၂၄ပစ္စည်း-ပဠာန်းရုပ်ပြစုံ



























ဟေတုပစ္စယော = ဟိတ်ခြောက်ပါးဖြစ်၍ ပစ္စယုပ္ပန်တရားတို့အား အမြစ်သဖွယ် ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(ရေသောက်မြစ်လျှင်၊ ယင်းသစ်ပင်ကို၊ စည်ပင်စေမှု၊ ကျေးဇူးပြု၊ ဟေတုပစ္စည်းခေါ်)

အာရမ္မဏပစ္စယော = အာရုံခြောက်ပါးဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(တောင်ဝှေးကြိုးတန်း၊ သူမစွမ်းကို၊ မပန်းစေရစေ၊ ထိုင်ထစေမှု၊ ကျေးဇူးပြုပြန်၊ အာရမ္မဏခေါ်)

အဓိပတ္တိပစ္စယော = အကြီးအမှူးဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(စကြာမင်းရှင်၊ အုပ်စိုးသွင်သို့၊ ပြိုင်ရှင်မရှိ၊ စိုးအုပ်ဘိ၊ အဓိပတိခေါ်)

အနန္တရပစ္စယော = အခြားမဲ့ (တဆက်တည်း အကြားမရှိ) ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(စကြာမင်းဖျား၊ နတ်ရွာလားသော်၊ သားကြီးနန်းရ၊ ဖြစ်ရပမာ၊ ခြားရာမရှိ၊ ကျေးဇူးရှိ)

သမနန္တရပစ္စယော = ကောင်းစွာ အခြားမဲ့ (တဆက်တည်း အကြားမရှိ) ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(စကြာမင်းဖျား၊ တောထွက်သွားသော်၊ သားကြီးနန်းရ၊ ဖြစ်ရပမာ၊ ခြားရာမရှိ၊ ကျေးဇူးရှိ)

သဟဇာတပစ္စယော = အတူတကွ ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း၊
(ဆီမီးတောက်သော်၊ အလင်းပေါ်သို့၊ ထို့တူတသီး၊ ပစ္စည်းပစ္စယုပ္ပန်၊ အတူဖြစ်ဟန်ကို)

အညမညပစ္စယော = အချင်းချင်းအပြန်လှန် ကျေးဇူးပြုတတ်သော တရားလည်းကောင်း၊
(သစ်သားသုံးခွ၊ ချင်းချင်းမသို့၊ အညမညံ၊ ပြန်လှန်သမှု၊ ကျေးဇူးပြု)

နိဿယပစ္စယော = မှီရာဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း၊
(သစ်ပင်တည်ရာ၊ မြေပမာလျှင်၊ မှီရာတည်မှု၊ ကျေးဇူးပြု)

ဥပနိဿယပစ္စယော = အားကြီးသော အကြောင်းဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(မိုးကြီးပမာ၊ သတ္တဝါတွေ၊ တည်နေနိုင်မှု၊ ကျေးဇူးပြု၊ ဥပနိဿယခေါ်)

ပုရေဇာတပစ္စယော = ရှေး၌ ဖြစ်နှင့်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(ကမ္ဘာဦးက၊ နေနှင့်လသို့၊ ရှေ့ကဖြစ်လာ၊ နောက်ကဖြစ်လာသည့်၊ တရားစုစု၊ ကျေးဇူးပြု)

ပစ္ဆာဇာတပစ္စယော = နောက်၌ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(လင်းတငယ်သော်၊ အစာမျှော်သို့၊ နောက်ပေါ်လာသည့်၊ ပစ္စည်းတရားစု၊ ကျေးဇူးပြု)

အာသေဝနပစ္စယော = အဖန်တလဲလဲ မှီဝဲထုံအပ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(ရှေးရှေးထုံထား၊ နံ့သာလားသို့၊ ရှေ့ဖျားကျမ်းဂန်၊ လေ့လာသန်လပ်၊ နောက်ထပ်ကျမ်းဂန်၊ အမြင်သန်သည်၊ ဧကန်အာသေဝနသဘောတည်း။)

ကမ္မပစ္စယော = အကြောင်းကံဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(မျိုးစေ့အလား၊ ပမာထား၍၊ နှစ်ပါးသောကံ၊ အခြေခံကာ၊ ဝေဘန်သမှု၊ ကျေးဇူးပြု)

ဝိပါကပစ္စယော = အကျိုးဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(ချမ်းရိပ်နားနေ၊ သွန်းလေပြေသို့၊ ကံနေအလား၊ အဖြစ်များမှု၊ ကျေးဇူးပြု)

အာဟာရပစ္စယော = ထောက်ပံ့ ခိုင်ခံစေတတ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(အိမ်ကို ကျားကန်၊ ဖြစ်ရဟန်သို့၊ သဏ္ဍာန်တူစွ၊ ထောက်ပံ့မသည့်၊ အာဟာရဖြစ်မှု၊ ကျေးဇူးပြု။)

ဣန္ဒြိယပစ္စယော = အစိုးရသည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(မိမိဆိုင်ရာ၊ ကိစ္စမှာလျှင်၊ ကောင်းစွာစိုးရ၊ ဖြစ်ရစင်စစ်၊ ပဒေသရာဇ်၊ စိုးအုပ်လှစ်သို့)

ဈာနပစ္စယော = ကမ္မဋ္ဌာန်းအာရုံသို့ကပ်၍ စူးစူးစိုက်စိုက် ရှုတတ်သည်၏ အဖြစ်ဖြင့် ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(သစ်ပင်တောင်ငူ၊ တတ်သသူသည်၊ အောက်သူတို့အား၊ ကြည့်ပြောငြားသို့။)

မဂ္ဂပစ္စယော = သံသရာမှ ထွက်မြောက်ကြောင်းနည်းလမ်းဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(ပမာကူသို့၊ ဆောင်ယူပို့သို့၊ ထို့တူနိဗ္ဗာန်၊ ရောက်ကြောင်းမှန်ပြု၊ ကျေးဇူးပြု။)

သမ္ပယုတ္တပစ္စယော = ယှဉ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(စတုမဓူ၊ ရောသည့်တူပေ၊ စိတ်စေနှစ်ပါး၊ ခွဲခြားမရ၊ ယှဉ်ကြသမှု၊ ကျေးဇူးပြု။)

ဝိပယုတ္တပစ္စယော = မယှဉ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(ရသခြောက်ပါး၊ ရောစပ်ထားသို့၊ ခြားနားမတူ၊ ဖြစ်ဟန်မူသို့၊ ထို့တူမခြား၊ ကျေးဇူးပြု။)

အတ္ထိပစ္စယော = ထင်းရှားရှိဆဲဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(မြင့်မိုရ်မြေကြီး၊ ထောက်ပံ့နည်းသို့၊ ပစ္စည်းသတ္တိ၊ ကျေးဇူးရှိ၊ အတ္ထိပစ္စည်းခေါ်။)

နတ္ထိပစ္စယော = မရှိသည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(ငြိမ်းသေလေပြီး၊ ဆီမီးတန္တု ကျေးဇူးပြုသို့၊ ထို့တူမှတ်ဘိ၊ မရှိသမှု၊ ကျေးဇူးပြု။)

ဝိဂတပစ္စယော = ကင်းမဲ့ချူပ်ပျောက်သည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(နေရောင်ပျောက်ကင်း၊ လရောင်လင်းသို့၊ ချုပ်ကင်းလေမှု၊ ကျေးဇူးပြု။)

အဝိဂတပစ္စယော = မကင်းသည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(သမုဒ္ဒရာ၊ ငါးပျော်ရာသို့၊ မကင်းသောအား၊ ယင်းတရားစု၊ ကျေးဇူးပြု။)

ဣတိ၊ ဤသို့။ စတုဝီသတိ ပစ္စယာ၊ နှစ်ဆယ့်လေးပစ္စည်းတို့သည်။ မဟာပကရဏေ၊ အနန္တနယ သမန္တ မဟာပဋ္ဌာန်းကျမ်းကြီး၌။ ဌိတာ၊ တည်ကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။

Read More!

တဏှာနှင့်ဆန္ဒမတူပုံရှင်းလင်းချက်


အလိုရှိလျှင် ရှာမှီရမြဲ ဖြစ်ရကား လိုလားအပ်သော အာရုံကို ရှာမှီခြင်းသည် ဆန္ဒ၏ကိစ္စဖြစ်ပါတယ်။ ဆန္ဒရဲသဘော ဥပမာကတော့ ထမင်းဆာလို့ ထမင်းစားလိုက်တယ်၊ ရေဆာလို့ရေသောက်လိုက်တယ်၊ ဆီးသွားချင်လို့ ဆီးသွားလိုက်တယ် ဒီထိက ဆန္ဒရဲ့သဘောပဲ ရှိပါသေးတယ် နောကျမှ စားတဲ့ သောက်တဲ့ အပေါ်မှာ တဏှာစိတ်တွေ၊ ဒေါသစိတ်တွေ ဖြစ်လာရင်တော့ လောဘဖြစ်သွားပါတယ်။ လောက၌ လောဘနေယျအာရုံ ကာမဂုဏ်ကို ရှာမှီမှုမှ တစ်ပါး တရားရှာမှု ပညာရှာမှု နိဗ္ဗာန်ကို လိုချင်တောင့်တမှုများသည် ဆန္ဒ၏ သဘောကိစ္စချည်းသာ ဖြစ်သည်။ လောဘနေယျ အာရုံ ကာမဂုဏ်ကို အလိုရှိရာတွင် လောဘက ပြဋ္ဌာန်းသောကြောင့် လောဘအာရုံကို ဆန္ဒက လိုက်လျောရသည်။ လောဘနေယျအာရုံပင် ဖြစ်စေကာမူ သူတစ်ပါးအား လှူဒါန်းလို ချီးမြောက်လို၍ ပစ္စည်းဥစ္စာကို ရှာဖွေသိမ်းဆည်း၍ ငြိကပ်တွယ်တာ တဏှာသဘော မပါသူတို့အတွက်မှာ ဘောဘသဘောမဟုတ်၊ ဆန္ဒသဘောသာ ဖြစ်သည်။ ဥပမာ မြားပုံကြီးကို အနားထား၍ မြားပစ်သော လေးသမားသည် မြှားတို့ကို ကောက်၍ ယူသော်လည်း ထိုမြားပေါ်တွင် ငြိကပ်တွယ်တာမှု သဘောမပါသလိုပင် ဖြစ်ပါတယ်။
လိုချင်တပ်မက်တဲ့ လောဘဟာ သမုဒယသစ္စာပါ၊ သမုဒယသစ္စာဆိုတာ ဆင်းရဲကို ဖြစ်ပေါ်စေတဲ့ အကြောင်းပါပဲ။ ဆင်းရဲမှန်သမျှ လောဘကြောင့် ဖြစ်တာချည်းပါပဲ။ ဆယ်တန်းစာမေးပွဲမှာ ဒီ ငါးလုံး၊ ခြောက်လုံး ပါမယ်လို့ မျော်လင့်ထားပြီး ဒီ နှစ်လုံးပဲ ပါလို့ ချုံးချငိုတာဟာ ပညာရေး အဆင်မြင့်ကို လိုချင်တပ်မက်တဲ့ လောဘကြောင့် ဖြစ်တဲ့ ဆင်းရဲဆိုတာ ထင်ရှားပါတယ်။
(သဂြုင်္ိဘာသာဋီကာ၊ စာ-၁၇၁)

တရားကို ကျင့်ကြံ အားထုတ်နေသူများအတွက် ထပ်ဆင့် ရှင်းပါအုံးမယ်။

ကုသိုလ်ဆိုရာမှာလည်း လောကီကုသိုလ်နှင့် လောကုတ္တရာကုသိုလ်နှစ်မျိုးရှိပါတယ်။
ဗုဒ္ဓအဘိဓမ္မာအရကတော့ သမထကုသိုလ်နဲ့ ၀ိပဿနာ ကုသိုလ်တွေဟာ လောကီကုသိုလ် တွေပါပဲ လောကုတ္တရာ စင်စစ်ဖြစ်တဲ့ မဂ်ညဏ်ဖိုလ်ညဏ် နိဗ္ဗာန်မှ တစ်ပါး ဒါန၊ သီလ၊ ဘာဝနာ စတဲ့ ကုသိုလ်အားလုံးဟာ လောကီကုသိုလ်တွေပါပဲ။ အဘိဓမ္မာသဘောအရ လောကီကုသိုလ်ကို လောဘက အာရုံပြုနိုင်ပါတယ်။ အာရုံပြုနိုင်တယ်ဆိုရာမှာလည်း နှစ်မျိုးရှိပါတယ်။ ပထမတစ်မျိုးကတော့ ဒါန၊ သီလ၊ ဘာဝနာ၊ ဝေယျာဝစ္စ၊ ဓမ္မဿဝဏ၊ ဓမ္မဒေသနာ စတဲ့ ပုညကြိယ၀တ္ထုတွေကို ပြုတဲ့ ပုဂ္ဂိုလ်တွေဟာ မိမိတို့ ပြုတဲ့ ကုသိုလ်တွေကို ကြည်နူး ၀မ်းမြောက်နေတတ်ကြပါတယ်၊ ဒါတွေကတော့ ပီတိပါမောဇ္ဇကုသိုလ်တွေပါ တစ်ချို့ကျတော့ အဲ့ဒီ ကုသိုလ်တွေကို ကြည်နှုးဝမ်းမြောက်မှုထက် ပိုပြီး သာယာနေတတ်ကြပါတယ် နိကန္တိခေါ်တဲ့ သိမ်မွေ့တဲ့ လောဘပါပဲ။ သမထ ကမ္မဋ္ဌာန်း အားထုတ်သူများဟာလဲ မိမိ ဈာန်ရတဲ့အခါမှာ ကိုယ်တွေ့ ခံစားနေရတဲ့ ခံစားထားရတဲ့ ဈာန်ချမ်းသာတွေကို သယာနှစ်သက်နေတတ်ပါတယ် အဲ့ဒါဟာ လောဘပါပဲ ၀ိပဿနာအားထုတ်သူကလဲ မိမိကိုယ်တိုင် တွေ့သိထားတဲ့ ကောင်းတဲ့ တရားအတွေ့ကလေးတွေကို သဘောကျနေတတ်ပါတယ် နိကန္တိခေါ်တဲ့ သိမ်မွေ့တဲ့ လောဘပါပဲ။
ဒုတိယ အမျိုးအစားကတော့ ကိုယ်မပြုဘူးသေးတဲ့ ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်များကို ပြုဖို့ရာ စိတ်ထဲမှာ စွဲလမ်းတောင့်တနေမှုပါပဲ၊ သမထ အားထုတ်သူများ အနေနဲ့လည်း မိမိမရဘူးသေးတဲ့ အထက်အထက် ဈာန်အဘိညဏ်တွေကို ရဖို့ရာ စိတ်ထဲမှာ စွဲလမ်းတောင့်တနေတတ်ပါတယ်၊ ၀ိပဿနာ အားထုတ်သူများ အနေနဲ့လဲ မိမိမရဘူးသေးတဲ့ အထက်အထက် ၀ိပဿနာ တရားများကို ရလိုစိတ် ပြင်းထန်ပြီး စွဲလမ်းတောင့်တနေတတ်ပါတယ်။ ဒါတွေဟာ လောကီကုသိုလ်တွေကို လောဘက အာရုံပြုတာတွေပါပဲ။
လောကုတ္တရာဖြစ်တဲ့ မဂ်စစ် ဖိုလ်စစ် နိဗ္ဗာန်စစ် ကိုတော့ လောဘက အာရုံမပြု ဘာကြောင့်လဲဆိုတော့ နိဗ္ဗာန်ဟာ တဏှာကင်းဝေးရာဖြစ်တယ် တဏှာတွေကျက်စားရာနေရာ မဟုတ်လို့ပါ နောက်ပြီး လောဘနဲ့ အာရုံပြုနေသူရဲ့ သန္တာန်မှာ ကိုယ်တွေ့ ရထားတဲ့ မဂ်အသိဖိုလ်အသိနဲ့ ညဏ်တွေ မျက်မှောက်ထင်ထင် သိမြင်ထားတဲ့ ဆင်းရဲငြိမ်းတဲ့သဘာဝ နိဗ္ဗာန်စစ်စစ်ကို မရသေး မရှိသေးလို့ပါပဲ။ ဒါကြောင့် တဏှာလောဘ ရှိနေသေးသမျှ နိဗ္ဗာန်ကို မရနိုင်ပါဘူး ။ လောဘဟာ သယာဖွယ်ခံစားရတဲ့ သဘာဝကိုပဲ ကြိုက်နှစ်သက်တယ် နိဗ္ဗာန်မှာ လောဘကြိုက်တဲ့ သာယာဖွယ်ခံစားရတဲ့ သဘာဝမျိုး လုံးဝမရှိပါဘူး။ တရားရှု့မှတ်စဉ်မှာ တဏှာလောဘတွေနဲ့ နိဗ္ဗာန်ကိုလိုချင်စောနဲ့ အားထုတ်နေရင် နိဗ္ဗာန်နဲ့ ဝေးရာကို သွားနေတယ်လို့ မှတ်ပါ။ ဆရာတော်တွေရဲ့ ဆုံးမစကားလေးရှိပါတယ် ရအောင်မလုပ်နဲ့ လုပ်ရင်တော့ရပါတယ် နောက်ဥပမာတစ်ခုကတော့ သစ်ပင် ရှင်သန်ကြီးထွားအောင် ကျနောတို့ လုပ်လို့မရပါဘူး သစ်ပင်မသေအောင် ပေါင်းမြက်သင်းပြီး ရေလောင်းပေးရမှာက ကျနောတို့ အလုပ် သစ်ပင် ကြီးထွားမှာက သဘာဝအလုပ်ပါ ကျနောတို့လဲ ရှု့မှတ်နေရာမှက ကျနောတို့အလုပ် မဂ်ရ မရက ဓမ္မအလုပ် ဓမ္မကိုသာ လွဲထားပေးလိုက်ပါ။

