင်းတည်းဟူသောဇာတိတည်းဟူသော ပညာမျက်စိသည်၊ ဥဒပါဒိ- ထင်ရှားဧကန်အမှန်ဖြစ်တော်မူပြီ။
ဉာဏံ- စိတ်အမျိုးမျိုး ဖြစ်ပေါ်ခြင်း တည်းဟူသောဇာတိစသော ဒုက္ခသစ္စာကို သိတတ်သော သကဒါဂါမိဖိုလ်ဉာဏ်သည်၊ ဥဒပါဒိ- ထင်ရှားဧကန်အမှန်ဖြစ်တော်မူပြီ။
ပညာ- လောကီစိတ် အမျိုးမျိုး ဖြစ်ပေါ်ခြင်းတည်းဟူသော ဇာတိစသော ဒုက္ခသစ္စာကို အပြားအားဖြင့် တစ်ပါးစီ တစ်ပါးစီပိုင်းခြားဝေဖန်၍ သိနိုင်သောအနာဂါမိဖိုလ်ဉာဏ်သည်၊ ဥဒပါဒိ- ထင်ရှားဧကန် အမှန်ဖြစ်တော်မူပြီ။ ၀ိဇ္ဇာ- လောကီအာရုံတို့ကို စွဲ၍ဖြစ်ပေါ်လာရသောစိတ်အမျိုးမျိုးတည်းဟူသော ဒုက္ခသစ္စာကို ထိုးထွင်း၍ သိတတ်သော အရဟတ္တဖိုလ်ဉာဏ်သည်၊ ဥဒပါဒိ- ထင်ရှားဧကန် အမှန်ဖြစ်တော်မူပြီ။
အာလောကော- ရှုစိတ် မှတ်စိတ် ပွားစိတ် တွေးစိတ်ကြံစိတ် အားထုတ်စိတ် လိုချင်စိတ် မလိုချင်စိတ် အစရှိသောစိတ် အမျိုးမျိုးဖြစ် ပေါ်ခြင်း ဒုက္ခသစ္စာကိုမသိမမြင် မထင်နိုင်အောင် ဖုံးလွှမ်းတတ်သောမောဟတည်းဟူသော အမိုက်အမှောင်ကို ကုန်စင်အောင် ဖျက်ဆီးတတ်သော ဖိုလ်လေးတန်အကုန်အလင်းဓာတ်မျိုးစုံသည်၊ ဥဒပါဒိ- ထင်ရှာဧကန် အမှန်ဖြစ်တော်မူပြီ။


သမုဒယ၌ သစ္စဉာဏ် (၀ါ) ၀ိပဿနာဉာဏ်

၁၂။ ဘိက္ခဝေ- သံသရာဘေးကို ရှုလေ့ရှိကုန်သော တပည့်တို့၊ ဣဒံ- ဤကာမတဏှာ ဘ၀တဏှာ ၀ိဘ၀တဏှာ တည်းဟူသော လောဘသည်၊(တစ်နည်း) ဤသဿတဒိဋ္ဌိ ဥစ္ဆေဒဒိဋ္ဌိစသော (၆၂) ပါးသော ဒိဋ္ဌိတို့ကို ဖြစ်စေတတ်သော ချင်းခြင်းတည်းဟူသော လောဘစိတ်သည်၊ ဒုက္ခသမုဒယံ အရိယသစ္စ န္တိ- ဒုက္ခဟူသော မှန်စိတ် ရှုစိတ် ပွားများစိတ် ကြံစည်စိတ် တွေးတောစိတ် ပြုလုပ်စိတ် အားထုတ်စိတ် ကောင်းစိတ် မကောင်းစိတ် ချစ်စိတ် မုန်းစိတ် နှစ်သက်စိတ် မနှစ်သက်စိတ် ကြိုက်စိတ် မကြိုက်စိတ် စသော စိတ်ကူးမှ ဖြစ်ပေါ်လာရသော စိတ်အမျိုးမျိုးတို့၏ အကြောင်းဒုက္ခဖြစ်သော အရိယာနွယ်ဝင် သူတော်စင်တို့၏ဉာဏ်ဖြင့် အမှန်အတိုင်း သိမြင်အပ်သော ချင်ခြင်း တရားအမှန်ပေတည်း။

ဣတိ- ဤသို့ ချင်ခြင်းသဘောတည်းဟူသော လောဘတဏှာကို ဒုက္ခသမုဒယ ဟူ၍၊ မေ-မယာ- ငါဘုရားသည်၊ ပုဗ္ဗေ- ဘုရားမဖြစ်မီကာလ ရှေးမဆွက၊ အနနုဿုတေသု- သစ္စာလေးပါး တရားအထူးတို့၌
စက္ခုံ- ချင်ခြင်းတည်းဟူသော သမုဒယသစ္စာကို မြင်တတ်သော အနိစ္စာနုပဿနာဉာဏ် ဟူသော ပညာမျက်စိသည်၊ ဥဒပါဒိ- ထင်ရှားဧကန် အမှန်ဖြစ်တော်မူပြီ။
ဉာဏံ-ချင်ခြင်းသဘောသည် ဟူသော သမုဒယသစ္စာကိုသိတတ်သော ဒုက္ခာနုပဿာနာဉာဏ်သည်၊ ဥဒပါဒိ- ထင်ရှားဧကန် အမှန်ဖြစ်တော်မူပြီ။
ပညာ- ချင်ခြင်းသဘောတည်းဟူသော သမုဒယသစ္စာကို အပြားအားဖြင့် တစ်ပါးစီ တစ်ပါးစီ ခွဲခြားဝေဖန် သိစွမ်းနိုင်သော အသုဘာနုပဿနာဉာဏ် သည်၊ ဥဒပါဒိ- ထင်ရှားဧကန်အမှန်ဖြစ်တော်မူပြီ၊
ဝိဇ္ဇာ- ချင်ခြင်း တည်းဟူသော သမုဒယသစ္စာကို ထိုးထွင်း၍ သိတတ်သော အနတ္တာနုပဿနာ ဉာဏ်သည်၊ ဥဒပါဒိ- ထင်ရှားဧကန် အမှန်ဖြစ်တော်မူပြီ။
အာလောကော- မလိုချင် လိုချင် မှတ်ချင် ရှုချင် တွေးချင် မတွေးချင် အားထုတ်ချင် အားမထုတ်ချင် စသော အမျိုးမျိုးသော ချင်ခြင်းသဘော တည်းဟူသော သမုဒယသစ္စာကို ဖုံးလွှမ်းတတ်သော မသိခြင်းတည်းဟူသော မောဟအမိုက်မှောင်ကို ဖျက်ဆီးတတ်သော သမ္မာဒိဋ္ဌိ ပညာရောင် အလင်းသည်၊ဥဒပါဒိ- ထင်ရှားဧကန် အမှန်ဖြစ်တော်မူပြီ။

သမုဒယ၌ ကိစ္စဉာဏ် (၀ါ) မဂ်ဉာဏ်

၁၃။ ဘိက္ခဝေ- သံသရာဝဋ်မှ လွတ်ကင်းလိုငြား အို- ချစ်သားတို့၊ တံ ခေါ ပနိဒံ ဒုက္ခသမုဒယံ အရိယသစ္စံ- ထိုဒုက္ခ၏ အကြောင်းဖြစ်သော ချင်ခြင်းတည်းဟူသော အရိယသစ္စာကို ပဟာတဗ္ဗ န္တိ- သောတာပတ္တမဂ် စသော မဂ်လေးပါးဖြင့် ကာမတဏှာ ဘ၀တဏှာ တည်းဟူသော သဿတဒိဋ္ဌိနှင့် ၀ိဘ၀တဏှာ တည်းဟူသော ဥစ္ဆေဒဒိဋ္ဌိတို့ကို၎င်း အသီးသီးပယ်အပ်၏။
ဣတိ- ဤသို့၊ မေ-မယာ- ငါဘုရားသည်၊ ပုဗ္ဗေ- ဘုရားမဖြစ်မီကာလ ရှေးမဆွက၊ အနနုဿုတေသု- တစ်ဆင့်စကားဖြင့် မကြားစဖူးကုန်သော၊ ဓမ္မေသု- သစ္စာလေးပါး တရားအထူးတို့၌၊
စက္ခုံ- သမုဒယသစ္စာကို မြင်တတ်သော သောတာပတ္တိဉာဏ်သည်၊ ဥဒပါဒိ- ထင်ရှားဧကန် အမှန်ဖြစ်ပေါ်မူပြီ။
ဉာဏံ- သမုဒယသစ္စာကို သိတတ်သော သကဒါဂါမ်ဉာဏ်သည်၊ ဥဒပါဒိ- ထင်ရှားဧကန် အမှန်ဖြစ်ပေါ်မူပြီ။
်ပညာ- သမုဒယသစ္စာတည်းဟူသော ချင်ခြင်း အမျိုးမျိုး ကို အပြားအားဖြင့် တစ်ပါးစီ တစ်ပါးစီ ခွဲခြားဝေဖန် နိုင်သော အနာဂါမိဉာဏ် သည်၊ ဥဒပါဒိ- ထင်ရှားဧကန် အမှန်ဖြစ်ပေါ်လေပြီ။
ဝိဇ္ဇာ- သမုဒယသစ္စာကို ထိုးထွင်း၍ သိတတ်သော အရဟတ္တမဂ်ဉာဏ်သည်၊ ဥဒပါဒိ- ထင်ရှားးဧကန် အမှန်ဖြစ်ပေါ်လေပြီ။
အာလောကော- ချစ်ခြင်း အမျိုးမျိုးတည်းဟူသော သမုဒယသစ္စာကို မသိမထင် မမြင်နိုင်အောင်ဖုံးလွှမ်းတတ်သော မောဟတည်းဟူသော အမိုက်အမှောင်ကို ကုန်စင်အောင်ဖျက်ဆီးတတ်သော မဂ်လေးတန် အကုန် အလင်းဉာဏ်မျိုးစုံသည်ဥဒပါဒိ- ထင်ရှားဧကန် ဖြစ်ပေါ် လာလေပြီ။

သမုဒယ၌ ကတဉာဏ် ( ၀ါ) ဖိုလ်ဉာဏ်

၁၄။ ဘိက္ခဝေ- ချင်ခြင်းဘေးမှ လွတ်ကင်းလိုငြားအို- ချစ်သားတို့၊ တံ ခေါပနိဒံ ဒုက္ခသမုဒယံ အရိယသစ္စံ-စိတ်အမျိုးမျိုးဖြစ်ခြင်းတည်းဟူသော ဒုက္ခ၏ အကြောင်းရင်းဖြစ်သောချင်ခြင်းတည်းဟူသော သမုဒယအရိယသစ္စာကို၊ ပဟီနံ- ဖိုလ်လေးတန်ဉာဏ်အစုံတို့ ဖြင့် တစ်ဖန်ထပ်၍ ပယ်အပ်ပြီ။
ဣတိ- ဤသို့၊ မေ-မယာ- ငါဘုရားသည်၊ ပုဗ္ဗေ- ဘုရားမဖြစ်မီကာလ ထိုခဏက၊ အနနုဿုတေသု- မည်သူ့ထံကမျှတစ်ဆင့်စကား မကြားစဖူးကုန်သော၊ ဓမ္မေသု- သစ္စာလေးပါးတရားအထူးတို့၌၊
စက္ခုံ- သမုဒယသစ္စာကို မြင်တတ်သော သောတာပတ္တိဖိုလ်ဉာဏ်သည်၊ ဥဒပါဒိ- ထင်ရှားဧကန် အမှန်ဖြစ်ပေါ်ပေပြီ၊
ဉာဏံ- သမုဒယသစ္စာကို သိတတ်သော သကဒါဂါမိဖိုလ်ဉာဏ်၊ ဥဒပါဒိ- ထင်ရှားဧကန် အမှန်ဖြစ်ပေါ်ပေပြီ။
ပညာ- သမုဒယသစ္စာကို အပြားအားဖြင့် တစ်ပါးစီတစ်ပါးစီ ခွဲခြားဝေဖန်နိုင်သော အနာဂါမိဖိုလ်ဉာဏ်သည်၊ ဥဒပါဒိ- ထင်ရှား
ဧကန် အမှန်ဖြစ်ပေါ်ပေပြီ။
ဝိဇ္ဇာ- သမုဒယသစ္စာကို ထိုးထွင်း၍ သိတတ်သောအရဟတ္တဖိုလ်ဉာဏ်သည်၊ ဥဒပါဒိ- ထင်ရှားဧကန် အမှန်ဖြစ်တော်မူပေပြီ။
အာလောကော- သမုဒယသစ္စာကို ဖုံးလွှမ်းတတ်သော မောဟတည်းဟူသော အမိုက်တိုက်ကို ဖျက်ဆီးနိုင်သော ဖိုလ်လေးတန်
အကုန် အလင်းဓာတ်မျိုးစုံသည်၊ ဥဒပါဒိ-ထင်ရှားဧကန် အမှန်ဖြစ်ပေါ်လာလေပြီ။

နိရောဓ၌ သစ္စဉာဏ် (၀ါ) ၀ိပဿနာဉာဏ်

၁၅။ ဘိက္ခဝေ- နိဗ္ဗာန်လိုဘိ အို- တပည့်တို့၊ ဣဒံ-ဤ၀ိရာဂစာဂ ပဋိနိဿဂ္ဂ မုတ္တိ အနာလယ ဟူသော အမည်ငါးပါး အပြားရှိသော နိဗ္ဗာန်သည်၊ဒုက္ခနိရောဓံ- ဥပါဒါနက္ခန္ဓာ စိတ် စေတသိက် ရုပ်ဟူသော ဒုက္ခ၏ ချုပ်ရာဖြစ်သော၊ အရိယသစ္စံ- အရိယာနွယ်ဝင် သူတောစင်တို့ ဉာဏ်ဖြင့် အမှန်အတိုင်း သိမြင်အပ်သော တရားအထူးမည်၏။
ဣတိ- ဤသို့၊ မေ-မယာ- ငါဘုရားသည်၊ ပုဗ္ဗေ-ဘုရားမဖြစ်မီကာလ ရှေးမဆွက၊ အနနုဿုတေသု- တစ်ဆင့်စကားနားမှလေသံ မကြားစဖူးကုန်သော၊ ဓမ္မေသု- သစ္စာလေးပါးမြတ်တရားတို့၌
စက္ခုံ- နိဗ္ဗာန်ကို မြင်တတ်သော အနိစ္စဉာဏ် တည်းဟူသော ပညာမျက်စိသည်၊ ဥဒပါဒိ- ထင်ရှားဧကန် အမှန်ဖြစ်တော်မူပြီ။
ဉာဏံ-နိဗ္ဗာန်ကို သိတတ်သော ဒက္ခဉာဏ်သည်၊ ဥဒပါဒိ- ထင်ရှားဧကန် အမှန်ဖြစ်ပေါ်ပေပြီ။
ပညာ- နိဗ္ဗာန်ကို အပြားအားဖြင့် တစ်ပါးစီ တစ်ပါးစီ (တစ်နည်း) အနိမိတ္တနိဗ္ဗာန် အပ္ပဏိဟိတနိဗ္ဗာန် သုညတနိဗ္ဗာန် စသည်ဖြင့် ခွဲခြားဝေဖန်နိုင်သောအသုဘဉာဏ်သည် ဥဒပါဒိ- ထင်ရှားဧကန် အမှန်ဖြစ်ပေါ်ပေပြီ။
ဝိဇ္ဇာ- နိဗ္ဗာန်ကို ထိုးထွင်း၍ သိတတ်သော အနတ္တဉာဏ်သည်၊ ဥဒပါဒိ- ထင်ရှားဧကန် အမှန်ဖြစ်တော်မူပြီ။
အာလောကော- နိဗ္ဗာန်ကို ဖုံးလွှမ်းတတ်သော မောဟတည်းဟူသော အမိုက်မှောင်ကို ကုန်စင်အောင် ဖျက်ဆီးနိုင်သော သမ္မာဒိဋ္ဌိပညာရောင်အလင်းသည်၊ဥဒပါဒိ- ထင်ရှားဧကန် အမှန်ဖြစ်တော်မူပြီ။

နိရောဓ၌ ကိစ္စဉာဏ် (၀ါ) မဂ်ဉာဏ်

၁၆။ ဘိက္ခဝေ- နိဗ္ဗာန်လိုငြား အို-ချစ်သားတို့၊ တံ ခေါ ပနိဒံ ဒုက္ခနိရောဓံ အရိယသစ္စံ- ထိုဒုက္ခ၏ ချုပ်ရာဖြစ်သော နိဗ္ဗာန်တည်းဟူသော အရိယသစ္စာကို၊သစ္ဆိကာတဗ္ဗံ- သောတာပတ္တိမဂ်ဉာဏ်ဖြင့် စာဂနိဗ္ဗာန်ကို၎င်း၊ သကဒါဂါမိမဂ်ဉာဏ်ဖြင့် ပဋိနိဿဂ္ဂ နိဗ္ဗာန်ကို၎င်း၊ အနာဂါမိမဂ်ဉာဏ်ဖြင့် ပဋိနိဿဂ္ဂနိဗ္ဗာန်ကို၎င်း၊ အနာဂါမိမဂ်ဉာဏ်ဖြင့် မုတ္တိနိဗ္ဗာန်ကို၎င်း၊ အရဟတ္တမဂ်ဉာဏ်ဖြင့် အနာလယနိဗ္ဗာန်ကို၎င်း မျက်မှောက်ပြုအပ်၏။
ဣတိ- ဤသို့၊ မေ-မယာ- ငါဘုရားသည်၊ ပုဗ္ဗေ- ဘုရားမဖြစ်မီကာလ ရှေးမဆွက၊ အနနုဿုတေသု- တစ်စုံတစ်ယေက်မျှ ဟောပြောခြင်းဖြင့် နားမှလေသံ မကြားရစဖူးကုန်သော၊ ဓမ္မေသု- သဏ္စာလေးပါး တရားအထူးတို့၌။
စက္ခုံ- နိဗ္ဗာန်ကို မြင်တတ်သော သောတာပတ္တိမဂ်ဉာဏ်တည်းဟူသော ပညာမျက်စိသည်၊ ဥဒပါဒိ- ထင်ရှားဧကန် အမှန်ဖြစ်တော်မူ၏။
ဉာဏံ- နိဗ္ဗာန်ကို သိတတ်သော သကဒါဂါမိမဂ်ဉာဏ်သည်၊ ဥဒပါဒိ- ထင်ရှားဧကန် အမှန်ဖြစ်တော်မူပြီ။
ပညာ- နိဗ္ဗာန်ကို အပြားအားဖြင့် တစ်ပါးစီ တစ်ပါးစီ ခွဲခြားဝေဖန်နိုင်သော အနာဂါမိမဂ်ဉာဏ် သည်၊ ဥဒပါဒိ- ထင်ရှားဧကန် အမှန်ဖြစ် တော်မူပြီ။
ဝိဇ္ဇာ- နိဗ္ဗာန်ကို ထိုးထွင်း၍ ကြောင်ကြောင်ကြီးမြင်တတ်သော အရဟတ္တမဂ်ဉာဏ်သည်၊ ဥဒပါဒိ- ထင်ရှားဧကန်အမှန်ဖြစ်တော်မူပြီ။
အာလောကော- နိဗ္ဗာန်ကို ဖုံးလွှမ်းတတ်သော မောဟတည်းဟူသော အမိုက်မှောင်ကို ကုန်စင်အောင် ဖျက်ဆီးနိုင်သော မဂ်လေးတန်အကုန် အလင်းဓာတ်မျိုးစုံသည်၊ ဥဒပါဒိ- ထင်ရှားမသွေဖြစ်ပေါ်၍ လာပေပြီ။