(မဇ္စိုမနိကာယ်၊ ဥပရိပဏ္ဏသ ပါဋ္ဌိတော်၊ သဋ္ဌာယတန၀ိအရဟတ္တဖိုလ် ဘင်္ဂသုတ်) မှာ နေက္ခမ္မဿိတ ဒေါမနဿ (၀ိပဿနာကို မှီတဲ့ ဒေါမနဿ) ခြောက်မျိုးအကြောင်းကို မြတ်စွာဘုရား ဟေားကြားတော်မူတော့ ၀ိပဿနာရှုတဲ့ ပုဂ္ဂိုလ်ဟာ “ယခုအခါ ရဟန္တာအရှင်မြတ်များ အရဟတ္တဖိုလ်သို့ ဆိုက်ရောက်လျက် နေတော်မူကြတယ် ငါဟာ ဘယ်အခါများမှ အရဟတ္တဖိုလ်သို့ ရောက်လျက် နေရပါမည်လဲ။” ဟု အရဟတ္တဖိုလ်၌ လိုချင်တောင့်တမှုကို ဖြစ်ပေါ်စေတယ်။ ထိုပုဂ္ဂိုလ်အား လိုချင်တောင့်တမှုကြောင့် စိတ်မချမ်းသာခြင်း ဒေါမနဿဖြစ်၏လို့ ဟောတော်မှုတယ်။ ဒီ ဒေသနာတော်မှာ အရဟတ္တဖိုလ်ကို လိုချင်တောင့်တမှု လောဘဖြစ်တယ်လို့ အဓိပ္ပါယ် ကောက်ယူရမလို ဖြစ်နေပါတယ်။
ဒါကို ဥပရိပဏ္ဏသဋီကာ (မ-ဋီ ၄၊ ၃၈၃) မှာ ရှင်းပြထားပါတယ်။ ရရှိအပ်သော အရဟတ္တဖိုလ်သည် လိုချင်တောင့်တမှု လောဘ၏ အာရုံမဖြစ်ပေး။ ရရှိထားအပ်သော အရဟတ္တဖိုလ်ကို အာရုံပြု၍ လိုချင်တောင့်တမှု မဖြစ်ပေ။ စင်စစ်မူ တစ်ဆင့်ကြားဖြင့် ရအပ်သော ကြံစည်စဉ်းစားခြင်းဖြင့် ပြီးသော အရဟတ္တဖိုလ်ကို ရည်ရွယ်၍ လိုချင်တောင့်တမှုသည် ဖြစ်ပေါ်၏ ထို့ကြောင့်ပင် မြတ်စွာဘုရားရှင်က ၀ိပဿနာရှုသူမှာ “ငါဟာ ဘယ်အခါများမှ အရဟတ္တဖိုလ်ကို ရောက်လျက် နေရပါမည်လဲ” လို့ လိုင်ချင်တောင့်တမှု ဖြစ်ကြောင်း မိန့်တော်မူခြင်း ဖြစ်သည်။
ဒီဃာနီကာယ်၊ သုတ်မဟာဝါဋီကာ၊ သက္ကပဉ္ဖသုတ် အဖွင့် (ဒီ-ဋီ ၃၊ ၂၆၅) မှာလဲ “ရရှိထားသော အရဟတ္တဖိုလ်ကို အာရုံပြုသည်၏ အစွမ်းအားဖြင့် ထိုအရဟတ္တဖိုလ်၌ လိုချင်တောင့်တမှု ဖြစ်သည်ဟု မမှတ်ယူအပ်ပေ။ အဘယ်ကြောင့်ဆိုသော် လိုချင်တောင့်တမှုလောဘ၏ အရာမဟုတ်သောကြာင့် တစ်ကြောင်း၊ အရဟတ္တဖိုလ်ကို မရသေးသောကြောင့် တစ်ကြောင်းဖြစ်သည်။” တစ်ဆင့်ကြားဖြစ်သော အရဟတ္တဖိုလ်ကို ရည်ရွယ်ပြီး လိုချင်တောင့်တမှု ဖြစ်ပေါ်သည် ဟု မိန့်တော်မူခြင်း ဖြစ်၏ လို့ ရှင်းပြထားပါတယ်။

မြတ်စွာဘုရားရှင် လက်ထပ်တော်အခါတုန်းက အဋ္ဌကနဂရ မြို့သား ဒကာတစ်ယောက်ရဲ့ အမေးကို အရှင်အာနန္ဒာက ဖြေရှင်းပြပုံ အကျဉ်းချုပ်မှာ
“ဒါယကာ၊ ဒီသာသနာတော်မှာ ရဟန်း တစ်ပါးပါးဟာ ပထမဈာန် ၀င်စားပြီး အဲ့ဒီဈာန်ရဲ့ ဖြစ်ပျက်မှုကို ၀ိပဿနာရှုတယ်ဆိုရင် အဲ့ဒီ ပထမဈာန်နဲ့ ၀ိပဿနာညဏ်မှာ တည်ပြီးတော့ အာသဝေါကုန်ခန်း ရဟန္တာ ဖြစ်နိုင်တယ်၊ တကယ်လို့ အဲ့ဒီ ပထမဈာန်နဲ့ ၀ိပဿနာကို တပ်မက်တဲ့ဓမ္မရာဂနဲ့ နှစ်သက်တဲ့ ဓမ္မနန္ဒီကို မပယ်နိုင်ရင်တော့ အနာဂါမ်လောက်ပဲ ဖြစ်ပြီး သုဒ္ဓါဝါသဗြဟ္မဘုံကို ရောက်နိုင်တယ်” မဇ္စိုမပဏ္ဏသ ပါဋ္ဌိတော်၊ အဋ္ဌက နာဂရသုတ် (စာ-၁၃)နဲ့ ဒီသုတ်ရဲ့ အဖွင့် အဋ္ဌကထာ (စာ-၉)ကိုရောပြီး လိုရင်းမျှ ထုတ်နုတ်ထားတာပါ။ ဓမ္မရာဂနဲ့ ဓမ္မနန္ဒီ ဆိုတာ သမထ ၀ိပဿနာ တရားတို့မှာ လိုလားတပ်မက်မှုကို ခေါ်ကြောင်း အဋ္ဌကထာ ဖွင့်ပြပါတယ်။ တစ်ခါ မဇ္စိုမပဏ္ဏသ ဋီကာ (စာ-၈)ကလိုလားတပ်မက်မှု ဆိုတာ နိကန္တိလို့ ခေါ်တဲ့ သိမ့်မွေ့တဲ့ ငဲ့ကွက်မှုပါပဲလို့ ထပ်ပြီး ရှင်းပြပါတယ်။ သိမ်မွေ့တဲ့ လောဘလို့ ဆိုလိုတာပါ။

( လေလွှင့်သူရေးသားချက်မှ ကူးယူထားပါသည်)

Read More!

ဓမ္မစကြာအနက်(၃)

မဂ္ဂ၌ သစ္စဉာဏ် (၀ါ) ၀ိပဿနာဉာဏ်
၁၈။ ဘိက္ခဝေ- သံသရာဝဋ်မှ လွတ်မြောက်လိုငြား အို- ချစ်သားတို့၊ ဣဒံ- ဤသမ္မာဒိဋ္ဌိဦးစီးသော မဂ္ဂင်ရှစ်ပါးတရားအစုသည်၊ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ- ဒုက္ခ၏ချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်း အကျင့်ဖြစ်သော၊ အရိယသစ္စံ- အရိယာနွယ်ဝင် သူတော်စင်တို့၏ဉာဏ်ဖြင့် သိမြင်အပ်သော အမှန်တရားပေတည်း။
ဣတိ- ဤသို့၊ မေ-မယာ-ငါဘုရားသည်၊ ပုဗ္ဗေ- ဘုရားမဖြစ်မီ ရှေးအဖို့၌၊ အနနုဿုတေသု- တစ်စုံတစ်ယောက်မျှဟောပြောခြင်းဖြင့် မကြားစဖူးကုန်သော။ ဓမ္မေသု- သစ္စာလေးပါး တရားအထူးတို့၌။
စက္ခုံ- မဂ္ဂသစ္စာကို မြင်တတ်သော အနိစ္စာနုပဿနာဉာဏ်သည်၊ ဥဒပါဒိ- ထင်ရှားဧကန် အမှန်ဖြစ်ပေါ်ပြီ။
ဉာဏံ- မဂ္ဂသစ္စာကို သိတတ်သော ဒုက္ခာနုပဿနာဉာဏ်သည်၊ ဥဒပါဒိ- ထင်ရှားဧကန် အမှန်ဖြစ်ပေါ်ပြီ။
ပညာ- မဂ္ဂသစ္စာကို အပြားအားဖြင့် တစ်ပါးစီ တစ်ပါးစီ ခွဲခြားဝေဖန်နိုင်သော အသုဘာနုပဿနာဉာဏ်သည်၊ ဥဒပါဒိ- ထင်ရှားဧကန် အမှန်ဖြစ်ပေါ်နေပြီ။
ဝိဇ္ဇာ- မဂ္ဂသစ္စာကို ထိုးထွင်း၍သိတတ်သော အနတ္တာနုပဿနာဉာဏ် သည်၊ ဥဒပါဒိ- ထင်ရှားဧကန် အမှန်ဖြစ်ပေါ်ပေပြီ။
အာလောကော- မဂ္ဂသစ္စာကို ဖုံးလွှမ်းတတ်သော မောဟတည်းဟူသော အမိုက်မှောင်ကို ကုန်စင်အောင် ဖျက်ဆီးနိုင်သော သမ္မာဒိဋ္ဌိပညာရောင်သည်၊ ဥဒပါဒိ- ထင်ရျားဧကန် အမှန်ဖြစ်ပေါ်ပေပြီ။

မဂ္ဂ၌ ကိစ္စဉာဏ် ( ၀ါ) မဂ်ဉာဏ်

၁၉။ ဘိက္ခဝေ- သံသရာဘေးကို ရှုလေ့ရှိကြသော ရဟန်းတို့၊ တံ ခေါပနိဒံ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စံ- ထိုဒုက္ခ၏ချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်းအကျင့်ဖြစ်သော အရိယသစ္စာကို၊ ဘာဝေတဗ္ဗံ- ပွားများ ပြည့်စုံစေအပ်၏ (၀ါ) စိတ်စေတသိက် ရုပ်ဟူသော ကောင်းကောင်းဆိုးဆိုး အမျိုးမျိုးသော စိတ်အသစ်သစ်တို့ မဖြစပေါ်မီက မဖြစ်ပေါ်သည့်အတိုင်းနေလေ့ရှိသော အကျင့်ကို ကျင့် ကျင့်သုံးဆောက်တည်ရာ၏
ဣတိ- ဤသို့၊ မေ-မယာ-ငါဘုရားသည်၊ ပုဗ္ဗေ-ဘုရားမဖြစ်မီ ရှေးအဖို့၌၊ အနနဿုတေသု- တစ်စုံတစ်ယောက်မျှဟောပြောခြင်းဖြင့် မကြားစဖူးကုန်သော ၊ ဓမ္မေသု- သစ္စာလေးပါးတရားအထူးတို့၌
စက္ခုံ- မဂ္ဂသစ္စာကို မြင်တတ်သော သောတာပတ္တိမဂ်ဉာဏ်သည်၊ ဥဒပါဒိ- ထင်ရှားဧကန်အမှန်ဖြစ်တောမူပြီ
ဉာဏံ- မဂ္ဂသစ္စာကို သိတတ်သော သကဒါဂါမိမဂ်ဉာဏ်သည်၊ ဥဒပါဒိ-ထင်ရှားဧကန် အမှန်ဖြစ်ပေါ်ပြီ
ပညာ- မဂ္ဂသစ္စာကို အပြားအားဖြင့် တစ်ပါးစီ တစ်ပါးစီ ခွဲခြားဝေဖန်နိုင်သော အနာဂါမိမဂါဉာဏ်သည် ဥဒပါဒိ-ထင်ရှားဧကန် အမှန်ဖြစ်ပေါ်နေပြီ
ဝိဇ္ဇာ- မဂ္ဂသစ္စာငိ ထိုးးထွင်း၍သိတတ်သော အရဟတ္တမဂ်ဉာဏ်သည်၊ ဥဒပါဒိ- ထင်ရှားဧကန် အမှန်ဖြစ်ပေါ်ပေပြီ။ အာလောကော- မဂ္ဂသစ္စာကို ဖုံးလွှမ်းတတ်သော မောဟတည်းဟူသော အမိုက်မှောင်ကို ကုန်စင်အောင်ဖျက်ဆီးနိုင်သော မဂ် လေးတန် အကုန်အလင်းဓာတ်မျိုးစုံသည် ဥဒပါဒိ- ထင်ရှားဧကန် အမှန်ဖြစ်ပေါ်ပေပြီ