နိရောဓ၌ ကတဉာဏ် (၀ါ) ဖိုလ်ဉာဏ်
၁၇။ ဘိက္ခဝေ- နိဗ္ဗာန်လိုငြား အို- ချစ်သားတို့၊ တံ ခေါပနိဒံ ဒုက္ခနိရောဓံ အရိယသစ္စံ- ထိုဥပါဒါနက္ခန္ဓာဖြစ်သော စိတ် စေတသိက် ရုပ်ဟူသော (၀ါ) ကောင်းကောင်းဆိုးဆိုး မမျိုးမျိုးသော စိတ်တို့၏ ချုပ်ရာဖြစ်သော နိဗ္ဗာန်တည်းဟူသော အရိယသစ္စာကို၊ သစ္ဆိကတံ- ဖိုလ်လေးတန်အကုန် ဉာဏ်မျိုးစုံတို့ဖြင့် တစ်ဖန်မျက်မှောက်ပြုအပ်လေပြီ။
ဣတိ- ဤသည်၊ မေ-မယာ- ငါဘုရားသည်၊ ပုဗ္ဗေ-ဘုရားမဖြစ်မီကာလ ရှေးမဆွက၊ အနနုဿုတေသု- တစ်ဆင့်စကားဖြင့် မကြားစဖူးကုန်သောဓမ္မေသု- သစ္စာလေးပါး တရားအထူးတို့၌
စက္ခုံ- နိဇ္ဗာန်ကို မြင်တတ်သော သောတာပတ္တိဖိုလ်ဉာဏ်တည်းဟူသော ပညာမျက်စိသည်၊ဥဒပါဒိ- ထင်ရှားဧကန် အမှန်ဖြစ်တော်မူပေပြီ။
ဉာဏံ- နိဗ္ဗာနကို သိတတ်သော သကဒါဂါမိဖိုလ်ဉာဏ်သည်၊ဥဒပါဒိ- ထင်ရှားဧကန် အမှန်ဖြစ်တော်မူပြီ။
်ပညာ-နိဗ္ဗာန်ကို အပြားအားဖြင့် တစ်ပါးစီ တစ်ပါးစီ ခွဲခြားဝေဖန် တတ်သော အနာဂါမိဖိုလ်ဉာဏ်သည်၊ ဥဒပါဒိ- ထင်ရှားဧကန် အမှန်ဖြစ်တော်မူပြီ။
ဝိဇ္ဇာ- နိဗ္ဗာန်ကို ထိုးထွင်း၍ သိတတတ်သော အရဟတ္တဖိုလ်ဉာဏ်သည်၊ ဥဒပါဒိ- ထင်ရှားဧကန် အမှန်ဖြစ်တော်မူပြီ။
အာလောကော- နိဗ္ဗာန်ကို ကုန်စင်အောင် ဖုံးလွှမ်းတတ်သော မောဟတည်းဟူသော အမိုက်မှောင်ကို ကုန်စင်အောင် ဖျက်ဆီးနိုင်သော ဖိုလ်လေးတန်အကုန် အလင်းဓာတ်မျိုးစုံသည်၊ ဥဒပါဒိ - ထင်ရှားဧကန်ဖြစ်ပေါ်၍ လာပေပြီ။

Read More!

ဓမ္မစကြာအနက်(၁)

ဓမ္မစကြာအမွမ်း
စတုသစ္စံ-သစ္စာလေးပါးကို။ ပကာသေန္တော- ပြတော်မူသော။ လောကနာထော-လူတို့ဒ ကိုးကွယ်ရာဖြစ်တော်မူသော
မြတ်စွာဘုရားသည်။ သဟမ္ပတိနာမကေန- သဟမ္ပတိ အမည်ရှိသော။ မဟာဗြဟ္မေန-မြတ်သော ဗြဟ္မာမင်းသည်။ ယာစိတော-
တရားဟောစိမ့်သောငှာ တောင်းပန်အပ်သည်ဖြစ်၍။ ဣသိပတနနာမကေ-ဘုရား၊ ပစ္စေကဗုဒ္ဓါ၊ အရိယာတို့ဧ။် ကောင်းကင်မှ
သက်ရာ၊ ကောင်းကင်သို့ တက်ရာဖြစ်၍ ဣသိပတန အမည်ရှိသော။ မိဂဒါယေ သားတို့အား ဘေးမဲ့ပေးရာ မိဂဒါဝုန် သားပေါင်းစုံ
သည့် မိဂဒါ-ုန် တောရဂုံ၌။ ပဉ္စ၀ဂ္ဂီနံ-ငါးယောက်အစုရှိခြင်းကြောင့် ပဉ္စ၀ဂ္ဂီ အမည်ရှိကုန်သော။ ဘိက္ခူနံ- အရှင်ကောဏ္ဍည၊ အရှင်
ဝပ္ပ၊ အရှင်အဟာနာမ်၊ အရှင်အဿဇိ၊ ပရိဗိုဇ်ရဟန်းတို့အား။ နိဗ္ဗာနပါပကံ-နိဗ္ဗာန်သို့ရောက်စေတတ်သော။ ဓမ္မ၀ရံ-မြတသောတရား
ဖြစ်သော။ ယံ ဓမ္မစက္ကံ-အကြင်ဓမ္မစကြာဒေသနာတော်ကို။ အဒေသယိ- ဟောတော်မပြီ။
သဗ္ဗဒေဝေဟိ-ခပ်သိမ်းကုန်သော သမ္မုတိနတ် ဥပပတ္တိနတ် ၀ိသုဒ္ဓိနတ်တို့သည်။ ( ၀ါ) ခပ်သိမ်းကုန်သောနတ်၊ ဗြဟ္မာတို့
သည်။ နန္ဒိတံ-နှစ်လိုအပ်သော။ သဗ္ဗသမ္ပတ္တိသာဓကံ-ခပ်သိမ်းသော လောကီ လောကုတ္တရာ ပစ္စုန်ပ္ပန်သံသရာ စည်းစိမ်ကိုပြီးစေတတ်
သော။ တံ ဓမ္မစက္ကံ-ထိုဓမ္မစကြာ ဒေသနာတော်ကို။ သဗ္ဗလောကဟိတတ္ထာ-ခပ်သိမ်းသော လောကဧ။် အစီးအပွားအကျိုးငှာ။ ဟေ-အို-
အရှင်သူတော်ကောင်းတို့။ မယံ-ငါတို့သည်။ဘဏာ- ရွတ်ကြကုန်အံ့။


အတွင်းနိဒါန်း
ဘန္တေ ကဿပ-အရှင်မဟာကဿပ။
၁။ ဣဒံ သုတ္တံ- ဤဓမ္မစကြာသုတ်တော်ကို၊ မယာ-မယာ အာနန္ဒေန- တပည့်တော် အာနန္ဒာသည်၊ ဘဂ၀တော- ဘုန်းတော်
ခြောက်ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားသခင်ဧ။်၊ သမ္မုခါ- မျက်မှောက်တော်မ၊ ဧ၀ံ-ဤသို့သော အခြင်းအရာဒေသနာအစဉ်အား
ဖြင့်၊အဟံ-ကြားနာလိုက်ရဧ။်။
ဧကံ သမယံ-အခါတစ်ပါး၌၊ ဘဂ၀ါ-မြတ်စွာဘုရားသည်၊ ဗာရာဏသိယံ- ဗာရာဏသီပြည်၌၊ ဣတိပတနေ- ဘုရား ပစ္စေက
ဗုဒ္ဓါ အရိယာတို့ဧ။် ကောင်းကင်မှ သက်ရာ ကောင်းကင်သို့တက်ရာဖြစ်ခြင်းကြောင့် ဣသိပတနအမည်ရှိသော၊ မိဂဒါယေ- သားသမင်အပေါင်းတို့ကို ဘေးမဲ့ပေရာဖြစ်သော မိဂဒါဝုန်တော၌၊ ၀ိဟရတိ- နေတော်မူဧ။်။
တတြ ခေါ- ထိုသို့နေတော်မူသောအခါ၌၊ ဘဂ၀ါ- မြတ်စွာဘုရားသည်၊ ပဉ္စ၀ဂ္ဂိယေ- အရှင်ကောဏ္ဍည၊ ၀ပ္ပ၊ ဘဒ္ဒိယ၊ မဟာန်မ်၊
အဿဇိ ဟူသော အမည်ရှိကုန်သော ငါးဦးသောပရဗိုဇ် ရဟန်းတို့ကို၊ အာမန္တေသိ- အမိန့်ရှိတော်မူဧ။်

အယုတ်တရားနှစ်ပါး
၂။ ဘိက္ခဝေ- သံသရာဘေးမှ ကင်းဝေးလိုငြား အို- ချစ်သားတို့၊ ပဗ္ဗဇိတေန- သံသရာဝဋ် တဏှာညွှတ်မှ လွတ်လိုငြား
ကျားမ မဟူ အကြင်သူသည်၊ ဒွေ- နှစ်ပါးကုန်သော၊ ဣမေ အန္တာ- ဤအစွန်းနှစ်ခု အယုတ်တရားစုတို့ကို၊ န သေ၀ိတဗ္ဗာ- မမှီအပ်
အားမထုတ်အပ်ကုန်။ ကတမေ ဒွေ- အဘယ်တရား နှစ်ပါးတို့နည်းဟူမူကား။
(က) ကာမေသု- ကာမဘုံ ရူပဘုံ အရူပဘုံ ဟူသော ဘုံသုံးပါးတို့၌ ဖြစ်စေတတ်ကုန်သော ၀တ္ထုအာရုံ ကာမဂုဏ်တို့၌၊ ကာမသုခလ္လိ
ကာနုယောဂေါ- ကာမဂုဏ်စိတ်ဖြင့် အဖန်ဖန်အားထုတ်ခြင်းဟုဆိုအပ်သော၊ ယော စာယံ- ယော စအယံ အန္တော- အကြင်သဿတဒိဠိ
ဖြစ်သော အစွန်းတစ်ခုသည်လည်း၊ဟီနော- အမြဲဒုက္ခကို ဖြစ်စေတတ်သောကြောင့် ယုတ်ညံ့ဧ။်၊ ဂါမ္မော- ရွာသူတို့ဧ။် အကျပ်ဖြစ်ဧ။်။
ပေါထုဇ္ဖနိကော- ပုထုဇဉ်တို့ဧ။် အလေ့ဖြစ်ဧ။်၊ အနရိယော- အရိယာသူတော်စင်တို့ဧ။် အကျင့်မဟုတ်၊ အနတ္ထ- သံဟိတော- လောကီအကျိုး
စီးပွား မဂ်ဖိုလ်အကျိုးစီးပွားနှင့် မစပ်ဆိုင်ချေ။ (အ၀ိဇ္ဖာဦးစီး၍ ပြုလုပ်သော ပုညာဘိသင်္ခါရနှင့် အပုညာဘိသင်္ခါရမျိုး)။
(ခ) အတ္တကိလမထာနုယောဂေါ- မိမိကိုယ်ပင်ပန်းခြင်း စိတ်ပင်ပန်းခြင်းကိုဖြစ်စေလျက် အားထုတ်ခြင်းဟု ဆိုအပ်သော၊ ယော စာယံ- ယော စအယံ အန္တော- အကြင်ဥစ္ဆေဒဒိဠိဖြစ်သောအစွန်းတစ်ခုသည်လည်း၊ ဒုက္ခော- ကိုယ်စိတ်နှစ်ဖြာ ဆင်းရဲစွာဧ။်၊ အနရိယော- တိတ္ထိတို့ဧ။်အကျင့်ဖြစ်၏
အနတ္ထသံဟိတော- မဂ်ဖိုလ်နိဗ္ဗာန် သုံးတန်သော အကျိုးစီးပွားနှင့် လားလားမျှမစပ်ဆိုင်ချေ၊ (အ၀ိဇ္ဇာဦးစီး၍ ပြုလုပ်သော အာနေဉ္ဇာဘိသင်္ခါရအကျင့်မျိုး)။

အလယ်အလတ်အကျင့်
၃။ ဘိက္ခဝေ- သံသရာဘေးကို ရှုလေ့ရှိကြသော အို- ချစ်သားတို့၊ ဧတေ ခေါ ဥဘော အန္တ- ထိုကာမသုခလ္လိကာနုယောဂ
တည်းဟူသော သဿတဒိဠိအကျင့်နှင့် အတ္တကိလမထာနုယောဂတည်းဟူသော ဥစ္ဆေဒဒိဠိအကျင့် အယုတ်တရား နှစ်ပါးအစွန်းတို့ကို၊
အနုပဂမ္မ- မကပ်မယှဉ် မပွားများမူ၍၊ တထာဂတေန- ရှေးရှေးသော ဘုရားရှင်တို့ကဲ့သို့ လာခြင်းကောင်းတော်မူသော ငါဘုရားသည်၊
အဘိသမ္ဗုဒ္ဓါ- မိမိအလိုလို ထိုးထွင်း၍ သိတော်မူအပ်၏။
သာ- ထိုအလယ်အလတ်ဖြစ်သော မဇ္ဈိမာ ပဋိပဒါအကျင့်သည်ကား၊ စက္ခုကရဏီ- သောတာပတ္တိမဂ်ဉာဏ်ကို မြင်စေသော
ပညာမျက်စိကို ပြုတတ်၏။ ဉာဏကရဏီ- အထက်မဂ်သုံးပါးကို သိစေသော ဉာဏ်ကိုြ့ပုတတ်၏၊ ဥပသမာယ- ဒိဠိနှင့်ဝိစိကိစ္စာ ကိလေ
သာငြိမ်းခြင်းတည်းဟူသော သောတာပတ္တိမဂ်ဉာဏ်၏အကျိုးငှာ၊ အဘိညာယ- အထက်မဂ်သုံးပါးကိုထူးသောဉာဏ်ဖြင့် သိခြင်းငှာ၊ သ
မ္ဗောဓာယ- အရဟတ္တမဂ် အရဟတ္တဖိုလ်ကို ကောင်းစွာ ထိုးထွင်း၍သိခြင်းငှာ၊ နိဗ္ဗာနာယ- အနုပါဒိသေသ နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်း၏
အကျိုးငှာ၊ သံဝတ္တတိ- ကောင်းစွာဖြစ်၏။
၎။ ဘိက္ခဝေ- တရားလိုဘိ အို- တပည့်တို့၊ တထာဂတေန- ရှေးဘုရားတို့ကဲ့သို့ လာခြင်းကောင်းတော်မူသော ငါဘုရားသည်၊
အဘိသမ္ဗုဒ္ဓါ- မိမိအလိုလို ကိုယ်တော်တိုင် ထိုးထွင်း၍ သိတော်မူသော၊ စက္ခကရဏီ- သစ္စာလေးပါးကို သောတာပတ္တိမဂ်ဉာဏ်ဖြင့် မြင်
တော်မူတတ်သော၊ ဉာဏကရဏီ- သစ္စာလေးပါးကို အထက်မဂ်သုံးပါးဖြင့် သိတတ်သော၊ ယာ မဇ္ဈိမာ ပဋိပဒါ- အကြင်သဿတဒိဋ္ဌိနှင့်
ဥစ္ဆေဒဒိဋ္ဌိ အယူတို့မှ လွတ်ကင်းသောအလယ်အလတ်အကျင့်မြတ်သည်၊ ဥပသမာယ- ဒိဋ္ဌိနှင့်ဝိစိကိစ္စာ ကိလေသာငြိမ်းခြင်း တည်းဟူသော
မဂ်ဉာဏ်၏ အကျိုးငှာ၊ အဘိညာယ- ထူးသော အထက်မဂ်ဉာဏ်သုံးပါး၏အကျိုးငှာ၊ သမ္ဗောဓာယ- အရဟတ္တမဂ်ဉာဏ် အရဟတ္တဖိုလ်ဉာဏ်
ကို ထိုးထွင်း၍ သိခြင်းအကျိုးငှာ၊ နိဗ္ဗာနယ- အနုပါဒိသေသ နိဗ္ဗာန်၏အကျိုးငှာ၊ သံဝတ္တတိ- ကောင်းစွာဖြစ်၏
သာ စ မဇ္ဈနမာ ပဋိပဒါ- ထိုအလယ်အလတ်ဖြစ်သော အကျင့်မြတ်သည်၊ ကတမာ စ- အဘယ်နည်း ဟူမူကား၊
အရိယော- ကောင်းမြတ် ဖြူစင်သော၊ အဋ္ဌဂိင်္ကော- အင်္ဂါ ရှစ်ပါး အခြင်းအရာအာဖြင့် ပြည့်စုံသော၊ အယမေ၀ မဂ္ဂေါ-
ဤမဂ်အကျင့်သာတည်း။
သေယျထိဒံ- အင်္ဂါရှစ်ပါး ဟူသည်ကား-
(၁) သမ္မာဒိဋ္ဌိ- သစ္စာလေးပါးကို အမှန်အတိုင်း သိမြင်ခြင်း။
(၂) သမ္မာသင်္ကပ္ပေါ- သမ္မာဒိဋ္ဌိဉာဏ်ကို သစ္စာလေးပါးသို့ ရောက်အောင်တင်ဆောင်တတ်ခြင်း၊ (၀ါ) မနောကံသုံးပါး အလိုလို
လုံခြုံနေခြင်း။
(၃) သမ္မာဝါစာ- သစ္စာလေးပါးကို သိမြင်နေသဖြင့်နှုတ်ကို ကောင်းစွာ သိမ်းဆည်းနေခြင်း၊ (၀ါ) ၀စီကံလေးပါးမှ အလိုလို
လုံခြုံနေခြင်း။
(၄) သမ္မာကမ္မန္တော- သစ္စာလေးပါးကို သိမြင်နေသဖြင့်ကာယ ဒုစရိုက်သုံးပါးမှ အလိုလိုလွတ်ကင်းနေခြင်း။
(၅) သမ္မာအာဇီဝေါ- သစ္စာလေးပါးကို သိမြင်နေသဖြင့် မနောသင်္ခါရ ၀စီသင်္ခါရ ကာယသင်္ခါရတို့မှ အလိုလို လွတ်ကင်းနေ
သောကြောင့် ဖြူစင်သော စိတ်ရှိနေခြင်း။
(၆) သမ္မာဝါယမော- သစ္စာလေးပါးကို သိမြင်နေခြင်း လုံ့လသာရှိခြင်း။
(၇) သမ္မာသတိ- သစ္စာလေးပါးကို သိမြင်ခြင်း၌သာ စိတ်ထင်ရှားနေခြင်း။
(၈) သမ္မာသမာဓိ- သစ္စာလေးပါးကို သိမြင်ခြင်း၌သာစိတ်တည်တံ့ခိုင်မြဲနေခြင်း။