မဂ္ဂ၌ ကတဉာဏ် (၀ါ) ဖိုလ်ဉာဏ်
၂၀။ ဘိက္ခဝေ- တရားလိုငြား အို- ချစ်သားတို့၊ တံ ခေါပနိဒံ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စံ- ထိုဒုက္ခဟူသောစိတ်အမျိုးမျိုးတို့၏ ချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်း အကျင့်ဖြစ်သော အရိယသစ္စာကို၊ ဘာဝိတံ- ဖိုလ်လေးတိ ဉာဏ်အစုံတို့ဖြင့် တစ်ဖန်ပွားများ ပြည့်စုံစေအပ်လေပြီ။
ဣတိ- ဤသို့၊ မေ-မယာ- ငါဘုရားသည်၊ ပုဗ္ဗေ- ဘုရားမဖြစ်မီ၌၊ အနနုဿုတေသု- တစ်စုံတစ်ယောက်မျှ ဟောပြောခြင်းဖြင့် မကြားစဖူးကုန်သော၊ ဓမ္မေသု- သစ္စာလေးပါးတရားအထူးတို့၌၊
စက္ခုံ- မဂ္ဂသစ္စာကို မြင်တတ်သော သောတာပတ္တိဖိုလ်ဉာဏ်သည်၊ ဥဒပါဒိ-ထင်ရှားဧကန် အမှန်ဖြစ်လေပြီ။
ဉာဏံ- မဂ္ဂသစ္စာကို သိတတ်သော သောတာပတ္တိဖိုလ်ဉာဏ်သည်၊ ဥဒါပါဒိ- ထင်ရှားဧကန် အမှန်ဖြစ်လေပြီ။
ပညာ- မဂ္ဂသစ္စာကို အပြားအားဖြင့် တစ်ပါးစီ တစ်ပါးစီ ခွဲခြားဝေဖန်နိုင်သော အနာဂါမိဖိုလ်ဉာဏ်သည်၊ ဥဒပါဒိ-
ထင်ရှားဧကန် အမှန်ဖြစ်ပေါ်လေပြီ။
ဝိဇ္ဇာ- မဂ္ဂသစ္စာကို ထိုးထွင်း၍ သိတတ်သော အရဟတ္တဖိုလ်ဉာဏ်သည်၊ ဥဒပါဒိ- ထင်ရားဧကန် အမှန်ဖြစ်ပေါ်ပေပြီ။
အာလောကော- မဂ္ဂသစ္စာကို ဖုံးလွှမ်းတတ်သော မောဟတည်းဟူသော အမိုက်မှောင်ကို ကုန်စင်အောင် ဖျက်ဆီးနိုင် သော ဖိုလ်လေးတန် အကုန် အလင်းဓာတ်မျိုးစုံသည်၊ ဥဒပါဒိ- ထင်ရှားဧကန် အမှန်ဖြစ်ပေါ်ပေပြီ။

သစ္စာလေးပါးကိုမသိမီ ဘုရားဖြစ်ပြီဟု ၀န်မခံခြင်း
၂၁။ ဘိက္ခဝေ- တရားလိုဘိ အို- တပည့်တို့၊ ယာဝကီဝဉ္စ- အကြင်မျှလောက်သော ကာလပတ်လုံး၊ ဣမေသု စတူသု အရိယသစ္စေသု- ဤသစ္စာလေးပါး တရားအထူးတို့၌၊ ဧ၀ံ- ဤသို့၊ တိပရိဝဋံ္ဋ- ၀ိပဿာနာဉာဏ်၊ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ် တို့ဖြင့် သုံးပါးသော အပြန်ရှိသော၊ ဒွါဒသာကာရံ- တစ်ဆယ့်နှစ်ပါးအခြင်းအရာရှိသော၊ ယထာဘူတံ- နဂိုမူလ သူ့သဘာဝအတိုင်းဖြစ်သော၊ ဉာဏဒဿနံ- ဉာဏ်အမြင်သည်၊ မေ- ငါဘုရားအား၊ သုဝိသုဒ္ဓံ- အထူးစင်ကြယ်ထင်ရှားသည်၊ န အဟောသိ- မဖြစ်သေး။
ဘိက္ခဝေ- ချစ်သာတို့၊ တာဝ- ထိုမျှလောက်သော ကာလပတ်လုံး၊ အဟံ- ငါဘုရားသည်၊ သဒေ၀ကေ- ကာမာဝစရနတ်ပြည်နှင့်တကွဖြစ်သော၊ သမာရကေ- ၀ဿဝတ္တီနတ်ပြည်နှင့် တကွဖြစ်သော၊ သဗြဟ္မကေ- ဗြဟ္မာ့ပြည်နှင့်တကွဖြစ်သော၊ လောကေ- သြကာသလောက၌၊ သဿမဏဗြာဟ္မဏိယာ- ရဟန်းပုဏ္ဏားတို့နှင့်တကွဖြစ်သော၊ သဒေ၀မနုဿာယ- သမ္မုတိနတ်တည်းဟူသောမင်း၊ ကြွင်းသော လူအပေါင်းနှင့်တကွဖြစ်သော၊ ပဇာယ- သတ္တလောက၌၊ အနုတ္တရံ- အတုမရှိသော၊ သမ္မာသမ္ဗောဓိံ- အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတဉာင်္ဏကို၊ မိမိအလိုလို ထိုးထွင်း၍သိပြီ ဟူ၍၊ နေ၀ပစ္စညာသိံ- ၀န်ခံတော်မမူနိုင်သေး။

သိမှ ၀န်ခံခြင်း
၂၂။ ဘိက္ခဝေ- ရဟန်းတို့၊ ယတော စ ခေါ- အကြင်အခါမှစ၍၊ မေ- ငါ့အား၊ ဣမေသု စတူသု အရိယသစ္စေသု- ဤသစ္စာလေးပါးတရားအထူးတို့၌၊ ဧ၀ံ- ဤသို့၊ တိပရိဝဋံ- ၀ိပဿနာဉာဏ် မဂ်ဉာဏ် ဖိုလိဉာဏ် တို့ဖြင့် သုံးပါးသော အပြန်ရှိသော၊ ဒွါဒသာကာရံ- တစ်ဆယ့်နှစ်ပါးအခြင်းအရာရှိသော၊ ယထာဘူတံ- နဂိုမူလ သူ့သဘာဝအတိုင်းဖြစ်သော၊ ဉာဏဒဿနံ- ဉာဏ်အမြင်သည်၊ မေ- ငါဘုရားအား၊ သုဝိသုဒ္ဓံ- အလွန်စင်ကြယ်ထင်ရှားသည်၊ အဟောသိ- ဖြစ်ပြီ။
ဘိက္ခဝေ- ချစ်သားတို့၊ အထ- ထိုအခါမှစ၍၊အဟံ-ငါဘုရားသည်၊ သဒေ၀ကေ- နတ်ပြည်ငါးထပ်နှင့်တကွဖြစ်သော၊ သမာရကေ- ၀ဿဝတ္တိနတ်ပြည်နှင့် တကွဖြစ်သော၊ သဗြဟ္မကေ- ဗြဟ္မာ့ပြည်နှင့်တကွဖြစ်သော၊ လောကေ- သြကာသလောက၌၊ သဿမဏဗြာဟ္မဏိယာ- ရဟန်းပုဏ္ဏားတို့နှင့်တကွဖြစ်သော၊ သဒေ၀မနုဿာယ- သမ္မုတိ နတ်တည်းဟူသောမင်း၊ ကြွင်းသော လူအပေါင်းနှင့်တကွဖြစ်သော၊ ပဇာယ- သတ္တလောက၌၊အနုတ္တရံ-အတုမရှိသော၊ သမ္မာသမ္ဗောဓိံ- အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတဉာဏ်ကို၊ အဘိသမ္ဗုဒ္ဓေါ တိဝ ဆရာမကူသယမ္ဘူဉာဏ်ဖြင့် မိမိအလိုလို ထိုးထွင်း၍ သိပြီဟူ၍၊ ပစ္စညာသိံ-၀န်ခံတော်မူပြီ။


ပစ္စဝေက္ခဏာဉာဏ်
၂၃။ ဉာဏဉ္စ ပန ဒဿနံ- သစ္စာလေးပါးကို အမှန်အတိုင်း သိမြင်ဆင်ခြင်ခြင်း တည်းဟူသော ပစ္စဝေက္ခဏာဉာဏ်အမြင်သည်လည်း၊ မေ- ငါ့အား၊ ဥဒပါဒိ- ထင်ရှားဧကန် အမှန်ဖြစ်တော်မူပြီ။ မေ- ငါ၏၊ ၀ိမုတ္တိ- ကိလေသာမှ အထူးသဖြင့် လွတ်ကင်းသောစိတ်ကို၊ (၀ါ) အရဟတ္တမဂ်ဖိုလ်စိတ်ကို၊ အကုပ္ပါ- ဆန့်ကျင်ဘက် တရားများဖြစ်ကြသော တဏှာ မာန ဒိဋ္ဌိ တို့သည် မဖျက်ဆီးအပ်၊ ဣတိ- ဤသို့ဖြစ်လေပြီ။ အယံ- ဤဥပါဒါနက္ခန္ဓာငါးပါး၏ ဖြစ်ခြင်းသည်၊ အန္တိမာ- နောက်ဆုံးဖြစ်သော၊ ဇာတိ- ဖြစ်ခြင်းပေတည်း။ ဣဒါနိ-ယခုအခါ၌၊ ပုနဗ္ဘဝေါ- တစ်ဖန် ဥပါဒါနက္ခန္ဓာငါးပါး အသစ်ဖြစ်ပေါ်ခြင်းသည်၊ နတ္ထိ- မရှိတော့ချေ။ ဣတိ ဉာဏဒဿနံ- ဤသို့သော ဉာဏ်အမြင်သည်၊ဥဒပါဒိ- ထင်ရှားဧကန် အမှန်ဖြစ်တော်မူပြီ။

ပဉ္စ၀ဂ္ဂီတို့ ၀မ်းမြောက်ခြင်း
၂၄။ ဘဂ၀ါ- ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားသသည်၊ ဣဒံ- ဤ ဒွေမေ ဘိက္ခဝေ အစချီသော ဓမ္မစကြာတရား သစ္စာလေးပါးကို၊ အဝေါစ- မိန့်တော်မူ၏ ပဉ္စ၀ဂ္ဂိယာ ဘိက္ခူ- အရှင်ကောဏ္ဍည၊ ၀ပ္ပ၊ ဘဒ္ဒိယ၊ မဟာနာမ်၊ ပရိဗိုဇ် ဟူသော ငါးဦးသော ရဟန်းတို့သည်၊ အတ္တမနာ- ၀မ်းမြောက်ကြကုန်သည်ဖြစ်၍၊ ဘဂ၀တော- မြတ်စွာဘုရား၏၊ ဘာသိတံ- ဟောတော်မူအပ်သော ဓမ္မစကြာတရားတော်ကို၊ အဘိနန္ဒုံ- လွန်စွာနှစ်သက်ကြ၍ သာဓုခေါ်ကြလေပြီ။
ဣတိ- ဤသို့ မျက်မှောက်တောမှကြားလိုက်ရဒ ဟူ၍ အရှင်အာနန္ဒာမထေရ်က လျှောက်ကြားပေ၏။

အရှင်ကောဏ္ဍည သောတာပန်တည်ခြင်း
၂၅။ ဣမသ္မိံ စ ပန ဝေယျာကရဏသ္မိံ- ဤဂါထာမစွက် ဗျာကရုဏ်းသက်သက် တရားကို၊ ဝေယျာကရဏသ္မိံ- ဤအမေးအဖြေဖြစ်သော သစ္စာလေးပါး တရားဒေသနာတော်ကို၊ ဘညမာနေ- ဟောကြားတော်မူအပ်သည်ရှိသော်၊ အာယသ္မတော ကောဏ္ဍညအား၊ ၀ိရဇံ- အပါယ်လေးပါးသို့ လားစေတတ်သော ဥပါဒါနက္ခန္ဓာ ဟူသော မြူမရှိသော၊ ၀ီတမလံ အညစ်အကြေးရှိသော၊ ဓမ္မစက္ခုံ- သောတာပတ္တိဉာဏ်မျက်စိသည်၊ ဥဒပါဒိ- ထင်ရှားဧကန် အမှန်ဖြစ်ပြီ။ ဖြစ်ပုံကား ယံကိဉ္စိ- အလုံးစုံသော သင်္ခတတရားသည်၊ (၀ါ) တေဘူမက သင်္ခါရတရားသည်၊ (၀ါ) အ၀ိဇ္ဇာ အစရှိသော ပဋိစ္စသမုပ္ပါဒ ဥပါဒါနက္ခန္ဓာ ငါးပါးတရားသည်၊ သမုဒယဓမ္မံ- အကြောင်းနှင့်တကွဖြစ်ခြင်း သဘောရှိ၏၊ (၀ါ) အ၀ိဇ္ဇာ တဏှာ ကံ အာဟာရ ဖဿ နာမ်ရုပါဟူသော အကြောင်း သမုဒယမကင်းဘဲ ဖြစ်ပေါ်ခြင်း သမုဒယမည်ဒ၊ သဗ္ဗံ တံ- ထိုအလုံးစုံသော သဘောတရားသည်၊ (၀ါ) အ၀ိဇ္ဇာ တဏှာ ဥပါဒါန် ဟူသော ကိလေသ၀ဋ်၊ သင်္ခါရနှင့်ဘ၀ (စေတနာကံ) ဟူသော ကမ္မ၀ဋ်တည်းဟူသော အပကြောင်းဒုက္ခဖြစ်သည့် သမုဒယသစ္စာနှင့်တကွ ၀ိဉာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာဟူသော ၀ိပါက၀ဋ်တည်းဟူသော အကျိုးဒုက္ခဖြစ်သည့် ဒုက္ခသစ္စာ ဥပါဒါနက္ခန္ဓာ ငါးပါးသည်၊ နိရောဓဓမ္မံ- ပဋိစ္စသမုပ္ပန္န နိရောဓဓမ္မ အနိစ္စမျိုးဖြစ်၍ ချုပ်ပျောက်ခြင်းသဘောဖြစ်၏၊ ဣတိ- သို့၊ ဓမ္မစက္ခုံ- သောတာပတ္တိဉာဏ်မျက်စိသည်၊ ဥဒပါဒိ- ထင်းရှားမသွေ ဖြစ်ပေါ်၍လာပေ၏ ။


ဘုမ္မစိုးနတ်တို့ ကြွေးကြော်ခြင်း
၂၆။ ဘဂ၀တာ- မြတ်စွာဘုရားသည်၊ ဓမ္မစက္ကေ- ဓမ္မစကြာ တရားတော်ကို၊ ပ၀တ္တိတေ စ ပန- ဟောတော်မူအပ်သည်ရှိသော်၊ ဘုမ္မာ ဒေ၀ါ- ဘုမ္မစိုးနတ်တို့သည်၊ သဒ္ဒံ- ကောင်းချီးပေးသောအသံကို၊ အနုဿာဝေသုံ -တစ်ပြိုင်နက် ကြွေးကြော်ကြကုန်၏ ကိံ အနုဿာဝေသုံ- အဘယ်သို့ ကြွေး
ကြော်ကြသနည်း ဟူမူကား-
ဘဂ၀တာ- မြတ်စွာဘုရား သခင်သည်၊ ဗာရာဏသိယံ- ဗာရာဏသီပြည်၌၊ ဣသိပတနေ မိဂဒါယေ- ဣသိပတနအမည်ရှိသော မိဂဒါဝုန်တော၌၊ သမဏေန ၀ါ- ရဟန်းသည်၎င်း၊ ဗြာဟ္မဏေန ၀ါ- ပုဏ္ဏားသည်၎င်း၊ ဒေဝေန ၀ါ- နတ်သည်၎င်း၊ မာရေန ၀ါ- မာရ်နတ်သည်၎င်း၊ ဗြဟ္မုနာ ၀ါ- ဗြဟ္မာသည်၎င်း၊ လောကသ္မိံ- လောက၌၊ ကေနစိ ၀ါ- တစ်စုံတစ်ယောက်သောသူသည်၎င်း၊ါ် အပ္ပဋိဝတ္တိယံ- မဟောကြားနိုင်သော၊ အနုတ္တရံ- အတုမရှိသော၊ ဧတံ ဓမ္မစက္ကံ- ဤဓမ္မစကြာတရားသစ္စာလေးပါးကို၊ ပ၀တ္တိတံ- ဟောတော်မူအပ်ပြီ။ ဣတိ- ဤသို့၊ အနုဿာဝေသုံ- တစ်ပြိုင်နက်ကြွေးကြကုန်၏

အထက်နတ်တို့ ကြွေးကြော်ခြင်း
၂၇။ ဘုမ္မာနံ ဒေ၀ါနံ- ဘုမ္မစိုးနတ်တို့၏ ၊ သဒ္ဒံ- ကောင်းချီးပေးသောအသံကို၊ သုတွာ- ကြားကြကုန်၍၊ စာတုမဟာရာဇိကာဒေ၀ါ- စတုမဟာရာဇ်နတ်တို့သည်၊ သဒ္ဒံ- ကောင်းချီးပေးသော အသံကို၊ အနဿာဝေသုံ- အဆင့်ဆင့် ကြွေးကြောက်ကြကုန်၏ ။ စာတုမဟာရာဇိကာနံ ဒေ၀ါနံ- စတုမဟာရာဇ်နတ်တို့၏၊ တာဝတိံသာ ဒေ၀ါ- တာဝတိံသာနတ်တို့သည်၊ ယာမာ ဒေ၀ါ- ယာမာနတ်တို့သည်၊ တုသိတာ ဒေ၀ါ- တုသိတာနတ်တို့သည်၊ နိမ္မာနရတီ ဒေ၀ါ- နိမ္မာနရတီနတ်တို့သည်၊ ပရနိမ္မိတ၀သ၀တ္တီ ဒေ၀ါ- ပရနိမ္မိတ၀သ၀တ္တီနတ်တို့သည်၊ ဗြဟ္မကာယိကာ ဒေ၀ါ- ဗြဟ္မာတို့သည်၊ သဒ္ဒံ -ကောင်းချီးပေးသောအသံကို၊ အနုဿာဝေသုံ- အဆင့်ဆင့်ကြွေးကြော်ကြကုန်၏ ။ ကိံ အနဿာဝေသုံ- အဘယ်သို့ကြွေးကြော်ကြသနည်းဟူမူကား-
ဘဂ၀တာ- မြတ်စွာဘုရားသခင်သည်၊ ဗာရာဏသိယံ- ဗာရာဏသီပြည်၌၊ ဣသိပတနေ မိဂဒါယေ- ဣသိပတနအမည်ရှိသော မိဂဒါဝုန်တော၌၊ သမဏေန ၀ါ ရဟန်းသည်၎င်း၊ ဗြာဟ္မဏေန ၀ါ- ပုဏ္ဏားသည်၎င်း၊ဒေဝေန ၀ါ-နတ်သည်၎င်း၊မာရေန ၀ါ- မာရ်နတ်သည်၎င်း၊ ဗြဟ္မုနာ ၀ါ- ဗြဟ္မာသည်၎င်း၊ လောကသ္မိံ- လောက၌၊ ကေနစိ ၀ါ- တစ်စုံတစ်ယောက်သောသူသည်၎င်း၊ အပ္ပဋိဝတ္တိယံ- မဟောကြားနိုင်သော၊ အနတ္တရံ- အတုမရှိသော၊ ဧတံ ဓမ္မစက္ကံ- ဤဓမ္မစကြာတရား သစ္စာလေးပါးကို၊ ပ၀တ္တိတံ- ဟောတော်မူအပ်ပြီ။ ဣတိ- ဤသို့၊ အျွုဿာဝေသုံ-အဆငိ့ဆငိ့ကြွေးကြော်ကြကုန်၏ ။

မြေလှုပ်ခြင်း
၂၈။ ဣတိဟ- ဤသို့လျှင်၊ တေန ခဏေန- ထိုခဏ၌၊ တေနလယေန- ထိုကာလ၌၊ တေန မုဟုတ္တေန- ထိုတစ်မုဟုတ်ချင်း၌၊ ယာဝ ဗြဟ္မလောကာ- အတနိဋ္ဌဗြဟ္မာပြည်တိုင်အောင်၊ သဒ္ဒေါ- ကျော်စောသောအသံသည်၊ အ ဗ္ဘုဂ္ဂ စ္ဆိ- ပြန်နှံ၍တက်၏၊ အယဉ္စဒသသဟဿိလောကဓတာ- ဤတစ်သောင်းသော လောကဓာတ် စကြ၀ဋ္ဌာသည်လည်း၊ သင်္ကမ္ပ်- နိမ့်တုံမြင်တုံ ခုန်၍ လှုပ်၏၊ သမ္ပကမ္ပိ- အိုးထိန်းစက်ကဲ့သို့ လည်၍လှုပ်၏၊ သမ္ပဝေဓိ- ပုခက်ဧယာဉ် လွှဲသကဲ့သို့ ရှေးတိုး နောက်ငင် လှုပ်၏၊ အပ္ပမာဏော- အတိုင်းအရှည်မရှိသော၊ ဥဋ္ဌာရော- ပြန်ပြောသော၊ သြဘာသော စ၀ သဗ္ဗညုတဉာဏ်ရောင်သည်လည်း၊ (၀ါ) စိတ်ကြောင့် ဖြစ်သော ဥတုဇအရောင်သည်လည်း၊ လောကေ- လောက၌၊ ဒေါနံ- နတ်ဗြဟ္မာတို့၏၊ ဒေ၀ါနုဘာဝံ- နတ်ဗြဟ္မာတို့၏ အာနုဘော်ကို၊ အတက္ကမ္မ- လွန်၍၊ ပါတုရဟောသိ- ထင်ရှားစွာ ဖြစ်ပေ၏

ဘုရားရှင် ဥဒါန်းကျူးခြင်း
၂၉။ အထ ခေါ- ထိုအခါ၊ ဘဂ၀ါ- မြတ်စွာဘုရားသည်၊ ဣမံဥဒါနံ- ၌၀မ်းမြောက်သော စကားတော် ဥဒါန်းကို၊ ဥဒါနေသိဝမ်းမြောက်စွာ မြွက်ဆိုတော်မူ၏၊ ကိံ ဥဒါနသိ - အဘယ်သို့ မြွက်ဆိုတော်မူသနည်း- ဟူမူကား-
သော- အို- အချင်းတို့၊ ကောဏ္ဍညော- ကောဏ္ဍညသည်၊ ၀တ- စစ်စစ်၊ အညာသိ- သစ္စာလေးပါးကို သိလေပြီ၊ ဘော- အို- အချင်းတို့၊ ကောဏ္ဍညော- ကောဏ္ဍညသည်၊ ၀တ- စစ်စစ်၊ အညာသိ-သစ္စာလေးပါးကိုသိလေပြီ၊
ဣတိ- ဤသို့၊ဥဒါနေသိ- မြွက်ဆိုတော်မူ၏၊ ဣတိဟိ- ဣတိဧ၀- သို့ဥဒါန်းကျူးတော်မူသောကြောင့်သာလျှင်၊ အာယသ္မတော ကောဏ္ဍညဿ- အရှင်ကောဏ္ဍညအား၊ အညာသိ ကောဏ္ဍညော တွေဝ- အညာသိကောဏ္ဍည-ဟူ၍သာလျှင်၊ ဣဒံ နာမံ- ဤအမည်သည်၊ အဟောသိ- ဖြစ်ပေ၏ ။


ရဟန်းအဖြစ်တောင်းခြင်း
၃၀။ အထ ခေါ- ထိုအခါ၌၊ အာယသ္မာ အညာသိ ကောဏ္ဍညော- အရှင်အညာသိကောဏ္ဍညသည်၊ ဒိဋ္ဌဓမ္မော- သစ္စာလေးပါးကို မြင်ပြီးပြီဖြစ်၍ ပတ္တဓမ္မော- သစ္စာလေးပါးကို ရပြီးပြီဖြစ်၍၊ ၀ိဒိတဓမ္မော- သစ္စာလေးးပါးကို သိပြီးပြီဖြစ်၍၊ ပရိယောဂါဋ္ဌဓမ္မော-သစ္စာလေးပါးသို့ဉာဏ်ဖြင့် သက်ဝင်ယုံကြည်ပြီးပြီဖြစ်၍၊ တိဏ္ဏ၀ိစိကိစ္ဆော-ပညတ်ယုံမှားခြင်း ၁၆ ပါး၊ ပရမတ်ယုံမှားခြင်း ၈ပါးတို့ကို လွန်မြောက်ပြီးပြီဖြစ်၍၊ ၀ိဂတကထံကထော-သို့လော သို့လော ဟုတွေးတောခြင်းမှ ကင်းလွတ် ပြီးပြီဖြစ်၍၊ သတ္ထုသာသနေ-မြတ်စွာဘုရား၏ သာသနာတော်၌၊ ဝေသာရဇ္ဇပ္ပတ္တော- ရဲရင့်ခြင်းသို့ ရောက်ပြီဖြစ်၍၊ အပရပ္ပစ္စယော- ကိုယ်တိုင်သိမြင်ပြီးဖြစ်၍ သူတစ်ပါးအား ယုံကြည်အားထားစရာ မရှိတော့ပြီဖြစ်၍၊ ဘဂ၀န္တံ- မြတ်စွာဘုရားကို၊ ဧတံ ၀စနံ- ဤသို့သော စကားကို၊ အဝေါစ- လျှောက်ကြားလေ၏ ။ ကိံ အဝေါစ- အဘယ်သို့လျှောက်ကြားသနည်းဟူမူကား- ဘန္တေအရှင်ဘုရား၊ အဟံ- ကျွန်ုပ်သည်၊ ဘဂ၀တော- မြတ်စွာဘုရား၏၊ သန္တိကေ- အထံတော်၌၊ ပဗ္ဗဇ္ဇံ- ရှင်အဖြစ်ကို၊ လဘေယျံ- ရလိုပါ၏၊ ဥပသမ္ပဒံ- ပဉ္စင်းအဖြစ်ကို၊ လဘေယျံ- ရချင်ပါ၏၊ ဣတိ- ဤသို့၊ အဝေါစ- လျှောက်ကြားလေ၏ ။

ဧဟိဘိက္ခုခေါ်ခြင်း
၃၁။ ဘိက္ခု- ချစ်သာရဟန်း၊ ဧဟိ- ဘလာလော့၊ ဓမ္မော- တရားတော်ကို၊ မယာ- ငါဘုရားသည်၊ သွာက္ခာတော- ကောင်းစွာဟောအပ်ပြီ။ ဒက္ခဿ- ဥပါဒါနက္ခန္ဓာဟူသော ၀ဋ်ဆင်းရဲ့၏ ၊ အန္တကိရိယာယ- အဆုံးကို ပြုခြင်းငှာ၊ သမ္မာ- ကောင်းစွာ၊ ဗြဟ္မစရိယံ- မြတ်သောအကျင့်ကို၊ စရ- ကျင့်လေလော့။ ဣတိ- ဤသို့၊ ဘဂ၀ါ- မြတ်စွာဘုရားသည်၊ အဝေါစ- မိန့်တော်မူ၏၊ တဿ အာယသ္မတော- ထိုအရှင်ကောဏ္ဍညအား၊ သာဝဥပသမ္ပဒါ- ထိုဧဟိဘိက္ခု ပဉ္စင်းအဖြစ်သည်လျှင်၊ အဟောသိ- ဖြစ်လေပြီ။

Read More!

ဓမ္မစကြာအနက်(၂)

ဒုက္ခ၌ သစ္စဉာဏ် (၀ါ) ၀ိပဿနာဉာဏ်
၉။ ဘိက္ခဝေ- သံသရာဘေးမှ ကင်းဝေးလိုငြား အို- ရဟန်းများတို့၊ ဣဒံ ဤဇာတိအစရှိသောကောင်းကောင်းဆိုးဆိုး စိတ်အမျိုးမျိုး နှင့်တကွ ဖြစ်သော ဥပါဒါနက္ခန္ဓာတရားအပေါင်းသည်၊ (တစ်နည်း) ဘုံသုံးပါး၌ ကျင်လည်ကြောင်းဖြစ်သော သင်္ခတ တရားအပေါင်းသည်၊ ဒုက္ခံ အရိယသစ္စ န္တိ- အရိယာနွယ်ဝင်သူတော်စင်တို့ သိမြင်အပ်သော ဒုက္ခသစ္စာမည်၏ ဟူ၍၊ မေတေသု- တစ်စုံတစ်ယောက်ထံမှ မကြားစဖူးကုန်သော၊ဓမ္မေသု- သစ္စာလေးပါး တရားအထူးတို့၌၊
စက္ခုံ- ဇာတိစသောကောင်းကောင်းဆိုးဆိုး စိတ်အမျိုးမျိုးဖြစ်ပေါ်ခြင်းတည်းဟူသော ဒုက္ခသစ္စာ၌ မမြဲသော သဘောကိုမြင်တတ်သော အနိစ္စာနုပဿနာဉာဏ် တည်းဟူသော ပညာမျက်စိသည်၊ ဥဒပါဒိ- ထင်ရှားဧကန် အမှန်ဖြစ်တော်မူပြီ။
ဉာဏံ- ဇာတိစသော ကောင်းမကောင်း စိတ်အမျိုးမျိုးဖြစ်ပေါ်ခြင်း တည်းဟူသော ဒုက္ခသစ္စာ၌ ဘေးဟု သိတတ်သော ဒုက္ခာနုပဿနာ ဉာဏ်သည်၊ ဥဒပါဒိ- ထင်ရှားဧကန် အမှန်ဖြစ်တော်မူပြီ။
ပညာ- ဇာတိစသော ချစ်စိတ်မုန်းစိတ်အမျိုးမျိုး ဖြစ်ပေါ်ခြင်းတည်းဟူသော ဒုက္ခသစ္စာ၌ အနှစ်အသားမရှိခြင်းကို အပြားအားဖြင့် တစ်ပါးစီ တစ်ပါးစီ ခွဲခြားဝေဖန်၍ သိတတ်သော အနတ္တာနုပဿနာဉာဏ်သည်၊ ဥဒပါဒိ- ထင်ရှားဒကန် အမှန်ဖြစ်တော် မူပြီ။
ဝိဇ္ဇာ- ဇာတိစသော ဘာဘာညာညာ ပြုလုပ်တတ်သော စိတ်အမျိုးမျိုးတို့ ဖြစ်ပေါ်လာခြင်းတည်းဟူသော ဒုက္ခသစ္စာ၌ မတင့်တယ်ခြင်းကို ထိုးထွင်း၍ သိတတ်သော အသုဘာနုပဿနာဉာဏ်သည်၊ ဥဒပါဒိ- ထင်ရှားဧကန်အမှန်ဖြစ်တော်မူပြီ။
အာလောကော- ဇာတိစသော တောင်တောင် ဤဤ အလီအလာလာ ဘာဘာညာညာ ကောင်းကောင်းဆိုးဆိုး စိတ်အမျိုးမျိုး ဖြစ်ပေါ်ခြင်း တည်းဟူသော ဒုက္ခသစ္စာကို မသိအောင် ဖုံးလွှမ်းတတ်သော မောဟတည်းဟူသော အမိုက်မှောင်ကို ဖျက်ဆီးတတ်သော သမ္မာဒိဋ္ဌိဉာဏ် အရောင်အလင်းသည်၊ ဥဒပါဒိ- ထင်ရှားဧကန် အမှန်ဖြစ်တောမူပြီ။