ဣဒံ ဓမ္မဇာတံ- သစ္စာလေးပါးကို အမှန်အတိုင်းသိမြင်ရာ၌ တစ်ပြိုင်နက် တစ်ချက်တည်းပြည့်စုံသော ဤသဘောတရားအစု
သည်၊ မဂ္ဂင်္ဂံ- မဂ္ဂင်တရားမည်၏
ဘိက္ခဝေ- သံသရာဘေးမှ ကင်းဝေးလိုငြား အို- ချစ်သားတို့၊ တထာဂတေန- ရှေးရှေးကုန်သော ဘုရားရှင်တို့ကဲ့သို့ လာခြင်း
ကောင်းတော်မူသော ငါဘုရားသည်၊ အဘိသမ္ဗုဒ္ဓါ- ဆရာမကူသယမ္ဘူဉာဏ်ဖြင့် မိမိအလိုလို ကိုယ်တော်တိုင် ထိုးထွင်း၍ သိတော်မူသော၊ စက္ခုကရဧီ- သစ္စာလေးပါးကို သောတာပတ္တိမဂ်ဉာဏ်ဖြင့် မြင်တတ်သော၊ ဉာဏကရဏီ သစ္စာလေးပါးကိုအထက်မဂ်သုံးပါးဖြင့်သိ တတ်သော၊ အယံခေါ သာ မဇ္ဈိမာပဋိပဒါ- ဤသဿတဒိဋ္ဌိနှင့် ဥစ္ဆေဒဒိဋ္ဌိတို့မှ ကင်းလွတ်သော အလယ်အလတ် မကျင့်မြတ်သည်ကား၊ ဥပသမာယ- ဒိဋ္ဌိနှင့် ၀ိစိကိစ္စာ ကိလေသာငြိမ်းခြင်းတည်းဟူသော သောတာပတ္တိမဂ်ဉာဏ်၏အကျိုးငှာ၊ အဘိညာယ- ထူးသော အထက်မဂ်ဉာဏ်သုံးပါး၏အကျိုးငှာ၊ သမ္ဗောဓာယ- အရဟတ္တမဂ်ဉာဏ်၊ အရဟတ္တဖိုလ်ဉာဏ်ကို ထိုးထွင်း၍သိခြင်းအကျိုးငှာ၊ နိဗ္ဗာနာယ- ကိလေသာခပ်သိမ်း ကင်းငြိမ်းရာမှန်အမြိုက်နိဗ္ဗာန်၏အကျိုးငှာ၊ သံဝတ္တတိ- မဖောက်မပြန် အမှန်ဖြစ်ပေ၏

ဒုက္ခသစ္စာ
၅။ ဘိက္ခဝေ- တရားလိုငြား အို-ချစ်သားတို့၊ ဣဒံ ခေါ ပန- ဤဆိုလတ္တံ့သည်ကား၊ ဒုက္ခံ- ဒုက္ခဖြစ်သော၊ (၀ါ) စက်ဆုပ်ဖွယ်
အချည်းနှီးဖြစ်သော၊ အရိယသစ္စံ- အရိယအရှင် သူတော်စင်တို့ အမှန်အတိုင်း သိမြင်အပ်သော အရိယသစ္စာမည်၏
(၁) ဇာတိပိ- မျက်စိ၊ နား၊ နှာခေါင်း၊လျှာ၊ ကိုယ်၊ စိတ်မနောတို့၌ မိစ္ဆာဝိတက်ဖြင့် ကြံဆတွေးတော၍ ဖြစ်ပေါ်လာရသော ဓမ္မာရုံဟူသော
ဥပါဒါနက္ခန္ဓာငါးပါး (တစ်နည်း) မြင်မှု၊ကြားမှု၊နံမှု၊ စားမှု၊ထိမှု၊ သိမှုတို့၌ တောင်တောင်ဤဤ အလီလီ အလာလာ ဘာဘာညာညာ
ကောင်းကောင်းဆိုးဆိုး အမျိုးမျိုးသော အာရုံ နှင့်တကွ ဖြစ်ပေါ်လာရသော စိတ်ဟူသမျှသည်လည်း၊ ဒုက္ခာ- အရိယာသူတော်စင်တို့ ဉာဏ်
ဖြင့် အမှန်အတိုင်း သိမြင်အပ်သော ဒုက္ခပေတည်း။
(၂) ဇရာပိ- ထိုဥပါဒါန်၏ အာရုံမျှသာဖြစ်သော အစွဲနှင့်တကွဖြစ်ပေါ်လာရသော လောကီစိတ်အမျိုးမျိုးတို့၏ဖြစ်ပေါ်လာပြီးနောက် တည်ယောင်ပေးနေခြင်းသည်လည်း၊ ဒုက္ခာ- အရိယာ သူတော်စင်တို့အမှန်အတိုင်းသိမြင်အပ်သော ဒုက္ခပေတည်း။
(၃) ဗျာဓိပိ- ဤကဲ့သို့ ကောင်းမကောင်း စိတ်အမျိုးမျိုး ဖြစ်ပေါ်လာကြပြီးနောက် ပျောက်ကွယ် ချုပ်ဆုံးခါနီး အခိုက်အတံ့သည်လည်း၊ ဒုက္ခော- အရိ
ယာအရှင် သူတော်စင်တို့ဉာဏ်ဖြင့်သိမြင်အပ်သော ဒုက္ခပေတည်း။
(၄) မရဏမ္ပိ- ထိုကောင်းကောင်းဆိုးဆိုး အမျိုးမျိုးသော စိတ်ဟူသမျှ ဖြစ်ပေါ်လာကြပြီးနော် ပျောက်ပျက ချုပ်ဆုံးသွားရခြင်းသည်လည်း၊ ဒုက္ခံ- အရိယာအရှင်သူတော်စင်တို့ဉာဏ်ဖြင့် အမှန်အတိုင်း သိမြင်အပ်သော ဒက္ခပေတည်း။
(၅) အပ္ပိယေဟိ- ဥပါဒါန်၏ အာရုံမျှာသာဖြစ်သော မချစ်မနှစ်သက် အလိုမကျသော သတ္တ၀ါ သင်္ခါရ ကံ ကိလေသာတရားတို့နှင့်၊ သမ္မယောဂေါ- ဥစ္ဆေဒဒိဋ္ဌိ ဟူသော ၀ိဘ၀တဏှာဖြင့်ခွဲခွာကွေကင်းလိုလျက်နှင့် တွေ့ရ မြင်ရ ကြုံရ ဆုံရ ပေါင်းသင်းဆက်ဆံ၍ နေရခြင်းသည်လည်း၊ ဒုက္ခော- အရိယာအရှင်သူတော်စင်တို့ဉာဏ်ဖြင့် အမှန်အတိုင်း သိမြင်အပ်သော ဒုက္ခပေတည်း။
(၆) ပိယေဟိ- ဥပါဒါန်၏အာရုံမျှသာဖြစ်သော မချစ်မနှစ်သက် အလိုမကျသော သတ္တ၀ါ သင်္ခါရ ကံ ကိလေသာတရားတို့နှင့်၊၀ိပ္ပယောဂေါ- သဿတဒိဋ္ဌိ ဟူသော ဘ၀တဏှာဖြင့် မခွဲလို မခွာလို အတူတကွ အမြဲတမ်းနေလိုလျက်ခွဲခွာကွေကင်းရခြင်းသည်လည်း၊ ဒုက္ခော- ဥပါဒါန်ကြောင့် ဖြစ်ပေါ်လာရသောဒုက္ခပေတည်း။
(၇) ယမ္ပိစ္ဆံ- အကြင်အလိုရှိအပ်သော ဥပါဒါနက္ခန္ဓာငါးပါးတည်းဟူသော ကောင်းမကောင်းဖြစ်သော မိစ္ဆာအာရုံခြောက်ပါးကို၊ န လဗ္ဘတိ- အလိုရှိတိုင်း မရခြင်းသည်လည်း၊ ဒုက္ခံ- အရိယာအရှင်သူတော်စင်တို့ဉာဏ်ဖြင့် အမှန်အတိုင်းသိမြင်အပ်သော ဒုက္ခပေတည်း။
(၈)င်္သခိတ္တေန- တောင်တောင်ဤဤ အလီလီ အလာလာ ဘာဘာညာညာ ကောင်းကောင်းဆိုးဆိုး အမျိုးမျိုးသောစိတ်အပေါင်း ထောင်သောင်းမက ဖြစ်ပေါ်လာကြရာ၌ အားလုံးကိုစုရုံး၍ အကျဉ်းချုံးလိုသည်ရှိသော်၊ ပဉ္စပါဒါနက္ခန္ဓာ- စွဲလမ်းခြင်း အာရုံမျှသာဖြစ်သော ခန္ဓာငါးပါး (၀ါ) အစွဲနှင့်တကွသော ရုပ်နာမ်နှစ်ပါးသည်သာလျှင်ဒုက္ခာ- အရိယာအရှင် သူတော်စင်တို့ဉာဏ်ဖြင့် အမှန်အတိုင်း သိမြင်အပ်သော ဒုက္ခပေတည်း။ ကောင်းစိတ် ဆိုးစိတ် ချစ်စိတ် မုန်းစိတ် လောဘစိတ် ဒေါသစိတ်ဟုဆိုလျှင် ဥပါဒါနက္ခန္ဓာ ဟူ၍မှတ်ပါ။

သမုဒယသစ္စာ
၆။ ဘိက္ခဝေ- ဘေးမှလွတ်ငြား အို- ချစ်သားတို့၊ ဣဒံ ခေါပန- ဆိုလတ္တံ့သည်ကား၊ ဒုက္ခသမုဒယံ- ဒုက္ခ၏အကြောင်းဖြစ်သော၊ အရိယသစ္စံ-အရိယာအရှင် သူတော်စင်တို့ဉာဏ်ဖြင့် သိမြင်အပ်သော အမှန်တရားမည်၏။
ယာယံ တဏှာ- အကြင် ချစ်ခြင်း တည်းဟူသော တဏှာသည်၊ ပေါနောဗ္ဘ၀ိကာ- တစ်ဖန်ဘ၀သစ်ကို ဖြစ်စေတတ်၏၊ (တစ်နည်း) တစ်ဖန် အစွဲနှင့်တကွဖြစ်သော စိတ်အသစ် (၀ါ) ဥပါဒါနက္ခန္ဓာငါးပါးအသစ်ကို ဖြစ်စေတတ်၏၊ နန္ဒီရာဂသဟဂတာ- နှစ်သက်ခြင်း စွဲလမ်းခြင်း တပ်မက်ခြင်းတည်းဟူသောဥပါဒါန်စိတ်နှင့်တကွဖြစ်၏ ။ တတြတတြ- ထိုထိုဤဤ အလီလီ အလာလာ ဘာဘာညညာ ကောင်းကောင်းဆိုးဆိုး အမျိုးမျိုးသော စိတ်ဖြစ်ခြင်း၌၊ အဘိနန္ဒိနီ- အလွန့်အလွန် နှစ်သက်စွဲ လမ်းတတ်၏
ဣဒံ- အယံ တဏှာ- ဤ ချင်ခြင်း တည်းဟူသော တဏှာသည်၊ သေယျထာ ကတမာ- အဘယ်မျှအပြားရှိသနည်းဟူမူကား။
ကာမတဏှာ- အဆင်း အသံ အနံ့ အရသာ အတွေ့ အတွေးတို့ကို တပ်နှစ်သက်တတ်သော ချင်ခြင်း ၎င်း၊(တစ်နည်း)
အတ္တဒိဋ္ဌိအယူသည်၎င်း။
ဘ၀တဏှာ- စိတ်အမျိုးမျိုး ဖြစ်ပေါ်ခြင်း၌ တပ်မက်ကျေနပ်သော သဿတဒိဋ္ဌိအယူသည်၎င်း။
ဝိဘ၀တဏှာ- စိတ်အမျိုးမျိုး ဖြစ်ပေါ်ခြင်း၌ မကျေနပ်သော စက်ဆုပ်သော ဥစ္ဆေဒအယူသည်၎င်း၊ ဣတိ- ဤသုံးပါးတည်း။
ဣဒံ- ဤ ချင်ခြင်း တည်းဟူသော တဏှာသည်၊ ဒုက္ခသမုဒယံ- ဒုက္ခဟူသော ကောင်းကောင်းဆိုးဆိုး အမျိုးမျိုးသော စိတ်စေတသိက်ရုပ်တို့၏ဖြစ်ကြောင်းဖြစ်သော၊ အရိယသစ္စံ- အရိယာအရှင် သူတော်စင်တို့၏ ဉာဏ်ဖြင့်သိမြင်အပ်သော တရားအထူးပေ တည်း။

နိရောဓသစ္စာ
၇။ ဘိက္ခဝေ- ချုပ်ငြိမ်းရာမှန် မြတ်နိဗ္ဗာန်ကို ရည်သန်စိတ်ထား တပည့်များတို့၊
ဣဒံ ခေါ ပန -ဤဆိုလတ္တံ့သည်ကား၊ ဒုက္ခနိရောဓံ- ဒုက္ခဟူသော ဥပါဒ်၊ဌီ၊ဘင် မရှိသော စိတ် စေတသိတ်
ရုပ်တို့၏ချုပ်ရာဖြစ်သော၊ အရိယသစ္စံ- အရိယာနွယ်ဝင် သူတော်စင်တို့ဉာဏ်ဖြင့် သိမြင်အပ်သော အမှန်တရားမည်၏
တဿာယေ၀ တဏှာယ- ထို ချင်ခြင်းသုံးပါး၏သာလျှင်၊ (တစ်နည်း) ထိုသဿတဒိဋ္ဌိ ဥစ္ဆေဒဒိဋ္ဌိတို့သာ
လျှင်၊ (တစ်နည်း) တဏှာ မာန ဒိဋ္ဌိ ဟူသော ဥပါဒါနက္ခန္ဓာငါးပါးတို့၏သာလျှင်။
ယော အသေသ၀ိရာဂနိရောဓော- အကြင်ဥပါဒါနက္ခန္ဓာငါးပါးတို့၏ အကြွင်းမဲ့ချုပ်ရာဖြစ်သော အနုပါဒီသေ
သ နိဗ္ဗာန်မြတ်သည်၎င်း။
ယော စာဂေါ- အကြင်ဒိဋ္ဌိနှင့် ၀ိစိကိစ္ဆာ ကိလေသာတို့စွန့်ရာဖြစ်သော သောတာပတ္တိမဂ်ဉာဏ်၏ အာရုံဖြစ်သော
သကဒါဂါမိမဂ်ဉာဏ်၏ အာရုံဖြစ်သော သဥပါဒိသေသ နိဗ္ဗာန်သည်၎င်း။
ယော ပဋိနိဿဂ္ဂေါ- အကြင်ဒိဋ္ဌိ ၀ိစိကိစ္ဆာနှင့် ကြမ်းတမ်းသော ဒေါသ ကိလေသာတို့ကို ဝေးစွာ စွန့်ရာဖြစ်သော
သကဒါဂါမိမဂ်ဉာဏ်၏ အာရုံဖြစ်သော သဥပါဒိသေသ နိဗ္ဗာန်သည်၎င်း။
ယာ ၀ိမုတ္တိ- အကြင်ဒိဋ္ဌိ ၀ိစိကိစ္ဆာနှင့် အကြမ်းအနုဒေါသ ကိလေသာသုံးပါးတို့၏ လွတ်ရာဖြစ်သော အနာဂါမိဉာဏ်
၏အာရုံဖြစ်သော သဥပါဒိသေသ နိဗ္ဗာန်သည်၎င်း။
ယော အနာလယော- အကြင်ဒိဋ္ဌိ ၀ိစိကိစ္ဆာနှင့် ဒေါသအပြင် ကျန်သော လောဘ မာန ထိန ဥဒ္ဓ အဟိရိက အနောတ္တပ္ပ
တည်းဟူသော ကိလေသာဆယ်ပါးတို့၏ကပ်ငြိခြင်းကင်းရာ ကုန်ရာ ခန်းရာဖြစ်သော အနုပါဒိသေသ နိဗ္ဗာန်သည်၎င်း၊ အတ္ထိ- ရှိ၏
ဣဒံ- ဤပင်ကိုကရှင်း ပင်ကိုကလင်း ပင်ကိုကကြည် ပင်ကိုကအေး ပင်ကိုကငြိမ်း တည်းဟူသော နိရောဓနိဗ္ဗာန်သည်၊
(တစ်နည်း) တဏှာ မာန ဒိဋ္ဌိတို့၏ ချုပ်ချယ်မှုမှ ကင်းလွတ်ရာမှန် မြတ်နိဗ္ဗာန်သည်၊ အရိယသစ္စံ- အရိယာနွယ်ဝင် သူတော်စင်တို့ဉာဏ်
ဖြင့် အမှန်အတိအကျ သိမြင်အပ်သော အမြတ်ဆုံးတရားပေတည်း။

မဂ္ဂသစ္စာ
၈။ ဘိက္ခဝေ- နိဗ္ဗာန်လိုဘိ အို- တပည့်တို့၊ ဣဒံ ခေါ ပန- ဤဆိုလတ္တံ့သည်ကား၊ ဒုက္ခနိရောဓ
ဂါမိနီပဋိပဒါ- ဒက္ခဟူသော ဥပါဒါနက္ခန္ဓာ စိတ်စေတသိက် ရုပ်တို့၏ ချုပ်ရာဖြစ်သော နိဗ္ဗာန်သို့ ရောက်
ကြောင်းအကျင့်ဖြစ်သော၊ (တစ်နည်း) လောကီစိတ်အမျိုးမျိုးတို့၏ချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်း အ
ကျင့်ဖြစ်သော၊ အရိယသစ္စံ- အရိယာနွယ်ဝင် သူတော်စင်တို့ သိမြင်အပ်သော အကျင့်မြတ်မည်၏
အရိယော- ဖြူစင် မြင်မြတ်သော၊ အယမေ၀ မဂ္ဂေါ- ဤအကျင့်မြတ်သည်သာလျှင်၊ အဋ္ဌင်္ဂိကော
- အင်္ဂါရှစ်ပါးနှင့် တစ်ချက်တည်း ပြည့်စုံနေ၏ (တစ်နည်း) သီလ သမာဓိ ပညာ နှင့်တစ်ပြိုင်နက် ပြည့်စုံ၏
သေယျထိဒံ- အင်္ဂါရှစ်ပါး ဟူသည်ကား
(၁) သမ္မာဒိဋ္ဌိ- စိတ် စေတသိက် ရုပ်တို့၏ချုပ်ရာဖြစ်သော (တစ်နည်း) ဒုက္ခနှင့် ဒုက္ခသမုဒယ ဟူ
သော ကောင်းကောင်းဆိုးဆိုး အမျိုးမျိုးသော လောကီစိတ်တို့၏ ချုပ်ရာဖြစ်သော (တစ်နည်း)
ဥပါဒါနက္ခန္ဓာ ငါးပါးတို့၏ ချုပ်ရာဖြစ်သော နိဗ္ဗာန်ကို ဉာဏ်ဖြင့် သိမြင်နေခြင်း။
(၂) သမ္မာသင်္ကပ္ပေါ - နိဗ္ဗာန်ကို သိမြင်နေသဖြင့် ထိုသိမြင်နေသောစိတ်ကို နိဗ္ဗာန်သို့ တင်ဆောင်နေ
ခြင်းမှတစ်ပါး တခြားဘာမျှစိတ်မကူးခြင်း။
(၃) သမ္မာဝါစာ- နိဗ္ဗာန်ကို သိမြင်နေသဖြင့် မည်သည့်စကားကိုမျှ မပြောဆိုခြင်း။
(၄) သမ္မာကမ္မန္တော- နိဗ္ဗာန်ကို သိမြင်နေသဖြင့် မည်သည့်ကာယကံမှုကိုမျှ မပြုလုပ်ခြင်း။
(၅) သမ္မာအာဇီဝေါ- နိဗ္ဗာန်ကို သိမြင်နေသဖြင့် စိတ်ဖြူစင်နေခြင်း။ (တစ်နည်း ) မည်သည့်သင်္ခါရ
အာရုံမျှမရှိခြင်း။
(၆) သမ္မာဝါယောမော- နိဗ္ဗာန်ကို သိမြင်နေသဖြင့် ထိုသိမြင်နေသောစိတ်ကို နိဗ္ဗာန်သို့ မြင့်တင်ပေး
နေခြင်း။
(၇) သမ္မာသတိ- နိဗ္ဗာန်ကို သိမြင်နေသဖြင့် ထိုသိမြင်နေသောစိတ်ကို နိဗ္ဗာန်၌ မပြတ်တည်မြဲနေခြင်း။
(၈) သမ္မာသမာဓိ- နိဗ္ဗာန်ကို သိမြင်နေသဖြင့် ထိုသိမြင်နေသော စိတ်ကို နိဗ္ဗာန်၌ စူးစိုက်စေခြင်း၊ လော
ကီအာရုံများသို့ စိတ်မပျံ့လွင့်ခြင်း၊ ဣတိ- ဤရှစ်ပါးတည်း။

Read More!

မြတ်ဗုဒ္ဓ၏ ရောင်ခြည်တော်(၆)ပါး

မြတ်ဗုဒ္ဓ၏ ရောင်ခြည်တော်(၆)ပါးကို ဖော်ကျူးထားသည်မှာ-

၁။ နီလရောင်ခြည်တော်။
(နှီလာကျောက်ကဲ့သို့ ပြာညိုရောင် အဆင်းရှိသော ရောင်ခြည်တော်။)
(နီလာရောင်ခြည်တော်သည် မြတ်ဗုဒ္ဓ၏ ဆံတော်၊ မုတ်ဆိတ်တော်၊ မျက်ဝန်းတော်တခို စိမ်းညိုသော အရပ်ဌာနတို့မှ
ထွက်ပေါ်ကွန့်မြူးပါသည်။)

၂။ ပီတရောင်ခြည်တော်။
(၀ါရွှေရောင်အဆင်းရှိသော ရောင်ခြည်တော်)။
(ပီတ ရောင်ခြည်တော်သည် မြတ်ဗုဒ္ဓ၏ သိင်္ဂီရွှေလှော် အရေတော်၊အသားတော်တို့မှစ၍ ၀ါရွှေသော အရပ်ဌာနတို့မှ
ထွက်ပေါ်ကွန့်မြူးပါသည်။)

၃။ လောဟိတရောင်ခြည်တော်။
(အနီရောင်အဆင်းရှိသော ရောင်ခြည်တော်)။
(လောဟိတ ရောင်ခြည်တော်သည် မြတ်ဗုဒ္ဓ၏ အာတော်၊ လျှာတော်၊ နှုတ်ခမ်းတော်၊ ခြေဖ၀ါးတော်၊ လက်ဖ၀ါးတော်၊
ခြေသည်းတော်၊ လက်သည်းတော် တို့မှစ၍ နီမြန်းသော အရပ်ဌာနတို့မှ ထွက်ပေါ်ကွန့်မြူးပါသည်။)

၎။ သြဒါတ ရောင်ခြည်တော်။
(အဖြူရောင်အဆင်းရှိသော ရောင်ခြည်တော်)။
(သြဒါတ ရောင်ခြည်တော်သည် မြတ်ဗုဒ္ဓ၏ သွားတော်၊ စွယ်တော်၊ အရိုးတော်၊ မျက်ဖြူတော် ဥဏ္ဏလုံမွှေရှင်တော်တို့မှစ၍
ဖြူဖွေးသော အရပ်ဌာနတို့မှ ထွက်ပေါ်ကွန့်မြူးပါသည်။)

၅။ မဉ္စိဌ ရောင်ခြည်တော်။
(ပန်းရောင်အဆင်းရှိသည့် နီမောင်းသော ရောင်ခြည်တော်။)
(မဉ္စိဌရောင်ခြည်တော်သည် မြတ်ဗုဒ္ဓ၏ အထက်ဆံဖျားတော်တလျှောက်မှ အောက်ခြေဖ၀ါးတော် တိုင်အောင်
ရွှေကိုယ်တော်အစိတ်စိတ်မှ ထွက်ပေါ်ကွန့်မြူးပါသည်။)

၆။ ပဘဿရ ရောင်ခြည်တော်။
(ပြိုးပြိုးပျက်ပျက် အရောင်စုံထွက်သော ရောင်ခြည်တော်။)
(ပဘဿရ ရောင်ခြည်တော်သည် မြတ်ဗုဒ္ဓ၏ ရွှေကိုယ်တော် အလုံးမှ ထွက်ပေါ်ကွန့်မြူးပါသည်။)


ကျမ်းကိုး-ရတနာဂုဏ်ရည် [ရှင်ဇနကာဘိဝံသဆရာတော်ဘုရားကြီး

Read More!

မဖောက်မပြန်ဟုတ်မှန်သောဂုဏ်ရှစ်ပါး

မဖောက်မပြန်ဟုတ်မှန်သောဂုဏ်ရှစ်ပါး
၁-ထိုမြတ်စွာဘုရားသည် လူအများ၏ စီးပွားချမ်သာ အလို့ငှာလောကကို စောင့်ရှောက်ရန် အလို့ငှာ နတ်လူတို့၏အကျိုးစီးပွားချမ်း သာအလို့ငှာ ကျင့်တော်မူပါပေ၏။ ဤသို့ လူအများ၏ စီးပွားချမ်သာ အလို့ငှာလောကကို စောင့်ရှောက်ရန်အလို့ငှာ နတ်လူတို့၏ အကျိုးစီးပွားချမ်းသာ အလို့ငှာ ကျင့်တော်မူသည့် ဤအင်္ဂါနှင့် ပြည့်စုံသော ဆရာကို ရှေးကလည်း ငါတို့ မတွေ့မြင်ရကုန် ယခုလည်း ထိုမြတ်စွာဘုရားမှ တပါးငါတို့ မတွေ့မြင်ရကုန်။

၂-ထိုမြတ်စွာဘုရား၏ တရားတော်သည် ကောင်းစွာဟောထားသော တရားတော်ပါပေတည်း။ ကိုယ်တိုင်သိမြင်နိုင်သော တရားတော် ပါပေတည်း။ အခါမလင့် အကျိုးပေးတတ်သော တရားတော်ပါပေတည်း။ လာလှည့် ရှုကြည့်လှည့်ဟု ဖိတ်ခေါ်ထိုက်သော တရားတော် ပါပေတည်း။ (မိမိကိုယ်ထဲစိတ်ထဲ၌) ဆောင်ယူထားထိုက်သော တရားတော်ပါပေတည်း။(အရိယာ) ပညာရှိတို့သာကိုယ်စီကိုယ်ငှသိနိုင် ခံစားနိုင်သော တရားတော်ပါပေးတည်း။ ဤသို့ (မိမိကိုယ်ထဲစိတ်ထဲ၌) ဆောင်ယူထားထိုက်သော တရားတော်ကို ဟောကြားတော်မူသည့် ဤအင်္ဂါနှင့် ပြည့်စုံသော ဆရာကို ရှေးကလည်း ငါတို့မတွေ့မြင်ရကုန် ယခုလည်း ထိုမြတ်စွာဘုရားမှ တပါးငါတို့ မတွေ့မြင်ရကုန်။

၃-ထိုမြတ်စွာဘုရားသည် ဤကား ကုသိုလ်တည်းဟု ကောင်းစွာဖော်ပြတော်မူပါပေ၏။ ဤကားအကုသိုလ် တည်းဟု ကောင်းစွာ ဖော်ပြတော်မူပါပေ၏။ ဤကား အပြစ်ရှိ၏။ ဤကား အပြစ်မရှိ။ ဤကား မှီဝဲအပ်၏။ ဤကား မမှီဝဲအပ်။ ဤကား ယုတ်၏။ ဤကားမြတ်၏။ ဤကား မည်းညစ်သောအဖို့၊ ဖြူစင်သောအဖို့ရှိ၏ ဟု ကောင်းစွာဖော်ပြတော်မူပါပေ၏။ဤသို့ ကုသိုလ် အကုသိုလ် အပြစ်ရှိ အပြစ်မရှိ မှီဝဲအပ် မမှီဝဲအပ် အယုတ် အမြတ် မည်းညစ်သောအဖို့ ဖြူစင်သော အဖို့ရှိသော တရားတော်တို့ကို ဖော်ပြတော်မူသည့် ဤအင်္ဂါနှင့် ပြည့် စုံသော ဆရာကို ရှေးကလည်း ငါတို့မတွေ့မြင်ရကုန် ယခုလည်း ထိုမြတ်စွာဘုရားမှ တပါးငါတို့ မတွေ့မြင်ရကုန်။

၎- ထိုမြတ်စွာဘုရားသည် တပည့်တို့အား နိဗ္ဗာန်သို့ရောက်ကြောင်းအကျင့်ကို ကောင်းစွာ ဖော်ပြတော်မူပါပေ၏။ နိဗ္ဗာန်နှင့် အကျင့်သည် နှီးနှောဆက်စပ်လျက်ရှိပါပေ၏။ ဥပမာအားဖြင့် ဂင်္ဂါမြစ်ရေသည် ယမုနာမြစ်ရေနှင့် နှီးနှောဆက်စက်လျက်တပေါင်းတည်းဖြစ်သကဲ့သို့ ဤအတူပင် ထိုမြတ်စွာဘုရားသည် တပည့်တို့အား နိဗ္ဗာန်သို့ရောက်ကြောင်းအကျင့်ကို ကောင်းစွာဖော်ပြတော်မူပါပေ၏ ။ နိဗ္ဗာန်နှင့် အကျင့်သည် နှီးနှောဆက်စပ်လျက်ရှိပါပေ၏။ ဤသို့ နိဗ္ဗာန်သို့ရောက်ကြောင်းအကျင့်ကို ဟောကြားတော်မူသည့် ဤအင်္ဂါနှင့် ပြည့်စုံသော ဆရာကို ရှေးကလည်း ငါတို့မတွေ့မြင်ရကုန် ယခုလည်း ထိုမြတ်စွာဘုရားမှ တပါးငါတို့ မတွေ့မြင်ရကုန်။

၅-ထိုမြတ်စွာဘုရားအား လာဘ်သပ်ပကာ အကျော်အစောသည် မင်းများပင်ဝမ်းသာအားရ ဖြစ်နေကြသည်ဟု ထင်ရလောက်အောင် အလွန်ပြည့်စုံပါပေ၏။ သို့သော်လည်း ထိုမြတ်စွာဘုရားသည်ကား မာန်ယစ်ခြင်းကင်းလျက် အစာအာဟာရကို ဘုန်းပေးတော်မူ ပါပေ၏။ ဤသို့ မာန်ယစ်ခြင်းကင်းလျက် အစာအာဟာရကို ဘုန်းပေးတော်မူသည့် ဤအင်္ဂါနှင့် ပြည့်စုံသော ဆရာကို ရှေးကလည်း ငါတို့မတွေ့မြင် ရကုန် ယခုလည်း ထိုမြတ်စွာဘုရားမှ တပါးငါတို့ မတွေ့မြင်ရကုန်။

၆-ထိုမြတ်စွာဘုရားသည် ကျင့်ဆဲသေက္ခပုဂ္ဂိုလ်နှင့် ကျင့်သုံးပြီး ရဟန္တာပုဂ္ဂိုလ်ဟူသော အဖော်များရှိနေပါသော်လည်း ထိုအဖော်များကို စွန့်ခွာ၍ တပါးတည်းမွေ့လျော်လျက် နေတော်မူပါပေ၏။ ဤသို့ တပါးတည်းမွေ့လျော်သည့် ဤအင်္ဂါနှင့် ပြည့်စုံသော ဆရာကို ရှေးက လည်း ငါတို့မတွေ့မြင်ရကုန် ယခုလည်း ထိုမြတ်စွာဘုရားမှ တပါးငါတို့ မတွေ့မြင်ရကုန်။

၇-ထိုမြတ်စွာဘုရားသည် ဟောပြောသည့်အတိုင်းပြုကျင့်လေ့ရှိတော်မူပါပေ၏။ ပြုကျင့်သည့် အတိုင်းဟောပြောလေ့ရှိပါပေ၏။ ဤသို့ ဟောပြောသည့်အတိုင်းပြုကျင့်လေ့ရှိ၍ ပြုကျင့်သည့် အတိုင်းဟောပြောလေ့ရှိလျက် ဤနည်းဖြင့်(လောကုတ္တရာ)တရား အားလျော်သော အကျင့်ကို ကျင့်သည့် ဤအင်္ဂါနှင့် ပြည့်စုံသော ဆရာကို ရှေးကလည်း ငါတို့မတွေ့မြင်ရကုန် ယခုလည်း ထိုမြတ်စွာဘုရားမှ တပါးငါတို့ မတွေ့မြင်ရကုန်။

၈-ထိုမြတ်စွာဘုရားသည် မြတ်သော မှီရာဖြစ်သော အာဒိဗြဟ္မစရိယဖြင့် အလုံးစုံသော တရားတို့၌ ယုံမှားခြင်း ၀ိစိကိစ္ဆာခရီးခဲကို ကူးမြောက်ပြီးဖြစ်တော်မူပါပေ၏။ သို့လောသို့လော တွေးတောခြင်းကင်းပြီးဖြစ်တော်မူပါပေ၏။ အလုံးစုံပြီးမြောက်သော နှလုံးအလို ရှိတော်မူပါပေ၏။ ဤသို့ မြတ်သော မှီရာဖြစ်သော အာဒိဗြဟ္မစရိယဖြင့် အလုံးစုံသော တရားတို့၌ ယုံမှားခြင်း ၀ိစိကိစ္ဆာခရီးခဲကို ကူးမြောက်ပြီးဖြစ်လျက် သို့လောသို့လော တွေးတောခြင်း ကင်းပြီးဖြစ်လျက် အလုံးစုံပြီးမြောက်သော နှလုံးအလို ရှိသည့် ဤအင်္ဂါနှင့် ပြည့်စုံသော ဆရာကို ရှေးကလည်း ငါတို့မတွေ့မြင်ရကုန် ယခုလည်း ထိုမြတ်စွာဘုရားမှ တပါးငါတို့ မတွေ့မြင်ရကုန်။
(မဟာဝဂ်ပါဠိတော်၊ ၆-ဂေါဝိန္ဒသုတ်)

Read More!

ရှေ့စိတ်ကို နောက်စိတ်နှင့် ရှုလို့ရပါ့မလား

ဦးလွန်းဖေ၏မေးမြန်းချက်
တပည့်တော် လျှောက်ထားလိုတာက ရှေ့စိတ်ကို နောက်စိတ်က သိရမယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ ၀ိသုဒ္ဓိမဂ်မှာ အရှင်ဗုဒ္ဓဃောသကလည်း ဒီလိုပဲဟောထားပါတယ်၊ ဒီအရှင်ဘုရားရဲ့ တရားမှာလည်း ရှေးစိတ်ကို နောက်စိတ်နဲ့ တွေ့ရမယ် ဒီလိုဆိုထားတော့ တပည့်တော်များ လက်တွေ့ လုပ်ကြည့်တော့လည်း ဒီအတိုင်းပဲလုပ်လို့ ရပါသလားဆိုတော့၊ ရပါတယ်။
တပည့်တော် ၀ီထိ လေ့လာထားတဲ့ ပုဂ္ဂိုလ်အနေနဲ့ ဒါဟာ ကိုက်လို့ မရဘူးဖြစ်နေတယ်၊ စိတ်အစဉ်တို့ မည်သည်မှာ အင်မတန် လျင်မြန်စွာ သွားနေတော့ ဇောစိတ်တွေနဲ့ ဒီလိုတစ်ဝီထိပြီး တစ်ဝီထိ သွားနေတဲ့အခါကြတော့ ရှေ့စိတ်ကို နောက်စိတ်နဲ့ ၀ီထိဒီလောက်များနေပါလျက်နဲ့ ရှေ့စိတ်ကို နောက်စိတ် လုပ်လို့မရနိုင်ဘူး၊ ဒါဟာ ပစ္စုပ္ပန် တည့်တည့်မကျနိုင်ဘူးလို့ ဒီလို နားလည်ထားပါတယ်။

မိုးကုတ်ဆရာတော်ဘုရား၏ ဖြေကြားချက်
ဒီလို နားလည်ထားတော့ ဘုန်းကြီးရှင်းပြပါမယ်၊ ဒကာ ဒကာမတွေ မှတ်ကြပေါ့၊ ဒါဟာ ရှေ့စိတ်ပါ ပဲတဲ့၊ မနောယတနဆိုတာ (တင်ပါ့)။

ကိလေသာဝီထိမပါရင်ပြီးပါတယ်
ရှေ့စိတ် (၃၇) ပါး ပုထုဇဉ်မှန်က ရှိပါတယ်၊ အဲဒီစိတ်ကလေးတွေ ပျက်တဲ့အခါကြလို့ရှိရင်တဲ့ နောက်စိတ်နဲ့ ရှုဆိုတာ “မဂ်” ကို ဆိုလိုပါတယ်၊ ၀ိပဿနာမဂ်ကို ဆိုပါတယ်၊ အဲဒီတော့ သူက တစ်ဝီထိပါ၊ ဒီကြားထဲမှာ ဘ၀င်တွေ ခြားပါတယ်၊ အများကြီးခြားပါတယ်၊ ခြားပင် ခြားငြားသော်လည်း ကိလေသာခြင်း တာ မဟုတ်သောကြောင့် မြင်နိုင်ပါတယ် ကိလေသာ အခြားမရှိဘူး (တင်ပါ့) တစ်ပါးသော ၀ီထိ အခြားမရှိ ဘူး၊ ဘ၀င်တွေသာ ခြားတယ်၊ (တင်ပါ့) တစ်ပါးသော ၀ီထိခြားတယ်လို့ ထင်လို့ရှိရင်လည်း ကိလေသာ ၀ီထိမပါရင် ပြီးတာပဲ၊ (တင်ပါ့)။
အဲဒီတော့ ရှေ့စိတ်က မနောယတန နောက်စိတ်ကလည်း မနာယတနပါပဲ (တင်ပါ့) မနာယတန မနာယတနချင်း အာရုံပြုတယ်လို့မှတ်ပါ၊ ဒါဖြင့် ရှေ့မနာယတနက ဖြစ်ပျက်၊ နောက် မနောယတနကလည်း ဖြစ်ပျက်၊ ရှေ့ဝီထိကို နောက်ဝီထိနဲ့ကြည့်၊ အလယ်မှာ ဘ၀င်တွေ ဘယ်လောက်ခြားခြား၊ ကိုယ့်သန္တာန်မှာ ဖြစ်တဲ့ဘ၀င်က အာရုံတစ်ခုကို ကိုယ်ယူတာ ကိုယ်မသိပါဘူး (တင်ပါ့)။