ဒုက္ခ၌ ကိစ္စဉာဏ် (၀ါ) မဂ်ဉာဏ်

၁၀။ ဘိက္ခဝေ- သံသရာဝဋ်မှ ကျွတ်လွတ်လိုငြား အိုချစ်သားတို့၊ တံ ခေါ ပနိဒံ ဒုက္ခံ အရိယသစ္စံ- ထိုဝိပဿနာဉာဏ်ဖြင့် ဝေဖန်သိမ်းဆည်းအပ်ပြီးသော ဒုက္ခအရိယသစ္စာကို၊ ပရိညေယျ န္တိ- ဤရွေ့ဤမျှဟု ပိုင်းခြားဝေဖန်၍ မဂ်ဉာဏ်အသိတို့ဖြင့် သိအပ်၏ ဟူ၍
၊ မေ-မယာ- ငါဘုရားသည်၊ ပုဗ္ဗေ- ဘုရားမဖြစ်မီ ရှေးကာလ၌၊ အနနုဿုတေသု- တစ်စုံတစ်ယောက်ထံမှ ပြောသံကို မကြားစဖူးကုန် သော၊ ဓမ္မေသု- သစ္စာလေးပါး တရားအထူးတို့၌၊
စက္ခုံ- ဇာတိစသော ဒုက္ခသစ္စာထိုက်သည့် ရှုစိတ် မှတ်စိတ် ပွားများစိတ် ကြံစည်စိတ် တွေးတောစိတ် ဝေဖန်စိတ် ချစ်စိတ် မုန်းစိတ် အစရှိသော စိတ်အမျိုးမျိုး ဖြစ်ပေါ်ခြင်းကို မြင်တတ်သော သောတာပတ္တိမဂ်ဉာဏ်တည်းဟူသော ပညာမျက်စိသည်၊ ဥဒပါဒိ-ထင်ရှားဧကန် အမှန်ဖြစ်တော်မူပြီ။
ဉာဏံ- ကောင်းကောင်းဆိုးဆိုး စိတ်အမျိုးမျိုးတို့၏ ဖြစ်ပေါ်ခြင်းတည်းဟူသော ဇာတိစသော ဒုက္ခသစ္စာကို သိတတ်သော သတဒါဂါမိမဂ် ဉာဏ်သည်၊ ဥဒပါဒိ- ထင်ရှားဧကန် အမှန်ဖြစ်တော်မူပြီ။
ပညာ- ဇာတိ စသော ဒုက္ခသစ္စာထိုက်သည့် ကောင်းကောင်းဆိုးဆိုး စိတ်အမျိုးမျိုးတို့၏ ဖြစ်ပေါ်ခြင်းကို အပြားအားဖြင့် တစ်ပါးစီ တစ်ပါးစီ ခွဲခြားဝေဖန်တတ်သော အနာဂါမိမဂ်ဉာဏ်သည်၊ ဥဒပါဒိ- ထင်ရှားဧကန်အမှန်ဖြစ်တော်မူပြီ။
ဝိဇ္ဇာ- ဇာတိစသော ဒုက္ခသစ္စာထိုက်သည့် လောကီစိတ်အမျိုးမျိုးကို ထိုးထွင်း၍ သိတတ်သော အရဟတ္တမဂ်ဉာဏ်သည်၊ ဥဒပါဒိ- ထင်ရှားဧကန် အမှန်ဖြစ်တော်မူပြီ။
အာလောကော- ဇာတိစသော ဒုက္ခသစ္စာထိုက်သည့် ရှုစိတ် မှတ်စိတ် တွေးစိတ် ကြံစိတ် အားထုတ်စိတ် ပြုလုပ်စိတ် ပွားများစိတ် လိုခင်စိတ် မလိုခင်စိတ်ချစ်စိတ် မုန်းစိတ်ဖြစ်ခြင်းကို မသိမမြင် မထင်နိုင်အောင် ဖုံးလွှမ်းတတ်သော မောဟတည်းဟူသော အ
မိုက်မှောင်ကို ကုန်စင်အောင် ဖျက်ဆီးတတ်သော မဂ်လေးတန်အကုန် အလင်းဓာတ်မျိုးစုံသည်၊ ဥဒပါဒိ- ထင်ရှားဧကန် အမှန်ဖြစ် တော်မူပြီ။

ဒုက္ခ၌ ကတဉာဏ် (၀ါ) ဖိုလ်ဉာဏ်

၁၁။ ဘိက္ခဝေ- နိဗ္ဗာန်လိုဘိ အို- တပည့်တို့။ တံ ခေါပနိဒံ ဒုက္ခံ အရိယသစ္စံ- ထိုဝိပဿနာဉာဏ် မဂ်ဉာဏ်တို့ဖြင့်ပိုင်းခြားဝေဖန်အပ်ပြီးသော ဇာတိစသောဒုက္ခ အရိယသစ္စာကို၊ ပရိညာတ န္တိ- အချင်းခပ်သိမ်းပိုင်းခြားဝေဖန်၍ ဖိုလ်ဉာဏ်တို့ဖြင့် တစ်ဖန်သိရှိပြီးပြီဟူ၍၊ မေ-ငါဘုရားသည်၊ ပုဗ္ဗေ- ဘုရားမဖြစ်မီ ရှေးကာလ၌၊ အနနုဿုတေသု- တစ်စုံတစ်ယောက်မျှ မပြောစဖူးကုန်သေးသော၊ ဓမ္မေသု- သစ္စာလေးပါး ထူးမြတ်သောတရားတို့၌၊
စက္ခုံ- စိတ်အအမျိုးမျိုးဖြစ်ပေါ်ခြင်းတည်းဟူသောဇာတိတည်းဟူသော ပညာမျက်စိသည်၊ ဥဒပါဒိ- ထင်ရှားဧကန်အမှန်ဖြစ်တော်မူပြီ။
ဉာဏံ- စိတ်အမျိုးမျိုး ဖြစ်ပေါ်ခြင်း တည်းဟူသောဇာတိစသော ဒုက္ခသစ္စာကို သိတတ်သော သကဒါဂါမိဖိုလ်ဉာဏ်သည်၊ ဥဒပါဒိ- ထင်ရှားဧကန်အမှန်ဖြစ်တော်မူပြီ။
ပညာ- လောကီစိတ် အမျိုးမျိုး ဖြစ်ပေါ်ခြင်းတည်းဟူသော ဇာတိစသော ဒုက္ခသစ္စာကို အပြားအားဖြင့် တစ်ပါးစီ တစ်ပါးစီပိုင်းခြားဝေဖန်၍ သိနိုင်သောအနာဂါမိဖိုလ်ဉာဏ်သည်၊ ဥဒပါဒိ- ထင်ရှားဧကန် အမှန်ဖြစ်တော်မူပြီ။ ၀ိဇ္ဇာ- လောကီအာရုံတို့ကို စွဲ၍ဖြစ်ပေါ်လာရသောစိတ်အမျိုးမျိုးတည်းဟူသော ဒုက္ခသစ္စာကို ထိုးထွင်း၍ သိတတ်သော အရဟတ္တဖိုလ်ဉာဏ်သည်၊ ဥဒပါဒိ- ထင်ရှားဧကန် အမှန်ဖြစ်တော်မူပြီ။
အာလောကော- ရှုစိတ် မှတ်စိတ် ပွားစိတ် တွေးစိတ်ကြံစိတ် အားထုတ်စိတ် လိုချင်စိတ် မလိုချင်စိတ် အစရှိသောစိတ် အမျိုးမျိုးဖြစ် ပေါ်ခြင်း ဒုက္ခသစ္စာကိုမသိမမြင် မထင်နိုင်အောင် ဖုံးလွှမ်းတတ်သောမောဟတည်းဟူသော အမိုက်အမှောင်ကို ကုန်စင်အောင် ဖျက်ဆီးတတ်သော ဖိုလ်လေးတန်အကုန်အလင်းဓာတ်မျိုးစုံသည်၊ ဥဒပါဒိ- ထင်ရှာဧကန် အမှန်ဖြစ်တော်မူပြီ။


သမုဒယ၌ သစ္စဉာဏ် (၀ါ) ၀ိပဿနာဉာဏ်

၁၂။ ဘိက္ခဝေ- သံသရာဘေးကို ရှုလေ့ရှိကုန်သော တပည့်တို့၊ ဣဒံ- ဤကာမတဏှာ ဘ၀တဏှာ ၀ိဘ၀တဏှာ တည်းဟူသော လောဘသည်၊(တစ်နည်း) ဤသဿတဒိဋ္ဌိ ဥစ္ဆေဒဒိဋ္ဌိစသော (၆၂) ပါးသော ဒိဋ္ဌိတို့ကို ဖြစ်စေတတ်သော ချင်းခြင်းတည်းဟူသော လောဘစိတ်သည်၊ ဒုက္ခသမုဒယံ အရိယသစ္စ န္တိ- ဒုက္ခဟူသော မှန်စိတ် ရှုစိတ် ပွားများစိတ် ကြံစည်စိတ် တွေးတောစိတ် ပြုလုပ်စိတ် အားထုတ်စိတ် ကောင်းစိတ် မကောင်းစိတ် ချစ်စိတ် မုန်းစိတ် နှစ်သက်စိတ် မနှစ်သက်စိတ် ကြိုက်စိတ် မကြိုက်စိတ် စသော စိတ်ကူးမှ ဖြစ်ပေါ်လာရသော စိတ်အမျိုးမျိုးတို့၏ အကြောင်းဒုက္ခဖြစ်သော အရိယာနွယ်ဝင် သူတော်စင်တို့၏ဉာဏ်ဖြင့် အမှန်အတိုင်း သိမြင်အပ်သော ချင်ခြင်း တရားအမှန်ပေတည်း။

ဣတိ- ဤသို့ ချင်ခြင်းသဘောတည်းဟူသော လောဘတဏှာကို ဒုက္ခသမုဒယ ဟူ၍၊ မေ-မယာ- ငါဘုရားသည်၊ ပုဗ္ဗေ- ဘုရားမဖြစ်မီကာလ ရှေးမဆွက၊ အနနုဿုတေသု- သစ္စာလေးပါး တရားအထူးတို့၌
စက္ခုံ- ချင်ခြင်းတည်းဟူသော သမုဒယသစ္စာကို မြင်တတ်သော အနိစ္စာနုပဿနာဉာဏ် ဟူသော ပညာမျက်စိသည်၊ ဥဒပါဒိ- ထင်ရှားဧကန် အမှန်ဖြစ်တော်မူပြီ။
ဉာဏံ-ချင်ခြင်းသဘောသည် ဟူသော သမုဒယသစ္စာကိုသိတတ်သော ဒုက္ခာနုပဿာနာဉာဏ်သည်၊ ဥဒပါဒိ- ထင်ရှားဧကန် အမှန်ဖြစ်တော်မူပြီ။
ပညာ- ချင်ခြင်းသဘောတည်းဟူသော သမုဒယသစ္စာကို အပြားအားဖြင့် တစ်ပါးစီ တစ်ပါးစီ ခွဲခြားဝေဖန် သိစွမ်းနိုင်သော အသုဘာနုပဿနာဉာဏ် သည်၊ ဥဒပါဒိ- ထင်ရှားဧကန်အမှန်ဖြစ်တော်မူပြီ၊
ဝိဇ္ဇာ- ချင်ခြင်း တည်းဟူသော သမုဒယသစ္စာကို ထိုးထွင်း၍ သိတတ်သော အနတ္တာနုပဿနာ ဉာဏ်သည်၊ ဥဒပါဒိ- ထင်ရှားဧကန် အမှန်ဖြစ်တော်မူပြီ။
အာလောကော- မလိုချင် လိုချင် မှတ်ချင် ရှုချင် တွေးချင် မတွေးချင် အားထုတ်ချင် အားမထုတ်ချင် စသော အမျိုးမျိုးသော ချင်ခြင်းသဘော တည်းဟူသော သမုဒယသစ္စာကို ဖုံးလွှမ်းတတ်သော မသိခြင်းတည်းဟူသော မောဟအမိုက်မှောင်ကို ဖျက်ဆီးတတ်သော သမ္မာဒိဋ္ဌိ ပညာရောင် အလင်းသည်၊ဥဒပါဒိ- ထင်ရှားဧကန် အမှန်ဖြစ်တော်မူပြီ။

သမုဒယ၌ ကိစ္စဉာဏ် (၀ါ) မဂ်ဉာဏ်

၁၃။ ဘိက္ခဝေ- သံသရာဝဋ်မှ လွတ်ကင်းလိုငြား အို- ချစ်သားတို့၊ တံ ခေါ ပနိဒံ ဒုက္ခသမုဒယံ အရိယသစ္စံ- ထိုဒုက္ခ၏ အကြောင်းဖြစ်သော ချင်ခြင်းတည်းဟူသော အရိယသစ္စာကို ပဟာတဗ္ဗ န္တိ- သောတာပတ္တမဂ် စသော မဂ်လေးပါးဖြင့် ကာမတဏှာ ဘ၀တဏှာ တည်းဟူသော သဿတဒိဋ္ဌိနှင့် ၀ိဘ၀တဏှာ တည်းဟူသော ဥစ္ဆေဒဒိဋ္ဌိတို့ကို၎င်း အသီးသီးပယ်အပ်၏။
ဣတိ- ဤသို့၊ မေ-မယာ- ငါဘုရားသည်၊ ပုဗ္ဗေ- ဘုရားမဖြစ်မီကာလ ရှေးမဆွက၊ အနနုဿုတေသု- တစ်ဆင့်စကားဖြင့် မကြားစဖူးကုန်သော၊ ဓမ္မေသု- သစ္စာလေးပါး တရားအထူးတို့၌၊
စက္ခုံ- သမုဒယသစ္စာကို မြင်တတ်သော သောတာပတ္တိဉာဏ်သည်၊ ဥဒပါဒိ- ထင်ရှားဧကန် အမှန်ဖြစ်ပေါ်မူပြီ။
ဉာဏံ- သမုဒယသစ္စာကို သိတတ်သော သကဒါဂါမ်ဉာဏ်သည်၊ ဥဒပါဒိ- ထင်ရှားဧကန် အမှန်ဖြစ်ပေါ်မူပြီ။
်ပညာ- သမုဒယသစ္စာတည်းဟူသော ချင်ခြင်း အမျိုးမျိုး ကို အပြားအားဖြင့် တစ်ပါးစီ တစ်ပါးစီ ခွဲခြားဝေဖန် နိုင်သော အနာဂါမိဉာဏ် သည်၊ ဥဒပါဒိ- ထင်ရှားဧကန် အမှန်ဖြစ်ပေါ်လေပြီ။
ဝိဇ္ဇာ- သမုဒယသစ္စာကို ထိုးထွင်း၍ သိတတ်သော အရဟတ္တမဂ်ဉာဏ်သည်၊ ဥဒပါဒိ- ထင်ရှားးဧကန် အမှန်ဖြစ်ပေါ်လေပြီ။
အာလောကော- ချစ်ခြင်း အမျိုးမျိုးတည်းဟူသော သမုဒယသစ္စာကို မသိမထင် မမြင်နိုင်အောင်ဖုံးလွှမ်းတတ်သော မောဟတည်းဟူသော အမိုက်အမှောင်ကို ကုန်စင်အောင်ဖျက်ဆီးတတ်သော မဂ်လေးတန် အကုန် အလင်းဉာဏ်မျိုးစုံသည်ဥဒပါဒိ- ထင်ရှားဧကန် ဖြစ်ပေါ် လာလေပြီ။