နောက်ဆိုတာ အဝေးကြီးလို့မှတ်ပါ
ကိုယ်ယူတာ ကိုယ်မသိတဲ့အတွက် ယူထားတဲ့ အာရုံပဲ မဂ်ကနေပြီး စူးစိုက်တဲ့အတွက် ရှေ့စိတ်ကို နောက်စိတ်နဲ့ ရှုရတယ်၊ နောက်ဆိုတာ အဝေးကြီးလို့ မှတ်လိုက်ပါ၊ (တင်ပါ့) ကိလေသာ မခြားရင် ဘယ်လောက် ဝေးဝေးရှုနိုင်ပါတယ်၊ ပေါ်ပြီလား၊ ကိလေသာ မခြားရင် ပြီးတာပဲ၊ ဘ၀င်တွေ ဘယ်လောက် ခြားခြား ဥပမာ - ဘ၀င်က မျက်စေ့တစ်မှိတ်ကို ကုဋေတစ်သိန်းထား၊ ခြားပေမဲ့ခင်ဗျားတို့မှာ အဖြစ်မရှိဘူး၊ ဘ၀င်ဆိုတာ အိပ်နေတုန်းလည်း ဖြစ်နေတာပဲ တစ်ဝီထိနဲ့ တစ်ဝီထိအကြားမှာလည်း သူမပါဘဲ မပြီးဘူး၊ အဲဒီတော့ အဲဒီကြားကို သူတို့ကလည်း နောက်စိတ်ခေါ်နိုင်တာပဲ၊ ခေါ်နိုင်ပေမဲ့ သူတို့က အတိတ်က အာရုံတွေကိုပဲ ယူတယ်၊ အဲဒါကြောင့် ၀ီထိတစ်ခုမခြားဘူးလို့ ယူလိုက်ပါ၊ ဘ၀င်ကတော့ များစွာခြားတယ် လို့ယူပါ။

ကိလေသာမခြားတာကိုဆိုတယ်
ဒါပေမယ့် “ရှေ့စိတ်ကို နောက်စိတ်နဲ့ရှု” ဆိုတာသည်ကြားထဲမှာ ဘာပဲခြားခြား ကိလေသာ မခြားတာကို ဆိုသည်။ ရှင်းပြီလား၊ ကိလေသာ မခြားလို့ရှိရင်ဖြင့် ရှေ့စိတ်နဲ့ အပျက်ကို နောက်စိတ်နဲ့ မြင်နိုင်တယ်၊ ကိလေသာခြားလို့ရှိရင် ကိလေသာ မှောင်ကွယ်တဲ့အတွက် ရှေ့စိတ်ကို မမြင်နိုင်ဘူး။
ဒါဖြင့် ရှေ့စိတ် နောက်စိတ်နဲ့ရှုဆိုတဲ့ ၀ိသုဒ္ဓိမဂ်က ရေးရေး၊ သရာဂံဝါ စိတ္တံ သရာဂံ စိတ္တန္တိ ပဇာနာ တိလို့ သတိပဋ္ဌာန်ကရေးရေး၊ ဒါက သရာဂစိတ်ထားပါတော့၊ ဥပမာ - ဒါက ပဇာနာတိ မဖြစ်နိုင်ဘူးလား (ဖြစ်နိုင်ပါတယ်) ဒါဖြင့် ရှေ့စိတ်ကို နောက်စိတ်နဲ့ရှုဆိုတာနဲ့ သရာဝံ၀ါ စိတ္တံ သရာဂံ စိတ္တန္တိ ပဇာနာတိ ဆိုတာကိုကော မကိုက်ဘူးလား (ကိုက်ပါတယ်) ဒီပါဠိကို အကိုးအကားထားပြီး ၀ိသုဒ္ဓိမဂ်က ရှေ့စိတ်ကို နောက်စိတ်နဲ့ ရှုပါဆိုတာပဲ။ ဒီကြားထဲ စိတ်တွေ ဘယ်လောက်ရှိသတုံး၊ မသိနိုင်ပါဘူး။ ကြားထဲက စိတ်တွေ ကိုယ့်ဟာကိုဖြစ်တာကို ကိုယ်မသိပါဘူး ကိုယ့်ဟာကိုယ်ဖြစ်တာကို ကိုယ်မသိတဲ့စိတ် ခြားသောကြောင့် “ခြားတယ်လို့မယူပါနဲ့တော့” ခြားခဲ့သော် ကိလေသာခြားရင်လည်း ရှေ့စိတ်ကို နောက်စိတ်နဲ့ မမြင်ပါဘူး (တင်ပါ့) အဖြေပေးလိုက်ပါတယ်။

ကိလေသာမခြားလို့သာ မြင်တာ
ရှေ့စိတ် ချုပ်သွားတာကို နောက်စိတ်က မြင်တယ်ဆိုရင် ကြားမှာ ကိလေသာ မခြားလို့သာ မြင်ခြင်းဖြစ်ပါတယ်၊ ပေါ်ပြီလား၊ ဒါဖြင့် ကြားထဲမှာ ဘ၀ပေါင်း ကုဋေတစ်သိန်းခြား၊ ကိလေသာမဟုတ်တဲ့ အတွက် ဘ၀င်ကလည်း သိမ်မွေ့တဲ့အာရုံကိုယူတယ်။ ကံ, ကမ္မနိမိတ်, ဂတိနိမိတ်သုံးပါး အတိတ်က အာရုံ ကိုယူနေတဲ့အတွက် သူနဲ့ကျုပ်တို့နဲ့ ဘာမျှမဆိုင် (တင်ပါ့)။
ကိုယ့် သန္တာန်မှာ သက်စောင့်သာ သူဖြစ်တယ်၊ မသေအောင် စောင့်တာသာ ဖြစ်တယ်၊ အာရုံကို ကန့်ကွက်တဲ့ သဘောနဲ့ မယူပါနဲ့၊ ကန့်ကွက်တဲ့သဘောနဲ့ မယူပါနဲ့၊ ဒါဖြင့် ဖြစ်ပျက်မဂ်ဆိုတာ သဘောကျပြီ လား၊ (သဘောကျပါပြီ) ဒါဖြင့် ပထမ အဖြေ ပြေလည်ပြီနော်၊ ဒုတိယ အဖြေ မေးရင်မေး။

ကိလေသာခြားရင် မမြင်နိုင်ပါ
အမေးပုစ္ဆာ = ကိလေသာတကယ်လို့များ ခြားသွားလို့ရှိရင် ဇောတွေပါသွားမည့် အတွက်ကြောင့် …
အဖြေ = အမြင်နိုင်ဘူး၊ ပထမ ဟာကို မမြင်နိုင်တော့ဘူး၊ ကိလေသာ မှောင်ခိုသွားပြီ၊ (တင်ပါ့) ကြားထဲ မှောင်ဝင်သွားပြီ၊ မရေတော့ဘူး၊ ရချင်လို့ရှိရင် သူတို့ရှေ့စိတ်လုပ်ပြီး ရှုလိုက်ပါ၊ နားလည်ပြီလား (နားလည်ပါပြီ)။
အမေးပုစ္ဆာ = ဒါဖြင့် အရှင်ဘုရား သမနန္တရ, အနန္တရအနေနဲ့ကောယူလို့

ဘုရားဖြစ်ပြီးမှ မြင်တဲ့အမြင်
အဖြေ = သမနန္တရ, အနန္တရဆိုတာ ဘုရားဖြစ်ပြီးမှ မြင်တဲ့ အမြင်၊ (တင်ပါ့) ခင်ဗျားတို့ ကျုပ်တို့ မြင်တဲ့အမြင် မဟုတ်ဘူး (တင်ပါ့) ဘုရားဖြစ်တဲ့လုပ်စဉ်ကို ရှေ့စိတ်နောက်စိတ်နဲ့ ရှုလို့ပြောတာ၊ (တင်ပါ့) ဘုရားဖြစ်ပြီးမှ ရှေ့စိတ်နောက်စိတ်ဆိုတဲ့ အမြင်ဟာ ဒါ ဘုရားဖြစ်ပြီးမှ အကုန်သိပြီးမှ မြင်တဲ့အမြင်၊ ဒီအမြင် ကို မလိုက်နဲ့၊ ဘုရားဖြစ်ဖို့ရာ မူလဘူတ အမြင်ကိုလိုက်ပါ၊ အမြင်က နှစ်မျိုးရှိတယ်။
၁။ ဘုရားဖြစ်ပြီး မြင်တဲ့အမြင်ကို ပုထုဇဉ်က မရှုနိုင်ဘူး
၂။ ဘုရားဖြစ်ကြောင်း သူလုပ်နေတဲ့အမြင်ကိုတော့ ခြေရာခံလိုက်နိုင်တယ်။ ရှင်းပြီလား၊ ကဲဒါဖြင့် ပြေရောပေါ့ (တင်ပါဘုရား)။
အမေးပုစ္ဆာ = တပည့်တော်ထပ်လျှောက်လိုတာက - ဒါဖြင့်ရင် အတိတ် အာရုံကို ပြန်ယူသလို ယူနေတယ်။

ရှေ့ဝီထိနဲ့ နောက်ဝီထိလို့မှတ်
အဖြေ = အတိတ်အာရုံကိုလို့တော့ မဆိုနဲ့၊ ကြားဝီထိ တစ်ခုခုမှ မလာသောကြောင့် အတိတ်လို့ မဆိုပါနဲ့၊ ဇောဝီထိ မလာဘူး၊ ဘ၀င်တွေ လာနေတယ်၊ ဇောဝီထိလာရင် ခုနင်က ရှေ့စိတ်ဟာ အတိတ်ဖြစ်ရ မယ်၊ ဘ၀င်စိတ်လာလို့ရှိရင် အတိတ်လို့မဆိုပါနဲ့ ရှေ့ဝီထိနဲ့ နောက်ဝီထိလို့မှတ်ပါ၊ ကဲဒါဖြင့် ပြေရောပေါ့ (တင်ပါဘုရား)
အမေးပုစ္ဆာ = ဒုတိယကတော့ ဒီမဂ္ဂ၀ီထိမှာ ဒီမဂ်ပြီးတော့ ဖိုလ်, ဖိုလ် နှစ်ကြိမ်, သုံးကြိမ် ပစ္စုပ္ပန်ဖိုလ်၊ မဂ်ပါဖိုလ် - ၃ခုသာ ရှိတဲ့အတွက်ကြောင့် ဒီတရားရတဲ့ ပုဂ္ဂိုလ်တွေက အဲဒီလိုဖြစ်သွားလိုက်တာ၊ တစ်ခါထဲ မေ့သွားလိုက်တာ ဘယ်နှစ်နာရီရှိမှန်းတောင် မသိပါဘူး၊ အဲဒါ နာရီကြည့်လိုက်တော့မှ သုံးနာရီ ထိုးတယ်၊ လေးနာရီထိုးတယ်ဆိုတဲ့ဟာ မဂ္ဂ၀ီထိနဲ့ မကိုက်ဘူး ဖြစ်နေတယ်။

မဂ္ဂ၀ီထိဆိုတာ
အဖြေ = မကိုက်ဘူး၊ မဂ္ဂ၀ီထိဆိုတာသည် ဒီစိတ်တွေ အကုန်ချုပ်သွားတာ (တင်ပါ့) စိတ်နဲ့သဟဇာတ ဖြစ်တဲ့ ရုပ်လည်း ချုပ်ပါတယ်။ (တင်ပါ့) ဒါဖြင့် တိုတိုပြောကြပါစို့ ဖဿ, ဝေဒနာဆိုတာ ရုပ်နာမ်တွေ အာရုံနာမ်ရုပ်တွေဟာ အကုန်ချုပ်တယ်။ ဘာသစ္စာတုံးလို့ မေးတော့ ဒုက္ခသစ္စာ၊ ဒီမှာမြင်တဲ့အတိုင်း ဒုက္ခသစ္စာတွေ ချုပ်သွားတော့ကို ဒုက္ခ၏ချုပ်ရာ ဒီနေရာ အစားထိုးလာတာ နိဗ္ဗာန်ပေါ်လာတယ်။ နိဗ္ဗာန်ကို ရှေးဦးစွာ မြင်တာက ဂေါတြဘူ၊ နောက်ကျတော့ ဂေါတြဘူချုပ်သွားတော့ နိဗ္ဗာန်ကို မဂ်ကမြင်တယ်၊ နောက်ကျတော့ ဖိုလ်ကမြင်တယ်။ နောက်ကျတော့ ဘ၀တွေကျတော့ မမြင်တော့ပါဘူး။ (တင်ပါ့) ဘ၀င်တွေကျတော့ ကံ,ကမ္မနိမိတ်ကို အာရုံပြုပါတယ် (တင်ပါ့) နောက်ပစ္စဝေက္ခဏာ ဇောပြန်လာလို့ရှိရင် မြင်ပြန်ပါတယ်၊ နိဗ္ဗာန်ကို။
အဲဒီတော့ နိဗ္ဗာန်အာရုံနဲ့ အာရမ္မဏိကနဲ့ မခွဲရဘူး ခွဲရင်ဒီဥစ္စာသည် မဂ်ဆိုက်၊ ဖိုလ်ဆိုက်လို့ မယူပါ နဲ့၊ အာရုံအာရမ္မဏိက ဘယ်တော့မှ မထိစေနဲ့၊ ထိရင်သေသွားမယ်၊ (တင်ပါ့) ဆိတ်ရင်သေသွားမယ် (တင်ပါ့ဘုရား) ဒါ အသေဖြစ်သွားမယ်။

အိပ်ပျော်နေတာနဲ့ အတူတူပဲ
တကယ်လို့သူသည် တစ်နာရီ၊ နှစ်နာရီကြာတယ်ဆိုတာ ကိုယ့်ဘ၀င်စိတ်တွေ သူဖြစ်တာသာ ဆိုတာ နိဗ္ဗာန်ကို မြင်တာ မဟုတ်ဘူး၊ ဘ၀င်သည် နိဗ္ဗာန်ကို မမြင်နိုင် မဂ်နဲ့ ဖိုလ်သာ၊ ဂေါတြဘူရယ်၊ မဂ်ရယ် ဖိုလ်ရယ် ဒါသာ နိဗ္ဗာန်မြင်နိုင်တယ်၊ ပစ္စဝေက္ခဏာ နောက်ကလာရင် မြင်နိုင်တယ် ကျန်တဲ့ ဘ၀င်စိတ်တွေလာနေတာ သူ နိဗ္ဗာန်ကို အာရုံပြုနေတာ မဟုတ်ဘူး။ အိပ်ပျော်နေတာနဲ့ အတူတူ၊ ရှင်းပြီလား (ရှင်းပါပြီ)။

နိဗ္ဗာန်မသိတဲ့အချိန်မရှိ
ဒါဖြင့် နိဗ္ဗာနံ ဂေါတြဘုဿ၊ အာရမ္မဏ ပစ္စယေန ပစ္စယော၊ နိဗ္ဗာနံ မဂ္ဂဿ အာရမ္မဏ ပစ္စယေန ပစ္စယော၊ နိဗ္ဗာံနံ ဖလဿ အာရမ္မဏ ပစ္စယေန ပစ္စယော၊ နိဗ္ဗာနံ ပစ္စဝေက္ခဏဿ အာရမ္မဏ ပစ္စယေန ပစ္စယောဟု ဟောသောကြောင့် အာရုံ အာရမ္မဏိက တွဲလျက်ဖြစ်သောကြောင့် ဘယ်အချိန်ကာလမှ နိဗ္ဗာန်ကို မသိတဲ့ အချိန်မရှိ မသိတဲ့အချိန် ရှိရင်ဘ၀င်။ မှန်သွားပြီဆိုတော့ တစ်နာရီ နှစ်နာရီ မဟုတ်တော့ဘူး အမြဲသိနေတာ တစ်ခုချုပ်ပြီး တစ်ခုကသိလိုက်၊ တစ်ခုချုပ်ပြီး တစ်ခုကသိလိုက်၊ ဒါမှအမှန် ဒါပဋ္ဌာန်းပါဠိတော်၊ ပေါ်ပြီလား … (ပေါ်ပါပြီ) ကြေကောကြေကြပြီလား … (ကြေပါပြီ)။

သူပြောတာမှားတယ်
ဒါဖြင့် ကျုပ်တို့ဟာ နိဗ္ဗာန် အာရုံပြုလိုက်တာ နောက်မှ ထကြည့်တော့ တစ်နာရီလောက်ရှိတယ်လို့ သူပြောတာသည် မှားတယ်၊ မှားတော့ ဘယ့်နှယ်ကြောင့် မှားသလည်း နိဗ္ဗာနံ ဂေါတြဘုဿဆိုတာ တစ်ကြိမ်ပဲရှိတယ်၊ နိဗ္ဗာနံ မဂ္ဂဿကော တစ်ကြိမ်ပဲရှိတယ်၊ နိဗ္ဗာနံ မဂ္ဂဿကော နှစ်ကြိမ်သုံးကြိမ် ထားပါတယ်၊ အဲဒီနောက်မှာ ဘ၀င်တွေ့လာတော့ နိဗ္ဗာန်မမြင်ပါဘူး။
နောက်ကျမှ ပြန်ဆင်ခြင်တယ် ငါခုနကဟာ ဘာပါလိမ့်မတုံး ပြန်ဆင်ခြင်ပြန်တော့လည်း ပစ္စဝေက္ခဏံ နိဗ္ဗာနံ ပစ္စဝေက္ခဏဿ၊ (တင်ပါ့) အလယ်ကြားဟာ အလကား၊ အလယ်ကြား မသိတာ အလကားပဲ၊ ဘ၀င်ဖြစ်နေတယ် ရှင်းပြီလား (ရှင်းပါပြီဘုရား)။

ရေအိုးတစ်ထောင်နဲ့လောင်းသလိုဆိုတာ
ဒါဖြင့်ရင် တစ်ကိုယ်လုံးအေးသွားတာပဲလို့ဆိုတော့ ဘုန်းကြီးက ရှင်းပြပါမယ် အဲဒါ ဘုရားက ဥပရိပဏ္ဏသပါဠိတော်မှာ မပါဘဲနဲ့ အဋ္ဌကထာဆရာက ဖွင့်တယ် (မှန်ပါ) အဋ္ဌကထာဆရာက ဘာတုန်း ဆိုတော့ သီတဃဋသဟဿံ အာသိဉ္စမာနံ ၀ိယဟောတိ၊ ရေအိုးတစ်ထောင်နဲ့ လောင်းသလို အေးသွားတတ်တယ်၊ ဥပမာပြတာ၊ တကယ်အေးတာမဟုတ်ပါဘူး။
အဲဒါကို သူတို့က တကယ်အေးယူတယ်၊ အာသိဉ္စ မာနံဝိယဆိုတာ ဥပမာ၊ ရေအိုး (၁၀၀၀) နဲ့ ပူနေတဲ့အခါ နေပူထဲက လာပြီးတော့ နေတဲ့အခါ အင်မတန် အအေးတောင့်တ, နေတော့ ဖျတ်ဆို ညဥ့်သိပ်ရေ ရေအိုးတစ်ထောင်နဲ့လောင်းပြီး ချိုးလိုက်တော့ ဒီလိုအေးဘိသကဲ့သို့ ဖြစ်တတ်ပါတယ်။
မဂ်ဆိုက်တဲ့ပုဂ္ဂိုလ်များ အဲဒါ အဋ္ဌကထာ ဆရာကဖွင့်တာ၊ ပါဠိတော်က အေးတယ်လို့ မလာဘူး။ (တင်ပါ့) အဲဒါ အေးတယ်လို့ ယူနေကြတာ။

ပါဠိတော်နှင့် အဋ္ဌကထာခွဲမှတ်ပါ
အာသိဉ္စမာနံဝိယ အေးသကဲ့သို့ ဖြစ်ပါတယ်၊ တကယ်အေးတာလားဆိုတော့ မဟုတ်ဘူး ကိလေသာတွေ မရှိတာဆိုတာ ပေါ်ပြီလား (ပေါ်ပါပြီ) ကိလေသာ မရှိတာဆိုတာ ပေါ်ပြီလား (ပေါ်ပါပြီ) ကိလေသာ မရှိတာကို ဆိုတာပါတဲ့ အဲဒါ သမ္မာဒိဋ္ဌိ သုတ်မှာလာတယ် ဒီဥစ္စာ အဋ္ဌကထာမှာလာတာ ပါဠိတော်မှာ မပါဘူး၊ အဲဒီတော့ ပါဠိတော်နဲ့ အဋ္ဌကထာခွဲမှတ်။
ကဲ - ဒါဖြင့် ဘယ်လိုအေးမည်လဲဘုရားလို့မေးတော့ ပဋိသမ္ဘိဒါမဂ်က ဟဒယသုသီတလမဂ္ဂဒဿနေ န သန္တပဋ္ဌော၊ ပဋိသမ္ဘိဒါမဂ်က ဒါလဲအဋ္ဌကထာပဲ ဟဒယသုသီတလ မဂ္ဂဒဿနေန နှလုံး၌ ငြိမ်းအေးခြင်း လက္ခဏာရှိသော မဂ္ဂသစ္စာ ရောက်မှသာလျှင် သန္တာပဋ္ဌေ - ကိလေသာ အပူငြိမ်းအေးသည် ဟောတိ - ဖြစ်၏။

အပူမီးငြိမ်းတာကို ဆိုတာပါ
မဂ်ပေါ်မှ ၀မ်းထဲက ကိလေသာ အပူမီးငြိမ်းတယ်လို့ဆိုတာ ပေါ်ပြီလား (ပေါ်ပါပြီ) မဂ်ပေါ်လာလို့ ရှိရင် ကိလေသာ အပူမီးငြိမ်းတာ ဒါကိုဆိုတာပါ အေးတယ်လို့ဆိုတာ မဟုတ်ဘူး ကိလေသာ အပူမီးငြိမ်းသွားပြီးတော့ ငြိမ်းတာမှ နိဗ္ဗာန် ခန္ဓာကိုယ်အေးတာ မဆိုလိုဘူး။
မဆိုလိုပါဘူးတဲ့ ခန္ဓာကိုယ်အေးလို့ရှိရင် သွေးဆုတ်သွားမှာပေါ့ (တင်ပါ့) မဟုတ်ဘူးလား (ဟုတ်ပါတယ်)။

ကိလေသာဟာနာမ်ဓမ္မ
ဒီအအေးကိုဆိုတာ မဟုတ်ပါဘူး၊ ကိလေသာအပူမီးငြိမ်းသွားတာကိုဆိုတာ ကိလေသာဟာ နာမ်ဓမ္မပါပဲ နာမ်ဓမ္မပင် ဖြစ်လင့်ကစားမဂ်စိတ်တို့လို ငြိမ်ငြိမ်ဆိတ်ဆိတ်က မရှိဘူး။ ပူပူလောင်လောင်ရှိ တယ်၊ ပျာယာခတ်တယ်၊ ဒီပျာယာခတ်တဲ့ စိတ်တွေ ပျောက်သွားတာကို ဆိုတယ်။ ပျာယာခတ်တာကို ငြိမ်းသွားတယ်ဆိုတာပါ ငြိမ်းတာပါ အေးတယ်လို့ ယူပစ်လိုက်လို့စင်စစ်တော့ ကိလေသာငြိမ်းတာ၊ ပေါ်ပြီလား (တင်ပါ့) တကယ် အေးတာမဟုတ်ဘူး ကိလေသာငြိမ်းတာ။
တကယ်အေးရင်ဖြင့် ခင်ဗျားတို့ (ဂတ်(စ်)) တွေ ဘာတွေ လွှတ်ရဦးမှာပေါ့ (တင်ပါ့) ဥပမာပြတာ၊ ဒါကို အဟုတ်အေးတယ် ယူပစ်လိုက်ပါတယ်။ ယခုခင်ဗျားတို့က ခင်ဗျားတို့ ကြားဖူးတာက အဲဒီလို မအေးပါ ဘူး၊ ကိလေသာ မရှိလို့ ကိလေသာက နဂိုက ငါဘုရားက ဟောထားတာ အပူဓာတ်၊ မဂ်က အအေးဓာတ်က မဂ်ဆိုက်လာလို့ရှိရင် ကိလေသာ အပူပျောက်တယ်လို့ ဟောတာ ရှင်းပြီလား (ရှင်းပါပြီ)။
ဒါဖြင့် တစ်ကိုယ်လုံး အေးသွားတာကို ဆိုလို့ရပါမည်လား မရဘူးတဲ့၊ သို့သော်လည်း တစ်ခုစဉ်းစား ပါလို့ ခင်ဗျားတို့ကို သတိပေးလိုက်တယ်။ ပူတာကို ပူမှန်းသိတဲ့ပုဂ္ဂိုလ်မှ အေးတာ အေးမှန်းသိတယ် (တင်ပါ ဘုရား) ကိလေသာက ပူနေတာ။

ငြိမ်းမှုနဲ့အေးမှုတခြားစီ
ခင်ဗျားတို့က အစိုးရအလုပ်လုပ်တယ်၊ ဥပမာ - မောင်သက်မောင်ကလည်း အရောင်းအ၀ယ် လုပ်တယ်၊ အစရှိသည်တို့ကို လုပ်နေတော့ ၀မ်းထဲမှာ ရှုပ်ပွေနေတာပဲ၊ ဂနာမငြိမ်ဘူး အဲဒီ ဂနာမငြိမ် တာတွေ ပျောက်တာကို အေးတယ်လို့ဆိုတာပါ၊ ကိလေသာငြိမ်းတာကို အေးတယ်လို့ဆိုပါတယ်၊ ငြိမ်းမှုနဲ့ အေးမှုဟာ တခြားစီ၊ ငြိမ်းမှုကငြိမ်းမှု၊ အေးမှုက သီတတေဇော၊ ငြိမ်းမှုက မဂ်၊ မဂ်ကြောင့် ကိလေသာငြိမ်း သွားတာ၊ သဘောပါပြီလား၊ ဒါဖြင့် ဒုတိယ အဖြေပြီးရောပေါ့၊ (တင်ပါ့ဘုရား)။
အမေးပုစ္ဆာ = တတိယတော့ တပည့်တော်ကို အဲဒါနဲ့ အရှင်ဘုရား ခုနက သံယုတ်ပါဠိတော်မှာ မေးတဲ့လူရှိ တယ်၊ ပုဏ္ဏားက ဘုရားလာမေးတယ်၊ အရှင်ဘုရား အတ္တရှိပါသလား၊ အတ္တရှိပါတယ်လို့ ငါမဟောဘူး၊ ဒါဖြင့် အနတ္တရှိပါသလား၊ အနတ္တရှိတယ်လို့ ငါမဟောဘူး၊ ဒါဖြင့် အနတ္တရှိပါသလား၊ အနတ္တရှိတယ်လို့ ငါမဟောဘူး၊ ဘုရားကနှစ်ခုစလုံး ပယ်ချလိုက်တယ်၊ ဒါနဲ့အရှင် အာနန္ဒာက အနားမှာရှိတယ်၊ အရှင်ဘုရား အတ္တရှိသလား ဆိုတော့ မရှိဘူးဟောလိုက်တယ်၊ နို့ အနတ္တမရှိဘူးလား ဆိုလို့ရှိရင်လည်း မရှိဘူးလို့ ဟောလိုက်တော့ မခက်ဘူးလားဘုရား

ပုဂ္ဂိုလ်ငဲ့ဟောရတာ
အဖြေ = အနတ္တတွေပဲ (တင်ပါ့) ဟုတ်တယ်တဲ့ကွ၊ ငါ ဝေနေယျဇ္ဈာသယလိုက်ပြီး ဒီပုဏ္ဏား အယူလွဲသွားမှာ စိုးလို့ အတ္တရှိသလားဆိုရင် သဿတဒိဋ္ဌိဘက်ပြေးလိမ့်မယ်၊ ဒါဖြင့် အနတ္တသာရှိသလားဆိုတော့ အနတ္တရှိ တယ်လို့ ဆိုလိုက်ပြန်ရင်လည်း အနတ္တဆိုတာ ဘာမှမရှိဘူး ပျောက်ကွယ်သွားတာဆိုတာ အနတ္တဆိုတာ ဘာမှ မရှိဘူး ပျောက်ကွယ်သွားတာဆိုတာ အဲဒီတော့ဥစ္ဆေဒဒိဋ္ဌိဘက်ပြေးလိမ့်မယ်၊ အဲဒါကြောင့် သဿတ ဥစ္ဆေဒ ဒီနှစ်ခုလွတ်အောင် ငါဖြေလိုက်ခြင်းဖြစ်တယ်၊ ပေါ်ပြီလား (တင်ပါ့)။
အဲဒီ သံယုတ်ပါဠိတော် ဒါဖြင့် စင်စစ် ပုဂ္ဂိုလ်ကို မငဲ့ဘဲနဲ့ ပုဏ္ဏားဥာဏ်ကို ဘုရားက အချိန်ဘဲနဲ့ နိဗ္ဗာန်ရောက်ကြောင်း ဟောမယ်ဆိုရင် အနတ္တရှိတယ်ဟောရမယ်၊ အတ္တရှိတယ်လို့ မဟောရဘူး ရှင်းပြီလား (ရှင်းပါပြီဘုရား)။
အမေးပုစ္ဆာ = နောက်ဆုံးလျှောက်လိုတာက - ဒီမဂ်ရပြီးတဲ့ ပုဂ္ဂိုလ်များဟာ တပည့်တော်တို့လို သာမန်လူ အနေနဲ့ စားသောက်နေထိုင်တဲ့အခါကြတော့ ဒိဋ္ဌိကြီးတန်းလန်းကြီးနဲ့ပါနေတာပေါ့ဘုရား
မဂ်ရပြီးတဲ့ ပုဂ္ဂိုလ်ကတော့ သူလည်း စားသောက်နေလို့ရှိရင် မဆင်ခြင်လို့ရှိရင် တပည့်တော်တို့နဲ့ မထူးဘူးလို့ ဒီလို အောက်မေ့ပါတယ်

ရောဂါပျောက်ပြီးတဲ့ပုဂ္ဂိုလ်
အဖြေ = ဒါက ဒီလို ရောဂါ မပျောက်သေးတဲ့ ပုဂ္ဂိုလ်က မတည့်တာ စားတာတစ်မျိုး၊ ရောဂါပျောက်တဲ့ ပုဂ္ဂိုလ်က မတည့်တာ စားတာ တစ်မျိုး၊ ရောဂါပျောက်ပြီးသား ပုဂ္ဂိုလ်က ဆေးကမတည့်တာ စားတာတစ်မျိုး ဒီလို ထူးခြားပါတယ်။
ရောဂါပျောက်ပြီးသား ပုဂ္ဂိုလ်က မတည့်တာစားတာ သူ့မှာ အစာကြေတယ်၊ ဟို မပျောက်သေးတဲ့ ပုဂ္ဂိုလ်က ရောဂါထ,တယ်၊ ဒီလိုကွာသွားပါတယ်၊ သူ့မှာ ဒိဋ္ဌိပြုတ်ပြီးသားပါ၊ သမုစ္ဆေဒပယ်ပြီးသားပါ၊ ဒီလိုကွာသွားပါတယ်၊ သဘောပါပြီလား။
ဒိဋ္ဌိ, ၀ိစိကိစ္ဆာ, သီလဗ္ဗတ ပရာမာသလို ပယ်ပြီးသားဖြစ်ပါတယ်၊ နေပုံ ထိုင်ပုံက ချို (ဂျို) မပေါက်ပါ ဘူး၊ သို့သော် ခင်ဗျားနောက် ဘုန်းကြီးအကြောင်း ညီညွတ်ရင် သောတာပန်မှာ ပေါ်တဲ့ (၇) စိတ်ကို ကျုပ်အထက်ကနေပြီးတော့ ရေးပေးပါဦးမယ် (တင်ပါ့ဘုရား)။

သာဓု … သာဓု … သာဓု။

Read More!

ငရဲ၏ဒုက္ခဆင်းရဲများနှင့်လွတ်မြောက်ဖို.အချိန်

ငရဲဆိုသည်မှာ.... နှင့် ငရဲ၏ ဒုက္ခဆင်းရဲများဟူသည်...
အပါယ်ဟူသည် ပါဠိလို အပါရ (ချမ်းသာမှု အပေါင်းမှ ကင်းဆိတ်ခြင်း) မှ ဆင်းသက်လာသည်။ အပါယ် လေးဘုံဆိုသည့် ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ် ဟူ၍ရှိလေသည်။

ငရဲ အမျိုးအစား (၈) မျိုး ရှိလေသည်။

၁) သိဉ္စိုး ငရဲ၊
၂) ကာဠသုတ် ငရဲ၊
၃) သံဃာတာ ငရဲ၊
၎) ရောရုဝ ငရဲ၊
၅) မဟာရောရုဝ ငရဲ၊
၆) တာပန ငရဲ၊
၇) မဟာ တာပန ငရဲ၊
၈) အဝီစိ ငရဲ စသည်ဖြင့် ငရဲကြီး ရှစ်ထပ် ရှိသည်၊


၁) သိဉ္စိုးငရဲ = ထပ်တလဲလဲ မလွတ်မြောက်ပဲ ခံစားရသောငရဲ ဟု အဓိပ္ပါယ်ရှိလေသည်။

ငရဲထိန်းများက အလျှံတပြောင်ပြောင် တ၀င်းဝင်း တောက်နေသော ငရဲလက်နက်များဖြင့် ထိုး ခုတ် ရိုက်နှက်၍ သေအောင် ပြုလုပ်ကြသည်။ ငရဲခံကြသူများမှာ ထိုသို့ လက်နက်များဖြင့် ထိုးခုတ်ရိုက်နှက်၍ သေသော်လည်း တစ်ဖန်ပြန်ထပ်ရှင်သန်ကာ အရင်အတိုင်း ထပ်ကာထပ်ကာ ဆိုင်ရာငရဲဒုက္ခတို့ကို ငရဲသက်တမ်း မကုန်မချင်း ပြန်ခံစားနေရသည်။
ဤငရဲ၏ သက်တမ်းမှာ ထိုဘုံဘ၀၏ အနှစ်ငါးရာ ဖြစ်လေသည်။ ထိုငရဲဘုံ၏ တစ်ရက်သက်တမ်းသည် လူတို့၏နှစ်ဖြင့် အနှစ်ကိုးသန်း ဖြစ်လေသည်။
တည်နေရာနှင့် အကျယ်အ၀န်းမှာ မဟာပထ၀ီမြေထု၏အောက် ယူဇနာပေါင်း တစ်သောင်းငါးထောင် ကွာဝေး၍ ယူဇနာပေါင်း တစ်သောင်းအကျယ်အ၀န်းရှိလေသည်။



၂) ကာဠသုတ်ငရဲ = မည်းနက်သော ကြိုးငရဲ ဟု အဓိပ္ပါယ်ရှိလေသည်။
ငရဲထိန်းများက လက်နက်မျိုးစုံဖြင့် လိုက်၍ ခုတ်၊ ထစ်၊ ထိုး၊ ရိုက်၊ နှက်ကြသော် ငရဲသားများမှာ ကြောက်အားလန့်အားဖြင့် ပြေးလွှားရကာ အမောဆို့၍ လဲကျသောအခါ လက်သမားဆရာများက သစ်သားများကို မည်းနက်သော သစ်မျှဉ်းကြိုးဖြင့် တိုင်းတာ ကာ လိုသလို ဖြတ်ကြသကဲ့သို့ ငရဲသားများ အမောဆို့ကာ လဲကျသောအခါ ငရဲထိန်းများက မည်းနက်သော ကြိုးဖြင့် လိုသလို ပုံစံမျိုးတိုင်းတာကာ လွှ ငမန်းတို့ဖြင့် ဖြတ်ကြ ပိုင်းကြလုပ်ခြင်းကို ခံကြရသည်။ ထိုသို့ လက်နက်များဖြင့် ပိုင်းဖြတ်၍ သေသော်လည်း တစ်ဖန်ပြန်ထပ်ရှင်သန်ကာ အရင်အတိုင်း ထပ်ကာထပ်ကာ ဆိုင်ရာငရဲဒုက္ခတို့ကို ငရဲသက်တမ်း မကုန်မချင်း ပြန်ခံစားနေရသည်။
ဤငရဲ၏ သက်တမ်းမှာ ထိုဘုံဘ၀၏ အနှစ်တစ်ထောင် ဖြစ်လေသည်။ ထိုငရဲဘုံ၏ တစ်ရက်သက်တမ်းသည် လူတို့၏နှစ်ဖြင့် အနှစ်သုံးကုဋ္ဋေခြောက်သန်း ဖြစ်လေသည်။
တည်နေရာနှင့် အကျယ်အ၀န်းမှာ သိဉ္စိုးငရဲ ၏အောက် ယူဇနာပေါင်း တစ်သောင်းငါးထောင် ပထ၀ီမြေထုအကွာတွင် တည်ရှိ၍ ယူဇနာပေါင်း တစ်သောင်းအကျယ်အ၀န်းရှိလေသည်။



၃) သံဃာတာငရဲ = သံတောင်ကြိတ် ငရဲ ဟု အဓိပ္ပါယ်ရှိလေသည်။
ငရဲမီးလျှံ တစ်ဟုန်းဟုန်း တောက်လောင်နေသော ကိုးယူဇနာမျှ ကျယ်ဝန်းသည့် ဒယ်အိုးကြီးများထဲသို့ ငရဲသားများထည့်ကာ ငရဲထိန်းများက တောင်လောက်ကြီးမားသော သံကြိတ်တုံးကြီးများနှင့် ဖိ၍ လှိမ့်သတ်ကြသည်။ ငရဲသားများမှာ အလူးအလိမ့်ကို ခံကြရသည်။ ထိုသို့ ဖိ၍ ပိ၍ သေရသော်လည်း တစ်ဖန်ပြန် ထပ်ရှင်သန်ကာ အရင်အတိုင်း ထပ်ကာထပ်ကာ ဆိုင်ရာငရဲဒုက္ခတို့ကို ငရဲသက်တမ်း မကုန်မချင်း ပြန်ခံစားနေရသည်။
ဤငရဲ၏ သက်တမ်းမှာ ထိုဘုံဘ၀၏ အနှစ်နှစ်ထောင် ဖြစ်လေသည်။ ထိုငရဲဘုံ၏ တစ်ရက်သက်တမ်းသည် လူတို့၏နှစ်ဖြင့် အနှစ်တစ်ဆယ့်လေးကုဋ္ဋေ လေးသန်း ဖြစ်လေသည်။
တည်နေရာနှင့် အကျယ်အ၀န်းမှာ ကာဠသုတ်ငရဲ ၏အောက် ယူဇနာပေါင်း တစ်သောင်းငါးထောင် ပထ၀ီမြေထုအကွာတွင် တည်ရှိ၍ ယူဇနာပေါင်း တစ်သောင်းအကျယ်အ၀န်းရှိလေသည်။