သမုဒယ၌ ကတဉာဏ် ( ၀ါ) ဖိုလ်ဉာဏ်

၁၄။ ဘိက္ခဝေ- ချင်ခြင်းဘေးမှ လွတ်ကင်းလိုငြားအို- ချစ်သားတို့၊ တံ ခေါပနိဒံ ဒုက္ခသမုဒယံ အရိယသစ္စံ-စိတ်အမျိုးမျိုးဖြစ်ခြင်းတည်းဟူသော ဒုက္ခ၏ အကြောင်းရင်းဖြစ်သောချင်ခြင်းတည်းဟူသော သမုဒယအရိယသစ္စာကို၊ ပဟီနံ- ဖိုလ်လေးတန်ဉာဏ်အစုံတို့ ဖြင့် တစ်ဖန်ထပ်၍ ပယ်အပ်ပြီ။
ဣတိ- ဤသို့၊ မေ-မယာ- ငါဘုရားသည်၊ ပုဗ္ဗေ- ဘုရားမဖြစ်မီကာလ ထိုခဏက၊ အနနုဿုတေသု- မည်သူ့ထံကမျှတစ်ဆင့်စကား မကြားစဖူးကုန်သော၊ ဓမ္မေသု- သစ္စာလေးပါးတရားအထူးတို့၌၊
စက္ခုံ- သမုဒယသစ္စာကို မြင်တတ်သော သောတာပတ္တိဖိုလ်ဉာဏ်သည်၊ ဥဒပါဒိ- ထင်ရှားဧကန် အမှန်ဖြစ်ပေါ်ပေပြီ၊
ဉာဏံ- သမုဒယသစ္စာကို သိတတ်သော သကဒါဂါမိဖိုလ်ဉာဏ်၊ ဥဒပါဒိ- ထင်ရှားဧကန် အမှန်ဖြစ်ပေါ်ပေပြီ။
ပညာ- သမုဒယသစ္စာကို အပြားအားဖြင့် တစ်ပါးစီတစ်ပါးစီ ခွဲခြားဝေဖန်နိုင်သော အနာဂါမိဖိုလ်ဉာဏ်သည်၊ ဥဒပါဒိ- ထင်ရှား
ဧကန် အမှန်ဖြစ်ပေါ်ပေပြီ။
ဝိဇ္ဇာ- သမုဒယသစ္စာကို ထိုးထွင်း၍ သိတတ်သောအရဟတ္တဖိုလ်ဉာဏ်သည်၊ ဥဒပါဒိ- ထင်ရှားဧကန် အမှန်ဖြစ်တော်မူပေပြီ။
အာလောကော- သမုဒယသစ္စာကို ဖုံးလွှမ်းတတ်သော မောဟတည်းဟူသော အမိုက်တိုက်ကို ဖျက်ဆီးနိုင်သော ဖိုလ်လေးတန်
အကုန် အလင်းဓာတ်မျိုးစုံသည်၊ ဥဒပါဒိ-ထင်ရှားဧကန် အမှန်ဖြစ်ပေါ်လာလေပြီ။

နိရောဓ၌ သစ္စဉာဏ် (၀ါ) ၀ိပဿနာဉာဏ်

၁၅။ ဘိက္ခဝေ- နိဗ္ဗာန်လိုဘိ အို- တပည့်တို့၊ ဣဒံ-ဤ၀ိရာဂစာဂ ပဋိနိဿဂ္ဂ မုတ္တိ အနာလယ ဟူသော အမည်ငါးပါး အပြားရှိသော နိဗ္ဗာန်သည်၊ဒုက္ခနိရောဓံ- ဥပါဒါနက္ခန္ဓာ စိတ် စေတသိက် ရုပ်ဟူသော ဒုက္ခ၏ ချုပ်ရာဖြစ်သော၊ အရိယသစ္စံ- အရိယာနွယ်ဝင် သူတောစင်တို့ ဉာဏ်ဖြင့် အမှန်အတိုင်း သိမြင်အပ်သော တရားအထူးမည်၏။
ဣတိ- ဤသို့၊ မေ-မယာ- ငါဘုရားသည်၊ ပုဗ္ဗေ-ဘုရားမဖြစ်မီကာလ ရှေးမဆွက၊ အနနုဿုတေသု- တစ်ဆင့်စကားနားမှလေသံ မကြားစဖူးကုန်သော၊ ဓမ္မေသု- သစ္စာလေးပါးမြတ်တရားတို့၌
စက္ခုံ- နိဗ္ဗာန်ကို မြင်တတ်သော အနိစ္စဉာဏ် တည်းဟူသော ပညာမျက်စိသည်၊ ဥဒပါဒိ- ထင်ရှားဧကန် အမှန်ဖြစ်တော်မူပြီ။
ဉာဏံ-နိဗ္ဗာန်ကို သိတတ်သော ဒက္ခဉာဏ်သည်၊ ဥဒပါဒိ- ထင်ရှားဧကန် အမှန်ဖြစ်ပေါ်ပေပြီ။
ပညာ- နိဗ္ဗာန်ကို အပြားအားဖြင့် တစ်ပါးစီ တစ်ပါးစီ (တစ်နည်း) အနိမိတ္တနိဗ္ဗာန် အပ္ပဏိဟိတနိဗ္ဗာန် သုညတနိဗ္ဗာန် စသည်ဖြင့် ခွဲခြားဝေဖန်နိုင်သောအသုဘဉာဏ်သည် ဥဒပါဒိ- ထင်ရှားဧကန် အမှန်ဖြစ်ပေါ်ပေပြီ။
ဝိဇ္ဇာ- နိဗ္ဗာန်ကို ထိုးထွင်း၍ သိတတ်သော အနတ္တဉာဏ်သည်၊ ဥဒပါဒိ- ထင်ရှားဧကန် အမှန်ဖြစ်တော်မူပြီ။
အာလောကော- နိဗ္ဗာန်ကို ဖုံးလွှမ်းတတ်သော မောဟတည်းဟူသော အမိုက်မှောင်ကို ကုန်စင်အောင် ဖျက်ဆီးနိုင်သော သမ္မာဒိဋ္ဌိပညာရောင်အလင်းသည်၊ဥဒပါဒိ- ထင်ရှားဧကန် အမှန်ဖြစ်တော်မူပြီ။

နိရောဓ၌ ကိစ္စဉာဏ် (၀ါ) မဂ်ဉာဏ်

၁၆။ ဘိက္ခဝေ- နိဗ္ဗာန်လိုငြား အို-ချစ်သားတို့၊ တံ ခေါ ပနိဒံ ဒုက္ခနိရောဓံ အရိယသစ္စံ- ထိုဒုက္ခ၏ ချုပ်ရာဖြစ်သော နိဗ္ဗာန်တည်းဟူသော အရိယသစ္စာကို၊သစ္ဆိကာတဗ္ဗံ- သောတာပတ္တိမဂ်ဉာဏ်ဖြင့် စာဂနိဗ္ဗာန်ကို၎င်း၊ သကဒါဂါမိမဂ်ဉာဏ်ဖြင့် ပဋိနိဿဂ္ဂ နိဗ္ဗာန်ကို၎င်း၊ အနာဂါမိမဂ်ဉာဏ်ဖြင့် ပဋိနိဿဂ္ဂနိဗ္ဗာန်ကို၎င်း၊ အနာဂါမိမဂ်ဉာဏ်ဖြင့် မုတ္တိနိဗ္ဗာန်ကို၎င်း၊ အရဟတ္တမဂ်ဉာဏ်ဖြင့် အနာလယနိဗ္ဗာန်ကို၎င်း မျက်မှောက်ပြုအပ်၏။
ဣတိ- ဤသို့၊ မေ-မယာ- ငါဘုရားသည်၊ ပုဗ္ဗေ- ဘုရားမဖြစ်မီကာလ ရှေးမဆွက၊ အနနုဿုတေသု- တစ်စုံတစ်ယေက်မျှ ဟောပြောခြင်းဖြင့် နားမှလေသံ မကြားရစဖူးကုန်သော၊ ဓမ္မေသု- သဏ္စာလေးပါး တရားအထူးတို့၌။
စက္ခုံ- နိဗ္ဗာန်ကို မြင်တတ်သော သောတာပတ္တိမဂ်ဉာဏ်တည်းဟူသော ပညာမျက်စိသည်၊ ဥဒပါဒိ- ထင်ရှားဧကန် အမှန်ဖြစ်တော်မူ၏။
ဉာဏံ- နိဗ္ဗာန်ကို သိတတ်သော သကဒါဂါမိမဂ်ဉာဏ်သည်၊ ဥဒပါဒိ- ထင်ရှားဧကန် အမှန်ဖြစ်တော်မူပြီ။
ပညာ- နိဗ္ဗာန်ကို အပြားအားဖြင့် တစ်ပါးစီ တစ်ပါးစီ ခွဲခြားဝေဖန်နိုင်သော အနာဂါမိမဂ်ဉာဏ် သည်၊ ဥဒပါဒိ- ထင်ရှားဧကန် အမှန်ဖြစ် တော်မူပြီ။
ဝိဇ္ဇာ- နိဗ္ဗာန်ကို ထိုးထွင်း၍ ကြောင်ကြောင်ကြီးမြင်တတ်သော အရဟတ္တမဂ်ဉာဏ်သည်၊ ဥဒပါဒိ- ထင်ရှားဧကန်အမှန်ဖြစ်တော်မူပြီ။
အာလောကော- နိဗ္ဗာန်ကို ဖုံးလွှမ်းတတ်သော မောဟတည်းဟူသော အမိုက်မှောင်ကို ကုန်စင်အောင် ဖျက်ဆီးနိုင်သော မဂ်လေးတန်အကုန် အလင်းဓာတ်မျိုးစုံသည်၊ ဥဒပါဒိ- ထင်ရှားမသွေဖြစ်ပေါ်၍ လာပေပြီ။

နိရောဓ၌ ကတဉာဏ် (၀ါ) ဖိုလ်ဉာဏ်
၁၇။ ဘိက္ခဝေ- နိဗ္ဗာန်လိုငြား အို- ချစ်သားတို့၊ တံ ခေါပနိဒံ ဒုက္ခနိရောဓံ အရိယသစ္စံ- ထိုဥပါဒါနက္ခန္ဓာဖြစ်သော စိတ် စေတသိက် ရုပ်ဟူသော (၀ါ) ကောင်းကောင်းဆိုးဆိုး မမျိုးမျိုးသော စိတ်တို့၏ ချုပ်ရာဖြစ်သော နိဗ္ဗာန်တည်းဟူသော အရိယသစ္စာကို၊ သစ္ဆိကတံ- ဖိုလ်လေးတန်အကုန် ဉာဏ်မျိုးစုံတို့ဖြင့် တစ်ဖန်မျက်မှောက်ပြုအပ်လေပြီ။
ဣတိ- ဤသည်၊ မေ-မယာ- ငါဘုရားသည်၊ ပုဗ္ဗေ-ဘုရားမဖြစ်မီကာလ ရှေးမဆွက၊ အနနုဿုတေသု- တစ်ဆင့်စကားဖြင့် မကြားစဖူးကုန်သောဓမ္မေသု- သစ္စာလေးပါး တရားအထူးတို့၌
စက္ခုံ- နိဇ္ဗာန်ကို မြင်တတ်သော သောတာပတ္တိဖိုလ်ဉာဏ်တည်းဟူသော ပညာမျက်စိသည်၊ဥဒပါဒိ- ထင်ရှားဧကန် အမှန်ဖြစ်တော်မူပေပြီ။
ဉာဏံ- နိဗ္ဗာနကို သိတတ်သော သကဒါဂါမိဖိုလ်ဉာဏ်သည်၊ဥဒပါဒိ- ထင်ရှားဧကန် အမှန်ဖြစ်တော်မူပြီ။
်ပညာ-နိဗ္ဗာန်ကို အပြားအားဖြင့် တစ်ပါးစီ တစ်ပါးစီ ခွဲခြားဝေဖန် တတ်သော အနာဂါမိဖိုလ်ဉာဏ်သည်၊ ဥဒပါဒိ- ထင်ရှားဧကန် အမှန်ဖြစ်တော်မူပြီ။
ဝိဇ္ဇာ- နိဗ္ဗာန်ကို ထိုးထွင်း၍ သိတတတ်သော အရဟတ္တဖိုလ်ဉာဏ်သည်၊ ဥဒပါဒိ- ထင်ရှားဧကန် အမှန်ဖြစ်တော်မူပြီ။
အာလောကော- နိဗ္ဗာန်ကို ကုန်စင်အောင် ဖုံးလွှမ်းတတ်သော မောဟတည်းဟူသော အမိုက်မှောင်ကို ကုန်စင်အောင် ဖျက်ဆီးနိုင်သော ဖိုလ်လေးတန်အကုန် အလင်းဓာတ်မျိုးစုံသည်၊ ဥဒပါဒိ - ထင်ရှားဧကန်ဖြစ်ပေါ်၍ လာပေပြီ။

Read More!

ဓမ္မစကြာအနက်(၁)

ဓမ္မစကြာအမွမ်း
စတုသစ္စံ-သစ္စာလေးပါးကို။ ပကာသေန္တော- ပြတော်မူသော။ လောကနာထော-လူတို့ဒ ကိုးကွယ်ရာဖြစ်တော်မူသော
မြတ်စွာဘုရားသည်။ သဟမ္ပတိနာမကေန- သဟမ္ပတိ အမည်ရှိသော။ မဟာဗြဟ္မေန-မြတ်သော ဗြဟ္မာမင်းသည်။ ယာစိတော-
တရားဟောစိမ့်သောငှာ တောင်းပန်အပ်သည်ဖြစ်၍။ ဣသိပတနနာမကေ-ဘုရား၊ ပစ္စေကဗုဒ္ဓါ၊ အရိယာတို့ဧ။် ကောင်းကင်မှ
သက်ရာ၊ ကောင်းကင်သို့ တက်ရာဖြစ်၍ ဣသိပတန အမည်ရှိသော။ မိဂဒါယေ သားတို့အား ဘေးမဲ့ပေးရာ မိဂဒါဝုန် သားပေါင်းစုံ
သည့် မိဂဒါ-ုန် တောရဂုံ၌။ ပဉ္စ၀ဂ္ဂီနံ-ငါးယောက်အစုရှိခြင်းကြောင့် ပဉ္စ၀ဂ္ဂီ အမည်ရှိကုန်သော။ ဘိက္ခူနံ- အရှင်ကောဏ္ဍည၊ အရှင်
ဝပ္ပ၊ အရှင်အဟာနာမ်၊ အရှင်အဿဇိ၊ ပရိဗိုဇ်ရဟန်းတို့အား။ နိဗ္ဗာနပါပကံ-နိဗ္ဗာန်သို့ရောက်စေတတ်သော။ ဓမ္မ၀ရံ-မြတသောတရား
ဖြစ်သော။ ယံ ဓမ္မစက္ကံ-အကြင်ဓမ္မစကြာဒေသနာတော်ကို။ အဒေသယိ- ဟောတော်မပြီ။
သဗ္ဗဒေဝေဟိ-ခပ်သိမ်းကုန်သော သမ္မုတိနတ် ဥပပတ္တိနတ် ၀ိသုဒ္ဓိနတ်တို့သည်။ ( ၀ါ) ခပ်သိမ်းကုန်သောနတ်၊ ဗြဟ္မာတို့
သည်။ နန္ဒိတံ-နှစ်လိုအပ်သော။ သဗ္ဗသမ္ပတ္တိသာဓကံ-ခပ်သိမ်းသော လောကီ လောကုတ္တရာ ပစ္စုန်ပ္ပန်သံသရာ စည်းစိမ်ကိုပြီးစေတတ်
သော။ တံ ဓမ္မစက္ကံ-ထိုဓမ္မစကြာ ဒေသနာတော်ကို။ သဗ္ဗလောကဟိတတ္ထာ-ခပ်သိမ်းသော လောကဧ။် အစီးအပွားအကျိုးငှာ။ ဟေ-အို-
အရှင်သူတော်ကောင်းတို့။ မယံ-ငါတို့သည်။ဘဏာ- ရွတ်ကြကုန်အံ့။


အတွင်းနိဒါန်း
ဘန္တေ ကဿပ-အရှင်မဟာကဿပ။
၁။ ဣဒံ သုတ္တံ- ဤဓမ္မစကြာသုတ်တော်ကို၊ မယာ-မယာ အာနန္ဒေန- တပည့်တော် အာနန္ဒာသည်၊ ဘဂ၀တော- ဘုန်းတော်
ခြောက်ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားသခင်ဧ။်၊ သမ္မုခါ- မျက်မှောက်တော်မ၊ ဧ၀ံ-ဤသို့သော အခြင်းအရာဒေသနာအစဉ်အား
ဖြင့်၊အဟံ-ကြားနာလိုက်ရဧ။်။
ဧကံ သမယံ-အခါတစ်ပါး၌၊ ဘဂ၀ါ-မြတ်စွာဘုရားသည်၊ ဗာရာဏသိယံ- ဗာရာဏသီပြည်၌၊ ဣတိပတနေ- ဘုရား ပစ္စေက
ဗုဒ္ဓါ အရိယာတို့ဧ။် ကောင်းကင်မှ သက်ရာ ကောင်းကင်သို့တက်ရာဖြစ်ခြင်းကြောင့် ဣသိပတနအမည်ရှိသော၊ မိဂဒါယေ- သားသမင်အပေါင်းတို့ကို ဘေးမဲ့ပေရာဖြစ်သော မိဂဒါဝုန်တော၌၊ ၀ိဟရတိ- နေတော်မူဧ။်။
တတြ ခေါ- ထိုသို့နေတော်မူသောအခါ၌၊ ဘဂ၀ါ- မြတ်စွာဘုရားသည်၊ ပဉ္စ၀ဂ္ဂိယေ- အရှင်ကောဏ္ဍည၊ ၀ပ္ပ၊ ဘဒ္ဒိယ၊ မဟာန်မ်၊
အဿဇိ ဟူသော အမည်ရှိကုန်သော ငါးဦးသောပရဗိုဇ် ရဟန်းတို့ကို၊ အာမန္တေသိ- အမိန့်ရှိတော်မူဧ။်

အယုတ်တရားနှစ်ပါး
၂။ ဘိက္ခဝေ- သံသရာဘေးမှ ကင်းဝေးလိုငြား အို- ချစ်သားတို့၊ ပဗ္ဗဇိတေန- သံသရာဝဋ် တဏှာညွှတ်မှ လွတ်လိုငြား
ကျားမ မဟူ အကြင်သူသည်၊ ဒွေ- နှစ်ပါးကုန်သော၊ ဣမေ အန္တာ- ဤအစွန်းနှစ်ခု အယုတ်တရားစုတို့ကို၊ န သေ၀ိတဗ္ဗာ- မမှီအပ်
အားမထုတ်အပ်ကုန်။ ကတမေ ဒွေ- အဘယ်တရား နှစ်ပါးတို့နည်းဟူမူကား။
(က) ကာမေသု- ကာမဘုံ ရူပဘုံ အရူပဘုံ ဟူသော ဘုံသုံးပါးတို့၌ ဖြစ်စေတတ်ကုန်သော ၀တ္ထုအာရုံ ကာမဂုဏ်တို့၌၊ ကာမသုခလ္လိ
ကာနုယောဂေါ- ကာမဂုဏ်စိတ်ဖြင့် အဖန်ဖန်အားထုတ်ခြင်းဟုဆိုအပ်သော၊ ယော စာယံ- ယော စအယံ အန္တော- အကြင်သဿတဒိဠိ
ဖြစ်သော အစွန်းတစ်ခုသည်လည်း၊ဟီနော- အမြဲဒုက္ခကို ဖြစ်စေတတ်သောကြောင့် ယုတ်ညံ့ဧ။်၊ ဂါမ္မော- ရွာသူတို့ဧ။် အကျပ်ဖြစ်ဧ။်။
ပေါထုဇ္ဖနိကော- ပုထုဇဉ်တို့ဧ။် အလေ့ဖြစ်ဧ။်၊ အနရိယော- အရိယာသူတော်စင်တို့ဧ။် အကျင့်မဟုတ်၊ အနတ္ထ- သံဟိတော- လောကီအကျိုး
စီးပွား မဂ်ဖိုလ်အကျိုးစီးပွားနှင့် မစပ်ဆိုင်ချေ။ (အ၀ိဇ္ဖာဦးစီး၍ ပြုလုပ်သော ပုညာဘိသင်္ခါရနှင့် အပုညာဘိသင်္ခါရမျိုး)။
(ခ) အတ္တကိလမထာနုယောဂေါ- မိမိကိုယ်ပင်ပန်းခြင်း စိတ်ပင်ပန်းခြင်းကိုဖြစ်စေလျက် အားထုတ်ခြင်းဟု ဆိုအပ်သော၊ ယော စာယံ- ယော စအယံ အန္တော- အကြင်ဥစ္ဆေဒဒိဠိဖြစ်သောအစွန်းတစ်ခုသည်လည်း၊ ဒုက္ခော- ကိုယ်စိတ်နှစ်ဖြာ ဆင်းရဲစွာဧ။်၊ အနရိယော- တိတ္ထိတို့ဧ။်အကျင့်ဖြစ်၏
အနတ္ထသံဟိတော- မဂ်ဖိုလ်နိဗ္ဗာန် သုံးတန်သော အကျိုးစီးပွားနှင့် လားလားမျှမစပ်ဆိုင်ချေ၊ (အ၀ိဇ္ဇာဦးစီး၍ ပြုလုပ်သော အာနေဉ္ဇာဘိသင်္ခါရအကျင့်မျိုး)။

အလယ်အလတ်အကျင့်
၃။ ဘိက္ခဝေ- သံသရာဘေးကို ရှုလေ့ရှိကြသော အို- ချစ်သားတို့၊ ဧတေ ခေါ ဥဘော အန္တ- ထိုကာမသုခလ္လိကာနုယောဂ
တည်းဟူသော သဿတဒိဠိအကျင့်နှင့် အတ္တကိလမထာနုယောဂတည်းဟူသော ဥစ္ဆေဒဒိဠိအကျင့် အယုတ်တရား နှစ်ပါးအစွန်းတို့ကို၊
အနုပဂမ္မ- မကပ်မယှဉ် မပွားများမူ၍၊ တထာဂတေန- ရှေးရှေးသော ဘုရားရှင်တို့ကဲ့သို့ လာခြင်းကောင်းတော်မူသော ငါဘုရားသည်၊
အဘိသမ္ဗုဒ္ဓါ- မိမိအလိုလို ထိုးထွင်း၍ သိတော်မူအပ်၏။
သာ- ထိုအလယ်အလတ်ဖြစ်သော မဇ္ဈိမာ ပဋိပဒါအကျင့်သည်ကား၊ စက္ခုကရဏီ- သောတာပတ္တိမဂ်ဉာဏ်ကို မြင်စေသော
ပညာမျက်စိကို ပြုတတ်၏။ ဉာဏကရဏီ- အထက်မဂ်သုံးပါးကို သိစေသော ဉာဏ်ကိုြ့ပုတတ်၏၊ ဥပသမာယ- ဒိဠိနှင့်ဝိစိကိစ္စာ ကိလေ
သာငြိမ်းခြင်းတည်းဟူသော သောတာပတ္တိမဂ်ဉာဏ်၏အကျိုးငှာ၊ အဘိညာယ- အထက်မဂ်သုံးပါးကိုထူးသောဉာဏ်ဖြင့် သိခြင်းငှာ၊ သ
မ္ဗောဓာယ- အရဟတ္တမဂ် အရဟတ္တဖိုလ်ကို ကောင်းစွာ ထိုးထွင်း၍သိခြင်းငှာ၊ နိဗ္ဗာနာယ- အနုပါဒိသေသ နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်း၏
အကျိုးငှာ၊ သံဝတ္တတိ- ကောင်းစွာဖြစ်၏။
၎။ ဘိက္ခဝေ- တရားလိုဘိ အို- တပည့်တို့၊ တထာဂတေန- ရှေးဘုရားတို့ကဲ့သို့ လာခြင်းကောင်းတော်မူသော ငါဘုရားသည်၊
အဘိသမ္ဗုဒ္ဓါ- မိမိအလိုလို ကိုယ်တော်တိုင် ထိုးထွင်း၍ သိတော်မူသော၊ စက္ခကရဏီ- သစ္စာလေးပါးကို သောတာပတ္တိမဂ်ဉာဏ်ဖြင့် မြင်
တော်မူတတ်သော၊ ဉာဏကရဏီ- သစ္စာလေးပါးကို အထက်မဂ်သုံးပါးဖြင့် သိတတ်သော၊ ယာ မဇ္ဈိမာ ပဋိပဒါ- အကြင်သဿတဒိဋ္ဌိနှင့်
ဥစ္ဆေဒဒိဋ္ဌိ အယူတို့မှ လွတ်ကင်းသောအလယ်အလတ်အကျင့်မြတ်သည်၊ ဥပသမာယ- ဒိဋ္ဌိနှင့်ဝိစိကိစ္စာ ကိလေသာငြိမ်းခြင်း တည်းဟူသော
မဂ်ဉာဏ်၏ အကျိုးငှာ၊ အဘိညာယ- ထူးသော အထက်မဂ်ဉာဏ်သုံးပါး၏အကျိုးငှာ၊ သမ္ဗောဓာယ- အရဟတ္တမဂ်ဉာဏ် အရဟတ္တဖိုလ်ဉာဏ်
ကို ထိုးထွင်း၍ သိခြင်းအကျိုးငှာ၊ နိဗ္ဗာနယ- အနုပါဒိသေသ နိဗ္ဗာန်၏အကျိုးငှာ၊ သံဝတ္တတိ- ကောင်းစွာဖြစ်၏
သာ စ မဇ္ဈနမာ ပဋိပဒါ- ထိုအလယ်အလတ်ဖြစ်သော အကျင့်မြတ်သည်၊ ကတမာ စ- အဘယ်နည်း ဟူမူကား၊
အရိယော- ကောင်းမြတ် ဖြူစင်သော၊ အဋ္ဌဂိင်္ကော- အင်္ဂါ ရှစ်ပါး အခြင်းအရာအာဖြင့် ပြည့်စုံသော၊ အယမေ၀ မဂ္ဂေါ-
ဤမဂ်အကျင့်သာတည်း။
သေယျထိဒံ- အင်္ဂါရှစ်ပါး ဟူသည်ကား-
(၁) သမ္မာဒိဋ္ဌိ- သစ္စာလေးပါးကို အမှန်အတိုင်း သိမြင်ခြင်း။
(၂) သမ္မာသင်္ကပ္ပေါ- သမ္မာဒိဋ္ဌိဉာဏ်ကို သစ္စာလေးပါးသို့ ရောက်အောင်တင်ဆောင်တတ်ခြင်း၊ (၀ါ) မနောကံသုံးပါး အလိုလို
လုံခြုံနေခြင်း။
(၃) သမ္မာဝါစာ- သစ္စာလေးပါးကို သိမြင်နေသဖြင့်နှုတ်ကို ကောင်းစွာ သိမ်းဆည်းနေခြင်း၊ (၀ါ) ၀စီကံလေးပါးမှ အလိုလို
လုံခြုံနေခြင်း။
(၄) သမ္မာကမ္မန္တော- သစ္စာလေးပါးကို သိမြင်နေသဖြင့်ကာယ ဒုစရိုက်သုံးပါးမှ အလိုလိုလွတ်ကင်းနေခြင်း။
(၅) သမ္မာအာဇီဝေါ- သစ္စာလေးပါးကို သိမြင်နေသဖြင့် မနောသင်္ခါရ ၀စီသင်္ခါရ ကာယသင်္ခါရတို့မှ အလိုလို လွတ်ကင်းနေ
သောကြောင့် ဖြူစင်သော စိတ်ရှိနေခြင်း။
(၆) သမ္မာဝါယမော- သစ္စာလေးပါးကို သိမြင်နေခြင်း လုံ့လသာရှိခြင်း။
(၇) သမ္မာသတိ- သစ္စာလေးပါးကို သိမြင်ခြင်း၌သာ စိတ်ထင်ရှားနေခြင်း။
(၈) သမ္မာသမာဓိ- သစ္စာလေးပါးကို သိမြင်ခြင်း၌သာစိတ်တည်တံ့ခိုင်မြဲနေခြင်း။

ဣဒံ ဓမ္မဇာတံ- သစ္စာလေးပါးကို အမှန်အတိုင်းသိမြင်ရာ၌ တစ်ပြိုင်နက် တစ်ချက်တည်းပြည့်စုံသော ဤသဘောတရားအစု
သည်၊ မဂ္ဂင်္ဂံ- မဂ္ဂင်တရားမည်၏
ဘိက္ခဝေ- သံသရာဘေးမှ ကင်းဝေးလိုငြား အို- ချစ်သားတို့၊ တထာဂတေန- ရှေးရှေးကုန်သော ဘုရားရှင်တို့ကဲ့သို့ လာခြင်း
ကောင်းတော်မူသော ငါဘုရားသည်၊ အဘိသမ္ဗုဒ္ဓါ- ဆရာမကူသယမ္ဘူဉာဏ်ဖြင့် မိမိအလိုလို ကိုယ်တော်တိုင် ထိုးထွင်း၍ သိတော်မူသော၊ စက္ခုကရဧီ- သစ္စာလေးပါးကို သောတာပတ္တိမဂ်ဉာဏ်ဖြင့် မြင်တတ်သော၊ ဉာဏကရဏီ သစ္စာလေးပါးကိုအထက်မဂ်သုံးပါးဖြင့်သိ တတ်သော၊ အယံခေါ သာ မဇ္ဈိမာပဋိပဒါ- ဤသဿတဒိဋ္ဌိနှင့် ဥစ္ဆေဒဒိဋ္ဌိတို့မှ ကင်းလွတ်သော အလယ်အလတ် မကျင့်မြတ်သည်ကား၊ ဥပသမာယ- ဒိဋ္ဌိနှင့် ၀ိစိကိစ္စာ ကိလေသာငြိမ်းခြင်းတည်းဟူသော သောတာပတ္တိမဂ်ဉာဏ်၏အကျိုးငှာ၊ အဘိညာယ- ထူးသော အထက်မဂ်ဉာဏ်သုံးပါး၏အကျိုးငှာ၊ သမ္ဗောဓာယ- အရဟတ္တမဂ်ဉာဏ်၊ အရဟတ္တဖိုလ်ဉာဏ်ကို ထိုးထွင်း၍သိခြင်းအကျိုးငှာ၊ နိဗ္ဗာနာယ- ကိလေသာခပ်သိမ်း ကင်းငြိမ်းရာမှန်အမြိုက်နိဗ္ဗာန်၏အကျိုးငှာ၊ သံဝတ္တတိ- မဖောက်မပြန် အမှန်ဖြစ်ပေ၏