၎) ရောရုဝ ငရဲ = ငရဲမီးလျှံများ နှိပ်စက်၍ ငရဲသူ ငရဲသားများ အော်ဟစ် ငိုယိုမြည်တမ်းခြင်း ဟု အဓိပ္ပါယ်ရှိလေသည်။
ငရဲတစ်ခုလုံးရှိ ငရဲမီးလျှံများမှာ ငရဲသားတို့၏ မျက်စိပေါက်၊ နားပေါက်၊ နှာခေါင်းပေါက်၊ ပါးစပ်ပေါက် တို့ကို အတင်းဒရကြမ်း ၀င်ရောက် လောင်မြိုက်ခြင်းကြောင့် ငရဲသားများ ကျယ်လောင်သော အသံဖြင့် အော်ဟစ်ငိုယိုကြသော ငရဲဆင်းရဲကို ခံစားကြရပေသည်။ ထိုသို့ မီးလျှံများကြောင့် လောင်ကျွမ်း၍ သေသော်လည်း တစ်ဖန်ပြန် ထပ်ရှင်သန်ကာ အရင်အတိုင်း ထပ်ကာထပ်ကာ ဆိုင်ရာငရဲဒုက္ခတို့ကို ငရဲသက်တမ်း မကုန်မချင်း ပြန်ခံစားနေရသည်။
ဤငရဲ၏ သက်တမ်းမှာ ထိုဘုံဘ၀၏ အနှစ်လေးထောင် ဖြစ်လေသည်။ ထိုငရဲဘုံ၏ တစ်ရက်သက်တမ်းသည် လူတို့၏နှစ်ဖြင့် အနှစ် ငါးဆယ့်ခုနှစ်ကုဋ္ဋေခြောက်သန်း ဖြစ်လေသည်။
တည်နေရာနှင့် အကျယ်အ၀န်းမှာ သံဃာတာငရဲ ၏အောက် ယူဇနာပေါင်း တစ်သောင်းငါးထောင် ကွာဝေး၍ ယူဇနာပေါင်း တစ်သောင်းအကျယ်အ၀န်းရှိလေသည်



၅) မဟာရောရုဝ ငရဲ = ငရဲမီးလျှံမှ မီးခိုးများ နှိပ်စက်၍ ငရဲသူ ငရဲသားတို့ အော်ဟစ်ငိုယိုခြင်း ဟု အဓိပ္ပါယ်ရှိလေသည်။
ငရဲပြည်တစ်ခုလုံး မှိုင်းမှိုင်းရယ်ညိုလို့ ပိတ်ဖုန်းသွားမည့်အလား အောက်မေ့ရလောက်အောင် များပြားလှပေ၏။ မီးခိုးငွေ့များသည် ငရဲသူ ငရဲသားများ၏ ဒွါရ (အပေါက်) များသို့ ၀င်စေလျက် အော်ဟစ်ငိုယိုခြင်း ခံစားရလေသည်။
ဤငရဲ၏ သက်တမ်းမှာ ထိုဘုံဘ၀၏ အနှစ်ရှစ်ထောင် ဖြစ်လေသည်။ ထိုငရဲဘုံ၏ တစ်ရက်သက်တမ်းသည် လူတို့၏နှစ်ဖြင့် အနှစ် နှစ်ရာသုံးဆယ့်ကုဋ္ဋေလေးသန်း ဖြစ်လေသည်။
တည်နေရာနှင့် အကျယ်အ၀န်းမှာ ရောရုဝငရဲ၊ ၏အောက် ယူဇနာပေါင်း တစ်သောင်းငါးထောင် ကွာဝေး၍ ယူဇနာပေါင်း တစ်သောင်းအကျယ်အ၀န်းရှိလေသည်။



၆) တာပနငရဲ = အပူလောင်ခြင်း ဟု အဓိပ္ပါယ်ရှိလေသည်။
အလျှံတစ်ပြောင်ပြောင်တောက်နေသည့် အုန်းပင်လုံးမျှရှိသည့် သံတံကျဉ် (တံစို့) ဟု ဆိုရသောအပေါ်၌ ငရဲသူ ငရဲသားများကို အတင်းအကျပ် ထိုင်ခိုင်း၍ တစ်ကိုယ်လုံး မီးကျီမီးခဲကဲ့သို့ ရဲရဲတောက်အောင် မီးကင်ခြင်းဖြင့် ခံစားကြရပေသည်။ ထိုသို့ အသားများ မီးလောင်ကျွမ်း၍ သေသော်လည်း တစ်ဖန်ပြန် ထပ်ရှင်သန်ကာ အရင်အတိုင်း ထပ်ကာထပ်ကာ ဆိုင်ရာငရဲဒုက္ခတို့ကို ငရဲသက်တမ်း မကုန်မချင်း ပြန်ခံစားနေရသည်။
ဤငရဲ၏ သက်တမ်းမှာ ထိုဘုံဘ၀၏ အနှစ်တစ်သောင်းခြောက်ထောင် ဖြစ်လေသည်။ ထိုငရဲဘုံ၏ တစ်ရက်သက်တမ်းသည် လူတို့၏နှစ်ဖြင့် အနှစ်ကိုးရာနှစ်ဆယ့်ကုဋ္ဋေ ခြောက်သန်း ဖြစ်လေသည်။
တည်နေရာနှင့် အကျယ်အ၀န်းမှာ မဟာရောရု ငရဲ၊ ၏အောက် ယူဇနာပေါင်း တစ်သောင်းငါးထောင် ကွာဝေး၍ ယူဇနာပေါင်း တစ်သောင်းအကျယ်အ၀န်းရှိလေသည်။



၇) မဟာ တာပနငရဲ = သာလွန်၍ ပူလောင်ခြင်း ဟု အဓိပ္ပါယ်ရှိလေသည်။
ငရဲမီးများ အလျှံတစ်ပြောင်ပြောင် တောက်လောင်နေသည့် သံတောင်ကြီးအပေါ်မှ ငရဲထိန်းများ၏ အစွမ်းသတ္တိကြောင့် မတက်ချင်သော်လည်း အတင်းတက်ခိုင်း၊ အပူလောင်ခံပြီး ငရဲသူ ငရဲသားများ တက်ကြရပေသည်။ ထိုသို့ဖြင့် အပေါ်ရောက်သည့်အခါ အောက်ခြေသို့ ပြန်တွန်းချခြင်း ခံကြရပေသည်။ ဤသို့ဖြင့်အကြိမ်ကြိမ် မဆုံးနိုင်ပဲ ခံစားကြရခြင်း ဖြစ်ပေသည်။
ဤငရဲ၏ သက်တမ်းမှာ အကုသိုလ်ကံ မကုန်မချင်း အန္တရကပ် တစ်ဝက်အတိဖြစ်၏။ ထိုမျှအထိ ကြာရှည်စွာ ခံကြရပေသည်။
တည်နေရာနှင့် အကျယ်အ၀န်းမှာ တာပနငရဲ ၏အောက် ယူဇနာပေါင်း တစ်သောင်းငါးထောင် ကွာဝေးသော မြေထုအရပ်၌တည်ရှိ၍ ယူဇနာပေါင်း တစ်သောင်းအကျယ်အ၀န်းရှိလေသည်။



၈) အဝီစိငရဲ = ငရဲသူ၊ ငရဲသား၊ ငရဲမီးလျှံ၊ ဆင်းရဲဒုက္ခ (၃) မျိုးလုံး လစ်လပ်မှုမရှိ (အကြားမရှိ) တရစပ် ခံစားရခြင်း ဟု အဓိပ္ပါယ်ရှိလေသည်။
ငရဲသူ ငရဲသားများသည် အိုးခွက်ထဲမှ ထန်းစေ့၊ မုံ့ညင်းစေ့၊ စပါးစေ့များကဲ့သို့ တင်းကြမ်းပြည့်ကာ အကြားအကြားခြားခြင်း မရှိသကဲ့သို့ ငရဲသူ ငရဲသားများ၏ ဆင်းရဲဒုက္ခ တစ်ပေါင်းတစ်ခုတည်း နေရာအနှံ့အပြား ခံစားကြရခြင်း ဖြစ်ပေသည်။
ဤငရဲ၏ သက်တမ်းမှာ အကုသိုလ် မကုန်မချင်း အန္တရကပ် တစ်ကပ်တိတိဖြစ်၏။ အန္တရကပ် တစ်ကပ်ဆိုသည်မှာ ဆုပ်ကပ်နှင့် တက်ကပ်တစ်စုံကို ဆိုလိုပေသည်။ ဆုတ်ကပ်ဆိုသည်မှာ အနှစ်တစ်ရာကြာတိုင်း ကြာတိုင်း တစ်နှစ်ဆုတ်သည့်နည်းဖြင့် ဆယ်နှစ်သက်တမ်းသို့ ဆုတ်ယုတ်ကျရောက်လာခြင်းကာလကို ဆုတ်ကပ်တစ်ကပ် ဖြစ်ပေသည်။ တက်ကပ်ဆိုသည်မှာ ဆယ်နှစ်သက်တမ်းမှစ၍ အသင်္ချေရ တန်းသို့ ပြန်ဆက်လာခြင်းကာလကို တက်ကပ်တစ်ကပ် ဖြစ်ပေသည်။ ၎င်းဆုတ်ကပ် တက်ကပ် နှစ်ကပ်ပေါင်းကို အန္တရကပ် တစ်ကပ်ဟုခေါ်သည်။
တည်နေရာနှင့် အကျယ်အ၀န်းမှာ မဟာ တာပန ငရဲ ၏အောက် ယူဇနာပေါင်း တစ်သောင်းငါးထောင် ကွာဝေး၍ ယူဇနာပေါင်း တစ်သောင်းအကျယ်အ၀န်းရှိလေသည်။

ငရဲငယ် (၈) ဌာန ဆိုသည်မှာ

၁။ မီးပူငရဲ
၂။ သံပူငရဲ
၃။ ပြာပူငရဲ
၎။ ရေပူငရဲ
၅။ ကြေးနီအိုးငရဲ
၆။ ဘင်ပုတ်ငရဲ
၇။ လက်ပံတောငရဲ
၈။ ကြိမ်ပိုက်ငရဲ တို့ဖြစ်သည်။
(လောကပညတ္တိကျမ်း၌ မိန်ဆိုထားပါသည်။)

မဟာစည်ဆရာတော်ဘုရာကြီး၏ ၀ိပဿနာရှု့နည်းအကျဉ်းချူပ် တွင်အောက်ပါအတိုင်း ငရဲ၌ ဆင်းရဲဒုက္ခအတိခံစားရပုံကို ရှင်းရှင်းလင်းလင်း ကွင်းကွင်းကွက်ကွက်ဖြင့် ဖော်ပြထားပါသည်။
ငရဲဘုံ၌ ဖြစ်ရသောသတ္တ၀ါတို့၏ ကိုယ်ထည် သုံးဂါဝုတ် ပမာဏရှိ၏။ မြန်မာအတိုင်းအားဖြင့် ၄ တိုင် တာ ၈၀၀ ရှိ၏။ ငရဲထိန်းတို့သည် ထိုမျှ ကိုယ်ခန္ဓာ ကြီးမားသော ငရဲသားကို အလျှံတပြောင်ပြောင် မီးစွဲလောင်သော သံမြေပေါ်၌ ပက်လက် အိပ်စေကုန်၏။ ထို့နောက် ညဘက် လက်ဝါး၌ ထန်းလုံးခန့်ရှိ ရဲရဲတောက်သော သံတစို့ကြီးကို ရိုက်နှက်သွင်းကုန်၏။ ဘယ်ဘက် လက်ဝါး၌လည်း နည်းတူပင် ရိုက်နှက် သွင်းကုန်၏။ ညာဘက်ခြေ၊ ဘယ်ဘက်ခြေ၊ ခါး၊ လက်တို့၌လည်း နည်းတူပင် ရိုက်သွင်းကုန်၏။

ထို့အတူ မှောက်လှက် အိပ်စေ၍လည်ကောင်း၊ စောင်းလျက် အိပ်စေ၍လည်ကောင်း၊ ငါးပါးသော ဌာနတို့၌ သံစို့ကြီးများကို ရိုက်နှက်၍ ညှင်းဆဲနှိပ်စက်ကုန်၏။ အကုသိုလ်ကံ မကုန်သေးမချင်း ငရဲသားကား မသေနိုင်။ ဤသို့ အညှင်းဆဲခံနေရသော ငရဲသားများသည် ရဲရဲတောက်သော သံမြေပြင်ကို မြင်ရုံမျှဖြင့်လည်း များစွာ စိတ်ဆင်းရဲရ၏။ အလွန် ကြမ်းတမ်း ရက်စက်စွာ ကြိမ်းမောင်း ပြောဆိုသောငရဲထိန်းတို့၏ အသံကို ကြားရ၍လည်း စိတ်ဆင်းရဲရ၏။ သံမြေပြင်ပေါ်၌ အတင်းတွန်းလှဲသိပ်ခြင်း၊ မီးလောင်ခံရခြင်း၊ သံစို့ နှက်ခံရခြင်းတို့ကြောင့်လည်း အတိုင်းမသိ ကြီးစွာသော ကိုယ်ဆင်းရဲ စိတ်ဆင်းရဲတို့ကို ခံစားရ၏။

ထိုသို့သော ကာလ၌ ကယ်ပါ၊ သနားပါ၊ ချမ်းသာပေးပါ စသည်ဖြင့် မျက်ရည်ယိုစီး ငိုကြွေး မြည်တမ်းလျက် တောင်းပန်သော်လည်း မည်သူကမျှ မသနား၊ ချမ်းသာမပေးချေ။ မိဖဲ့ ဖမဲ့ ဆွေမျိုးမဲ့၊ ဆွေခင်ပွန်းမဲ့၍ တစ်ကိုယ်တည်းသာဖြစ်လျက် ညှိုးငယ်စွာနှင့် အလွန်ကြီးမားသော ဆင်းရဲတွေကို အော်မြည်ယောင်ယမ်းလျက် မိနစ်စက္ကန့်မခြားဘဲ ခံစား၍ နေရရှာလေတော့၏။ ထိုသို့သော ကာလ၌ ၀ိပဿနာအလုပ်ကို အားထုတ်ခွင့်မရနိုင်တော့ချေ။

ထို့ပြင် သံစို့ ငါးချက်နှက်၍ မသေသော ငရဲသားကို ငရဲထိန်းတို့သည် အိမ်မိုးတစ်ဖက်ခန့်ရှိသော တံစည်းပေါက်ပြားကြီးတို့ဖြင့် ရှစ်မြှောင့်ပုံ၊ ခြောက်မြှောင့်ပုံ စသည်ဖြစ်အောင် မျဉ်းပစ်၍ ရွေခုတ်ကြပြန်၏။ သွေးတို့သည် မြစ်ဖြစ်၍ စီးလေကုန်၏။ ထိုသွေးတို့မှ မီးတောက် ထပြန်၍ ရွေခုတ်ရာ ကိုယ်၌စွဲလောင်လေ၏။ အတိုင်းမသိသော ဆင်းရဲကို ခံစားရလေ၏။ ထိုစဉ်အခါ၌ ၀ိပဿနာ အလုပ်ကို အားထုတ်ခွင့် မရနိုင်တော့ချေ။

ထိုမျှဖြင့် မသေသေးလျှင် ဇောက်ထိုးတွဲလဲ ဆွဲထား၍ ဗန်းကြီးခန့်ရှိ ပဲကွပ်တို့ဖြင့် ပါးပါးလွှာလျက် ရွေခုတ်ကြပြန်၏။ ထိုမျှဖြင့်လည်း မသေသေးလျှင် မီးလျှံရဲရဲတောက်သော သံရထား၌ နွား မြင်းတို့ကဲ့သို့ တပ်၍ မီးကျီခဲတောင့်ကြီးပေါ်သို့ တက်စေကုန်၏။ မတက်ဘဲနေလျှင် ရဲရဲတောက်သော သံတုတ်ကြီးများဖြင့် အပြင်းရိုက်၍ တက်စေကုန်၏။ တောင်ထိပ်သို့ရောက်လျှင် တစ်ဖန် ဆင်းစေကုန်၏။ ဤသို့ တက်ချည် ဆင်းချည် အဖန်ဖန်ပြုစေကုန်၏။ ထိုမျှဖြင့်လည်း မသေသေးလျှင် ကျိုက်ကျိုက်ဆူပွက်လျက် ရဲရဲတောက်သော လေဟကုမ္ဘီ ခေါ် သံရည်ပွက်အိုးကြီးထဲသို့ ပစ်ချလိုက်ကုန်၏။ ထိုငရဲသားသည် သံရည်ထဲ၌ ရှဲကနဲကျ၍ အမြှုပ်တစ်စီစီ ထလျက် နစ်မြှုပ်သွားရှာလေ၏။

အနှစ်သုံးသောင်းကြာမှ ငရဲအိုး၏ အောက်ဝသို့ရောက်၏။ တစ်ဖန် အနှစ်သုံးသောင်းကြာမှ ငရဲအိုး၏ အောက်နှုတ်ခမ်းသို့ရောက်လျက် ပေါ်လာ၏။ အရပ်မျက်နှာများသို့လည်း ဖီလာသွား၏။ ထမင်းအိုးပွက်သောအခါ၌ ဆန်စေ့ကလေးများကဲ့သို့ပင်တည်း။ အတိုင်းမသိသော ဆင်းရဲမှုနှင့် ရင်ဆိုင်တွေ့နေရလေ၏။ ထိုစဉ်အခါ၌ ၀ိပဿနာအလုပ်ကို အားထုတ်ခွင့်ကိုကား မရနိုင်တော့ချေ။

ကံမကုန်သေး၍ ထိုမျှဖြင့် မသေပြန်လျှင် သံရည်ပွက်ထဲမှ ငရဲသားကို ထုတ်ယူ၍ ငရဲထိန်းတို့သည် မီးတဟုန်းဟုန်း အမြဲတောက်လောင်လျက်ရှိသော ငရဲကြီးထံသို့ ပစ်သွင်းလိုက်ကြပြန်၏။ ထိုငရဲသည်ကား အလျား အနံ အမြင့် ယူဇနာ တစ်ရာရှိလေ၏။ လေးထောင့်ညီသော သံသေတ္တာကြီးနှင့် တူ၏။ အရှေ့ဘက်နရံမှ မီးလျှံသည် အနောက်ဘက်၌ နံရံကို ဖောက်ပြီးလျှင် အပြင်ဘက်၌ ယူဇနာ တစ်ရာတိုင်အောင် ပူလောင်၏။ အနောက်နံရံ၊ တောင်နံရံ၊ မြောက်နံရံကို ဖောက်ပြီးလျှင် အပြင်ဘက်၌ ယူဇနာ တစ်ရာတိုင်အောင်ပူလောင်၏။

အနောက်နံရံ၊ တောင်နံရံ၊ အထက်သံမိုး၊ အောက်သံမြေပြင်တို့မှ မီးလျှံတို့သည်လည်း နည်းတူချည်း ဟစ်အော်မြည်သတည်း။ ထိုငရဲကြီးအတွင်း၌ ထိုမှဤမျှ ပြေးလွှားလူးလိမ့် ဟစ်အော်မြည်တမ်းလျက် ကြီးစွာသော ဆင်းရဲဒုက္ခတို့ကို ခံစားရလေ၏။

နှစ်ပေါင်းများစွာကြာသော် တစ်ခါတစ်ရံ၌ ထိုငရဲကြီး၏ တံခါးဝဆီသို့ အတင်းပြေးကြ၏။ အချို့မှာလည်း လမ်းခရီးတွင် မောပန်းလူးလိမ့်လျက်ရှိကုန်၏။ အချို့မှာ တံခါးဝသို့ ရောက်ကုန်၏။ အနှစ်သိန်းပေါင်းများစွာ ကြာလျှင် ထိုတံခါးမကြီးသည် ပိတ်သွားလေသည်။

ထွက်နိုင်သော ငရဲသားသည်လည်း အပြင်သို့ ရောက်သည်နှင့် တစ်ပြိုင်နက် ဘင်ပုပ်ငရဲသို့ ကျသွားလေ၏။ မစင်ဘင်ပုပ်ထဲ၌ နစ်မြုပ်နေစဉ် ဆင်၏ လည်ပင်းခန့်ရှိသော ပိုးလောက်တို့က ကိုက်ခဲစားကြလေသည်။

ထိုဘင်ပုပ်ငရဲထံမှ လွတ်ပြန်လျှင် ပြာပူငရဲ ထံသို့ ကျရောက်သွားပြန်၏။ ထိုငရဲ၌ အိမ်ထွတ်ခန့်ရှိသော မီးကျီခဲ၊ ရဲရဲတောက်သော ပြာပူတို့ဖြင့် လောင်ကျွမ်း၍ ဆင်းရဲကြီးစွာကို ခံစားရပြန်၏။

ထိုငရဲမှ လွတ်ပြန်လျှင် လက်ပံတောငရဲ သို့ ရောက်ပြန်၏။ လက်ပံပင်တို့မှာ ၁၆ လက်မရှည်သော ဆူးရှိကုန်၏။ ငရဲထိန်းတို့က ရိုက်နှက်၍ ထိုလက်ပံပင်တို့၌ တက်ချည် ဆင်းချည် ပြုလုပ်စေ၏။ လက်ပံဆူးတို့သည် တက်သောအခါ၌ အောက်ကိုလှည့်၍ နေကုန်၏။ ဆင်းသောအခါ၌ အထက်သို့ လှည့်၍နေကုန်၏။ ကြောက်လန့်တကြား လျင်စွာတက်ရ၊ ဆင်းရသော ငရဲသားတို့၏ ကိုယ်သည် ထိုလက်ပံဆူးတို့ဖြင့် ထိုးမိ၍ စုတ်ပြဲလျက် ရှိလေ၏။

ထိုငရဲမှ လွတ်ပြန်လျှင် သံလျက်တောငရဲ သို့ရောက်ပြန်၏။ ရောက်သည်နှင့် တစ်ပြိုင်နက် သံလျက်နှင့် တူစွာ နှစ်သွားရှိသော အရွယ်တို့သည် ကြွေ၍ ငရဲသား၏ ကိုယ်၌ကျလေကုန်၏။ လက်၊ ခြေ၊ နား၊ လျှာ၊ ကိုယ်အင်္ဂါတို့သည် အပိုင်းပိုင်း ပြတ်လေကုန်၏။ ထ၍ ပြေးပြန်လျှင် သံမြေပြင်၌ သင်းတုံးသွားတို့သည် ထွက်ပေါ်လျက် ရှိကုန်၏။ ရှေ့မှ သံတံတို့လည်း ကာရံလျက် ရှိကုန်၏။ ထိုအခါ၌ ၀ိပဿနာအလုပ်ကို အားထုတ်ခွင့်ကို မရနိုင်တော့ချေ။

ထိုငရဲမှ လွတ်ပြန်လျှင် ဝေတ္တရဏီ မည်သော ကြိမ်ချောင်းငရဲသို့ ကျရောက်ပြန်လေ၏။ ထိုငရဲမှာ ကျစ်ကျစ်ဆူသော အရည်အတိပြည့်၏။ သင်တုံးသွားနှင့် တူသော နွယ်များ၊ ကြာရွက်များရှိ၏။ အောက်မြေပြင်၌ သင်တုံးသွား ခင်းလျက်ရှိ၏။ ကမ်းပါးတို့၌လည်း သင်းတုံးသွားကဲ့သို့ ထက်သော ကြိမ်နွယ်များ သမန်းမြက်များရှိ၏။ ငရဲသားတို့သည် ထိုချောင်းကို ဆင်းမိလျှင် မြေပြင်မှ သင်တုံးသွားရှသောကြောင့် လည်းကောင်း ဘိုင်းခနဲ လဲရှာလေ၏။ လဲလျှင် ကျစ်ကျစ်ဆူလျက် ပူစပ်သော အရည်ထဲ၌ စုန်ချည် ဆန်ချည် မျောနေလေ၏။ ကမ်းပါး၌ရှိသော ကြိမ်သမန်းမြက် တို့ဖြင့်လည်းရှ၊ ချောင်းထဲ၌ရှိသော ကြာရွက်တို့ဖြင့်လည်း ရှ၏။ ငရဲသားတို့၏ ကိုယ်ထည် အစုတ်စုတ်အပြတ်ပြတ် ဖြစ်လေ၏။ ထိုစဉ်ခဏ၌ ၀ိပဿနာတရားကို အားထုတ်ခွင့်ကို မရနိုင်တော့ချေ။

စုန်ချည်ဆန်ချည် မျောလျက် အတိဒုက္ခရောက်နေသော ထိုငရဲသားကို ငရဲထိန်းတွေ့လျှင် ငါးမျှားချိတ်ကြီးဖြင့် ဆွဲတင်၍ ဘာအလိုရှိသလဲဟု မေး၏။ "ထမင်းဆာသည်" ဟု ဆိုလျှင် ရဲရဲတောက်သော အတုံးအခဲဖြင့် ပြည့်သော သံခြင်းတောင်းကြီးကို ယူလာကုန်၏။ ငရဲသားသည် ကြောက်လှသောကြောင့် ပါးစပ်ကြီး အတင်းပိတ်၍ ထားရှာလေ၏။ ထိုအခါ ငရဲထိန်းတစ်ယောက်က ပေါက်ချွန်းကြီးနှင့် အတင်းပေါက်၍ ပါးစပ်ကို ဖွင့်၏။ အခြားငရဲထိန်းကလည်း ထိုနည်းတူပင် တစ်ဖက်မှ ပေါက်၍ ဖွင့်၏။ ထိုသို့ ဖွင့်၍ ပါးစပ်ဟင်းလင်း ပွင့်နေသော အခါ၌ ရဲရဲတောက်သော ထိုသံတုံး သံခဲတို့ကို တစ်ခုပြီးတစ်ခု ပစ်ထည့်၍ ကျွေးကြလေသည်။

ထိုသံတုံး သံခဲတို့သည် နှုတ်ခမ်း၊ လျှာ၊ အာခေါင်၊ လည်ချောင်း၊ အူတို့ကို လောင်ကျွမ်းပြီးလျှင် အောက်ဒွါရမှ ထွက်သွားကုန်၏။ "ရေငတ်သည်" ဟု ဆိုပြန်လျှင် ကျိုက်ကျိုက်ဆူပွက်သော သံရည်တို့ကို လောင်းထည့်၍ ပေးကုန်၏။ ထိုသံရည်ပူတို့သည်လည်း နည်းတူပင် လောင်၍ အောက်ဒွါရမှ ထွက်သွားရကုန်၏။ ငရဲသားသည် မသေသေးပြန်လျှင် ထိုငရဲသားကို ငရဲကြီးထံသို့တစ်ဖန် ပစ်သွင်းလိုက်ပြန်လေ၏။

ဤသို့ဖြင့် ငရဲသားတို့ ငရဲမျိုးစုံကို ခံစားရပုံကို ကွင်းကွင်းကွက်ကွက်မြင်သာအောင် ဖွင့်ဆိုပြလေသည်ကို မှတ်သားရပါသည်။

မြတ်စွာဗုဒ္ဓဘုရား ပွင့်တော်မူလာသောအခါမှ ဤဆင်းရဲဒုက္ခတို့၏ လွတ်မြောက်ရာလမ်းကို ဂရုဏာရှေ့ထားလမ်းပြ ညွှန်ပြတော်မူသဖြင့် များစွာသော လူ, နတ်, ဗြဟ္မာတို့သည် ကျွတ်တမ်း ၀င်ကြရပေသည်။ ထိုသို့ ဘုရားပွင့်ခါအချိန်မှာ ကျွတ်တမ်းမ၀င် နိုင်ခဲ့ရသော်လည်း ယခုခေတ် အချိန်အခါမှာ လူဖြစ်လာသော စာဖတ်သူတို့လည်း အထူးကံကောင်းလှသည်ကို ဖော်ပြညွှန်းဆိုနေသည့် သက်သေ အထောက်အထားများ အများအပြားရှိနေသည်။

တိုတောင်းလှသော လူဘ၀ အချိန် ကာလမှာ လောကီစားဝတ်နေရေးများအတွက် လုပ်နေကြရသလို သံသရာဝဋ်ဆင်းရဲမှလွန်မြောက်ကြောင်းတရားများကိုအားထုတ်ကျင့်ကြံမှသာလူဖြစ်ကျိုးနပ်ပေမည်။
တရားတော်များကိုအားထုတ်ကျင့်ကြံရာတွင်ကျွန်တော်တို့ကြားသိခဲ့ရသောပထမအရွယ်တွင်ပညာရှာ၊ဒုတိယ
အရွယ်တွင်ဥစ္စာရှာ၊တတိယအရွယ်တွင် ဘာဝနာတရားပွားများ ဟူသောအဆိုမှာ အင်မတန်မှားယွင်းပေသည်။ အထက်ပါဆိုရိုးအတိုင်းတတိယအရွယ်မှသာတရားအားထုတ်မည်ဆိုပါကဝေဖန်ပိုင်းခြား၊စဉ်းစားနိုင်သောဥာဏ
်ပညာကောင်းစွာအလုပ်မလုပ်နိုင်သောကြောင့်တရားထူးရရန်အားထုတ်ရာတွင်ခက်ခဲစေပါသည်။သေခြင်းတရား
သည်အမှည့်လွန်သောအသီးကဲ့သို့ အချိန်မရွေးကြွေကျနိုင်သည်ကို သတိပြုမိစေချင်ပါတယ်။

ပယ်သတ်ရမည့်တရား၊သိရမည့်တရား၊ပွားများရမည့်တရားများကို သိရှိသည်နှင့် လိုက်ကျင့်သင့်ပေသည်။ ထိုသို့သိရန်အတွက်လည်း တရားတော်များကို နားကြားရပါမည်။ မိမိသိရှိပြီးတဲ့တရားများကို လိုက်မကျင့်ပါက သိသလိုမသိသလိုနဲ့နောက်ဆုံးတော့ မသိတာဘဲဖြစ်သွားတက်ပါတယ်။သတိတရားလက်ကိုင်ထားဖို့တော့ လိုပြီပေါ့။ ဗုဒ္ဓမြတ်စွာက ရရှိရန်ခက်ခဲသောဒုလ္လဘတရား(၅)ပါးကို ဟောကြားတော်မူခဲ့ပါတယ်။

ဒုလ္လဘတရား ငါးပါး
ဘုရားတစ်ဆူပွင့်ရန် ရခဲ၏...
ဘုရားပွင့်သောခေတ်တွင် လူအဖြစ်ကို ရခဲ၏...
သာသနာတော်ကို ကြည်ညို မှီခိုတတ်သူ အဖြစ်ကို ရခဲ၏...
သူတော်ကောင်းတရား နာယူခွင့်ရရှိရန် ရခဲ၏...
သာသနာတော်တွင် ရဟန်းတပါးဖြစ်ရန်၊ (သာသနာတော်၏ အကျင့်ကို ကျင့်ရန်) ရခဲ၏ ...

-ပညာလွန်ကဲသော ဘုရားလောင်းများ ၄ သင်္ချေနှင့် ကမ္ဘာတစ်သိန်း မရပ်မနားအားထုတ် ကျင့်ကြံရသည်...
-သဒ္ဒါလွန်ကဲသော ဘုရားလောင်းများ ၈ သင်္ချေနှင့် ကမ္ဘာတစ်သိန်း မရပ်မနားအားထုတ် ကျင့်ကြံရသည်...
-၀ီရိယလွန်ကဲသော ဘုရားလောင်းများ ၁၆ သင်္ချေနှင့် ကမ္ဘာတစ်သိန်း မရပ်မနားအားထုတ် ကျင့်ကြံရသည်...
ဘုရားရှင်တို့သည်- စရိယ ၃ ပါး၊ စွန့်ခြင်းကြီး ၅ ပါး၊ ပါရမီ ၃၀၊ ဘာဝနာ ၅ ပါး တို့ကို ဘုရားရှင်တိုင်း ဖြည့်ကျင့်တော်မူခဲ့ ကြသည်...

-ထို့ကြောင့် ဘုရားအဖြစ်ကိုရရန် ခက်ခဲသည်...
-ထို့ကြောင့် ဘုရားသာသနာ ခေတ်တစ်ခေတ်ဖြစ်ရန် ပိုခက်သည် ...
-ထို့ကြောင့် ဘုရားသာသနာ ခေတ်တစ်ခေတ် တွင်လူဖြစ်ရန် ပိုခက်သည် ...
-ထို့ကြောင့် ဘုရားသာသနာ ခေတ်တစ်ခေတ် တွင် သာသနာကို ကြည်ညိုသောလူ၊ မှီခိုခွင့်ရသူ ဖြစ်ရန် ပိုခက်သည် ...
-ထို့ကြောင့် ဘုရားသာသနာ ခေတ်တစ်ခေတ် တွင် သာသနာကို ကြည်ညိုသောလူ၊ မှီခိုတတ်သောသူ ဖြစ်ရန် ပိုခက်သည်

သတ္တ၀ါတွေဟာ ရုပ်အဆင်းကြည်ညိုတဲ့ ပုဂ္ဂိုလ်က များသည်
အသံနဲ့ ဂုဏ်သတင်းကို ကြည်ညိုတဲ့ ပုဂ္ဂိုလ်က များသည်
တရား တကယ်ကြည်ညိုတဲ့ ပုဂ္ဂိုလ်မှာ ရှိသမျှ သတ္တလောကကြီးကို အပုံတစ်သိန်းပုံလျှင် တစ်ပုံသာရှိသည်ဟု ဘုရားရှင် ဟောကြားခဲ့သည်...

သူတော်ကောင်း အလုပ်ဆိုတာ ပျော်နိုင်ခဲသည်...
ကောင်းမှုမှန်ရင် ချန်မထားနဲ့ ....
လက်လှမ်းမှီသမျှ ကောင်းမှုကို လုပ်ကြ

သာသနာနှင့်ကြုံတုန်း လူဖြစ်ပါလျက် ဗုဒ္ဓတရားမလိုက်စားလျှင် အပါယ်ဆိုတာ ပြေးလို့လွတ်မည် မဟုတ်ချေဘူး။ ဒီဘ၀မှ သေလွန်၍ သာသနာမထွန်းကားရာ အရပ်ဒေသ၊ တိရစ္ဆာန်၊မှားယွင်းသောအယူဝါဒ စသဖြင့် ရပ်ပြစ်ရှစ်ပါး၌ လူဖြစ်ပြန်လျှင် မလွဲဧကန် အပါယ်ဘုံသို့ ကျရပေဦးမည်။ ဘယ်မှာလျှင် သံသရာမှ လွတ် ပါဦးမည်နည်း။ ဤသည်ကို မျှော်တွေးလို့ စာဆိုကျော် ပညာရှိ စလေဦးပုညက အောက်ပါအတိုင်း စပ်ဆိုခဲ့သည်ကို ဓမ္မသံဝေဂ ယူကြပါကုန်။
“ယခုခါမူ ၊ လူလည်းဖြစ်လာ
သာသနာလည်းထွန်းခိုက် ၊ အမြိုက်တရား
ဟောကြားမည့်သူ ၊ လူလည်းမရှား
သို့ပါလျက်သားနှင့်မှ
တရားမလိုက် ၊ အမှားကိုကြိုက်ကြလျှင်
အမိုက်တကာ့ဗိုလ်မင်း ၊ အဖျင်းတကာ့ဗိုလ်ချုပ်
အပါယ်လေးလီ ၊ မြစ်နဒီတွင် ၊ ပလုံစီမြုပ်လို့
လူယုတ်ကြီးတွေဖြစ်ချိမ့်မည်”။....။

ထိုအချက်ကို တွေးကြည့်လျှင် လူလည်းဖြစ်လာရပြီ၊ သာသနာနှင့်လည်း ကြုံပြီ ၊ ဟောကြားနေသော ရဟန်းသာဝကများလည်း ပေါများလှ၏။ ဤကဲ့သို့ ကြုံလျက်နဲ့မှ အကျင့်ပျက် ၊ တရားပျက် ၊ စရိုက်ပျက် ၊ မူပျက် နေရင်တော့ လူဖြစ်ရကျိုးနပ်မှာ မဟုတ်ပါဘူး။ သတိသံဝေဂ ရကြပါတော့။ စိတ်သည် မကောင်းမှု၌သာ မွေ့လျော်၏။ စိတ်ကို ဥာဏ်၊ သတိနှင့် ထိန်းပေးရမည်။ ဗုဒ္ဓတရားတော်များ များစွာနာကြားရမည်။ သာသနာနှင့်ဝေးရာ အရပ်ဒေတွင် နေထိုင်နေရသော်ငြားလည်း တရားတော်များကို အခါအားလျော်စွာနာကြားနေရင် လူဖြစ်ရကျိုးမနပ်သေးပါဘူး။

နာရုံသာနာ မရှုပွားသည့် ပုဂ္ဂိုလ်က လောကမှာ တကယ်များသည်...ကြာကြာထိုင်ရမှာ ကြောက်ကြသည်..
သာသနာတော်နှင့် ကြုံခိုက် သီလ၊ သမာဓိ၊ ပညာ အလုပ်များကို မမေ့မလျော့သော သတိဖြင့် ကြိုးစား အားထုတ်သွားကြရမည်...ထို့ကြောင့် ရရှိလာသော ဤလူ့ဘ၀ကြီးကို အခွင့်ရေးပိုင်ပိုင် ဆုပ်ကိုင်လျက် ကျွတ်တမ်းဝင်ရန်ဘ၀မှာ ယခု မိမိတို့ ရရှိထားသော ဘ၀ပင်ဖြစ်ပါတော့သည်

တရားတော်များနာယူရန်-

"ဒုလ္လဘတရား ငါးပါး" - ရယူနာကြားနိုင်ရန်

ဒုလ္လဘတရား ၅-ပါး ဘုရားဟော ၅-ချက် နှင့် ပြည့်စုံလျှင် အမှန်ပင်မဂ်ဆိုက်နိုင်ပုံ (ရှင်ဆန္ဒ ဒါးလှီး ဝတ္ထု)

ဒုလ္လဘတရား ၅-ပါး

ဒုလ္လဘတရားနှင့်ကြုံခိုက်မှာ အချိန်မဖြုန်းပါနှင့် တိုက်တွန်းခြင်း

ယမမင်းထံအစစ်ခံရပုံနှင်.ငရဲဒုက္ခွများအကြောင်းတရားတော်

ငရဲမီးငြိမ်းသတ်နည်း

ဥာဏ်စဉ်သုံးပါး မဟာပရိဠာဟငရဲအကြောင်း

အခြားအရေးထက်ငရဲမျိုးစေ့ဖြုတ်ရေးကပို၍အရေးကြီးပုံ

Read More!

  © Blogger template 'Fly Away' by Ourblogtemplates.com 2008

Back to TOP