ဒုက္ခသစ္စာ
၅။ ဘိက္ခဝေ- တရားလိုငြား အို-ချစ်သားတို့၊ ဣဒံ ခေါ ပန- ဤဆိုလတ္တံ့သည်ကား၊ ဒုက္ခံ- ဒုက္ခဖြစ်သော၊ (၀ါ) စက်ဆုပ်ဖွယ်
အချည်းနှီးဖြစ်သော၊ အရိယသစ္စံ- အရိယအရှင် သူတော်စင်တို့ အမှန်အတိုင်း သိမြင်အပ်သော အရိယသစ္စာမည်၏
(၁) ဇာတိပိ- မျက်စိ၊ နား၊ နှာခေါင်း၊လျှာ၊ ကိုယ်၊ စိတ်မနောတို့၌ မိစ္ဆာဝိတက်ဖြင့် ကြံဆတွေးတော၍ ဖြစ်ပေါ်လာရသော ဓမ္မာရုံဟူသော
ဥပါဒါနက္ခန္ဓာငါးပါး (တစ်နည်း) မြင်မှု၊ကြားမှု၊နံမှု၊ စားမှု၊ထိမှု၊ သိမှုတို့၌ တောင်တောင်ဤဤ အလီလီ အလာလာ ဘာဘာညာညာ
ကောင်းကောင်းဆိုးဆိုး အမျိုးမျိုးသော အာရုံ နှင့်တကွ ဖြစ်ပေါ်လာရသော စိတ်ဟူသမျှသည်လည်း၊ ဒုက္ခာ- အရိယာသူတော်စင်တို့ ဉာဏ်
ဖြင့် အမှန်အတိုင်း သိမြင်အပ်သော ဒုက္ခပေတည်း။
(၂) ဇရာပိ- ထိုဥပါဒါန်၏ အာရုံမျှသာဖြစ်သော အစွဲနှင့်တကွဖြစ်ပေါ်လာရသော လောကီစိတ်အမျိုးမျိုးတို့၏ဖြစ်ပေါ်လာပြီးနောက် တည်ယောင်ပေးနေခြင်းသည်လည်း၊ ဒုက္ခာ- အရိယာ သူတော်စင်တို့အမှန်အတိုင်းသိမြင်အပ်သော ဒုက္ခပေတည်း။
(၃) ဗျာဓိပိ- ဤကဲ့သို့ ကောင်းမကောင်း စိတ်အမျိုးမျိုး ဖြစ်ပေါ်လာကြပြီးနောက် ပျောက်ကွယ် ချုပ်ဆုံးခါနီး အခိုက်အတံ့သည်လည်း၊ ဒုက္ခော- အရိ
ယာအရှင် သူတော်စင်တို့ဉာဏ်ဖြင့်သိမြင်အပ်သော ဒုက္ခပေတည်း။
(၄) မရဏမ္ပိ- ထိုကောင်းကောင်းဆိုးဆိုး အမျိုးမျိုးသော စိတ်ဟူသမျှ ဖြစ်ပေါ်လာကြပြီးနော် ပျောက်ပျက ချုပ်ဆုံးသွားရခြင်းသည်လည်း၊ ဒုက္ခံ- အရိယာအရှင်သူတော်စင်တို့ဉာဏ်ဖြင့် အမှန်အတိုင်း သိမြင်အပ်သော ဒက္ခပေတည်း။
(၅) အပ္ပိယေဟိ- ဥပါဒါန်၏ အာရုံမျှာသာဖြစ်သော မချစ်မနှစ်သက် အလိုမကျသော သတ္တ၀ါ သင်္ခါရ ကံ ကိလေသာတရားတို့နှင့်၊ သမ္မယောဂေါ- ဥစ္ဆေဒဒိဋ္ဌိ ဟူသော ၀ိဘ၀တဏှာဖြင့်ခွဲခွာကွေကင်းလိုလျက်နှင့် တွေ့ရ မြင်ရ ကြုံရ ဆုံရ ပေါင်းသင်းဆက်ဆံ၍ နေရခြင်းသည်လည်း၊ ဒုက္ခော- အရိယာအရှင်သူတော်စင်တို့ဉာဏ်ဖြင့် အမှန်အတိုင်း သိမြင်အပ်သော ဒုက္ခပေတည်း။
(၆) ပိယေဟိ- ဥပါဒါန်၏အာရုံမျှသာဖြစ်သော မချစ်မနှစ်သက် အလိုမကျသော သတ္တ၀ါ သင်္ခါရ ကံ ကိလေသာတရားတို့နှင့်၊၀ိပ္ပယောဂေါ- သဿတဒိဋ္ဌိ ဟူသော ဘ၀တဏှာဖြင့် မခွဲလို မခွာလို အတူတကွ အမြဲတမ်းနေလိုလျက်ခွဲခွာကွေကင်းရခြင်းသည်လည်း၊ ဒုက္ခော- ဥပါဒါန်ကြောင့် ဖြစ်ပေါ်လာရသောဒုက္ခပေတည်း။
(၇) ယမ္ပိစ္ဆံ- အကြင်အလိုရှိအပ်သော ဥပါဒါနက္ခန္ဓာငါးပါးတည်းဟူသော ကောင်းမကောင်းဖြစ်သော မိစ္ဆာအာရုံခြောက်ပါးကို၊ န လဗ္ဘတိ- အလိုရှိတိုင်း မရခြင်းသည်လည်း၊ ဒုက္ခံ- အရိယာအရှင်သူတော်စင်တို့ဉာဏ်ဖြင့် အမှန်အတိုင်းသိမြင်အပ်သော ဒုက္ခပေတည်း။
(၈)င်္သခိတ္တေန- တောင်တောင်ဤဤ အလီလီ အလာလာ ဘာဘာညာညာ ကောင်းကောင်းဆိုးဆိုး အမျိုးမျိုးသောစိတ်အပေါင်း ထောင်သောင်းမက ဖြစ်ပေါ်လာကြရာ၌ အားလုံးကိုစုရုံး၍ အကျဉ်းချုံးလိုသည်ရှိသော်၊ ပဉ္စပါဒါနက္ခန္ဓာ- စွဲလမ်းခြင်း အာရုံမျှသာဖြစ်သော ခန္ဓာငါးပါး (၀ါ) အစွဲနှင့်တကွသော ရုပ်နာမ်နှစ်ပါးသည်သာလျှင်ဒုက္ခာ- အရိယာအရှင် သူတော်စင်တို့ဉာဏ်ဖြင့် အမှန်အတိုင်း သိမြင်အပ်သော ဒုက္ခပေတည်း။ ကောင်းစိတ် ဆိုးစိတ် ချစ်စိတ် မုန်းစိတ် လောဘစိတ် ဒေါသစိတ်ဟုဆိုလျှင် ဥပါဒါနက္ခန္ဓာ ဟူ၍မှတ်ပါ။

သမုဒယသစ္စာ
၆။ ဘိက္ခဝေ- ဘေးမှလွတ်ငြား အို- ချစ်သားတို့၊ ဣဒံ ခေါပန- ဆိုလတ္တံ့သည်ကား၊ ဒုက္ခသမုဒယံ- ဒုက္ခ၏အကြောင်းဖြစ်သော၊ အရိယသစ္စံ-အရိယာအရှင် သူတော်စင်တို့ဉာဏ်ဖြင့် သိမြင်အပ်သော အမှန်တရားမည်၏။
ယာယံ တဏှာ- အကြင် ချစ်ခြင်း တည်းဟူသော တဏှာသည်၊ ပေါနောဗ္ဘ၀ိကာ- တစ်ဖန်ဘ၀သစ်ကို ဖြစ်စေတတ်၏၊ (တစ်နည်း) တစ်ဖန် အစွဲနှင့်တကွဖြစ်သော စိတ်အသစ် (၀ါ) ဥပါဒါနက္ခန္ဓာငါးပါးအသစ်ကို ဖြစ်စေတတ်၏၊ နန္ဒီရာဂသဟဂတာ- နှစ်သက်ခြင်း စွဲလမ်းခြင်း တပ်မက်ခြင်းတည်းဟူသောဥပါဒါန်စိတ်နှင့်တကွဖြစ်၏ ။ တတြတတြ- ထိုထိုဤဤ အလီလီ အလာလာ ဘာဘာညညာ ကောင်းကောင်းဆိုးဆိုး အမျိုးမျိုးသော စိတ်ဖြစ်ခြင်း၌၊ အဘိနန္ဒိနီ- အလွန့်အလွန် နှစ်သက်စွဲ လမ်းတတ်၏
ဣဒံ- အယံ တဏှာ- ဤ ချင်ခြင်း တည်းဟူသော တဏှာသည်၊ သေယျထာ ကတမာ- အဘယ်မျှအပြားရှိသနည်းဟူမူကား။
ကာမတဏှာ- အဆင်း အသံ အနံ့ အရသာ အတွေ့ အတွေးတို့ကို တပ်နှစ်သက်တတ်သော ချင်ခြင်း ၎င်း၊(တစ်နည်း)
အတ္တဒိဋ္ဌိအယူသည်၎င်း။
ဘ၀တဏှာ- စိတ်အမျိုးမျိုး ဖြစ်ပေါ်ခြင်း၌ တပ်မက်ကျေနပ်သော သဿတဒိဋ္ဌိအယူသည်၎င်း။
ဝိဘ၀တဏှာ- စိတ်အမျိုးမျိုး ဖြစ်ပေါ်ခြင်း၌ မကျေနပ်သော စက်ဆုပ်သော ဥစ္ဆေဒအယူသည်၎င်း၊ ဣတိ- ဤသုံးပါးတည်း။
ဣဒံ- ဤ ချင်ခြင်း တည်းဟူသော တဏှာသည်၊ ဒုက္ခသမုဒယံ- ဒုက္ခဟူသော ကောင်းကောင်းဆိုးဆိုး အမျိုးမျိုးသော စိတ်စေတသိက်ရုပ်တို့၏ဖြစ်ကြောင်းဖြစ်သော၊ အရိယသစ္စံ- အရိယာအရှင် သူတော်စင်တို့၏ ဉာဏ်ဖြင့်သိမြင်အပ်သော တရားအထူးပေ တည်း။

နိရောဓသစ္စာ
၇။ ဘိက္ခဝေ- ချုပ်ငြိမ်းရာမှန် မြတ်နိဗ္ဗာန်ကို ရည်သန်စိတ်ထား တပည့်များတို့၊
ဣဒံ ခေါ ပန -ဤဆိုလတ္တံ့သည်ကား၊ ဒုက္ခနိရောဓံ- ဒုက္ခဟူသော ဥပါဒ်၊ဌီ၊ဘင် မရှိသော စိတ် စေတသိတ်
ရုပ်တို့၏ချုပ်ရာဖြစ်သော၊ အရိယသစ္စံ- အရိယာနွယ်ဝင် သူတော်စင်တို့ဉာဏ်ဖြင့် သိမြင်အပ်သော အမှန်တရားမည်၏
တဿာယေ၀ တဏှာယ- ထို ချင်ခြင်းသုံးပါး၏သာလျှင်၊ (တစ်နည်း) ထိုသဿတဒိဋ္ဌိ ဥစ္ဆေဒဒိဋ္ဌိတို့သာ
လျှင်၊ (တစ်နည်း) တဏှာ မာန ဒိဋ္ဌိ ဟူသော ဥပါဒါနက္ခန္ဓာငါးပါးတို့၏သာလျှင်။
ယော အသေသ၀ိရာဂနိရောဓော- အကြင်ဥပါဒါနက္ခန္ဓာငါးပါးတို့၏ အကြွင်းမဲ့ချုပ်ရာဖြစ်သော အနုပါဒီသေ
သ နိဗ္ဗာန်မြတ်သည်၎င်း။
ယော စာဂေါ- အကြင်ဒိဋ္ဌိနှင့် ၀ိစိကိစ္ဆာ ကိလေသာတို့စွန့်ရာဖြစ်သော သောတာပတ္တိမဂ်ဉာဏ်၏ အာရုံဖြစ်သော
သကဒါဂါမိမဂ်ဉာဏ်၏ အာရုံဖြစ်သော သဥပါဒိသေသ နိဗ္ဗာန်သည်၎င်း။
ယော ပဋိနိဿဂ္ဂေါ- အကြင်ဒိဋ္ဌိ ၀ိစိကိစ္ဆာနှင့် ကြမ်းတမ်းသော ဒေါသ ကိလေသာတို့ကို ဝေးစွာ စွန့်ရာဖြစ်သော
သကဒါဂါမိမဂ်ဉာဏ်၏ အာရုံဖြစ်သော သဥပါဒိသေသ နိဗ္ဗာန်သည်၎င်း။
ယာ ၀ိမုတ္တိ- အကြင်ဒိဋ္ဌိ ၀ိစိကိစ္ဆာနှင့် အကြမ်းအနုဒေါသ ကိလေသာသုံးပါးတို့၏ လွတ်ရာဖြစ်သော အနာဂါမိဉာဏ်
၏အာရုံဖြစ်သော သဥပါဒိသေသ နိဗ္ဗာန်သည်၎င်း။
ယော အနာလယော- အကြင်ဒိဋ္ဌိ ၀ိစိကိစ္ဆာနှင့် ဒေါသအပြင် ကျန်သော လောဘ မာန ထိန ဥဒ္ဓ အဟိရိက အနောတ္တပ္ပ
တည်းဟူသော ကိလေသာဆယ်ပါးတို့၏ကပ်ငြိခြင်းကင်းရာ ကုန်ရာ ခန်းရာဖြစ်သော အနုပါဒိသေသ နိဗ္ဗာန်သည်၎င်း၊ အတ္ထိ- ရှိ၏
ဣဒံ- ဤပင်ကိုကရှင်း ပင်ကိုကလင်း ပင်ကိုကကြည် ပင်ကိုကအေး ပင်ကိုကငြိမ်း တည်းဟူသော နိရောဓနိဗ္ဗာန်သည်၊
(တစ်နည်း) တဏှာ မာန ဒိဋ္ဌိတို့၏ ချုပ်ချယ်မှုမှ ကင်းလွတ်ရာမှန် မြတ်နိဗ္ဗာန်သည်၊ အရိယသစ္စံ- အရိယာနွယ်ဝင် သူတော်စင်တို့ဉာဏ်
ဖြင့် အမှန်အတိအကျ သိမြင်အပ်သော အမြတ်ဆုံးတရားပေတည်း။

မဂ္ဂသစ္စာ
၈။ ဘိက္ခဝေ- နိဗ္ဗာန်လိုဘိ အို- တပည့်တို့၊ ဣဒံ ခေါ ပန- ဤဆိုလတ္တံ့သည်ကား၊ ဒုက္ခနိရောဓ
ဂါမိနီပဋိပဒါ- ဒက္ခဟူသော ဥပါဒါနက္ခန္ဓာ စိတ်စေတသိက် ရုပ်တို့၏ ချုပ်ရာဖြစ်သော နိဗ္ဗာန်သို့ ရောက်
ကြောင်းအကျင့်ဖြစ်သော၊ (တစ်နည်း) လောကီစိတ်အမျိုးမျိုးတို့၏ချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်း အ
ကျင့်ဖြစ်သော၊ အရိယသစ္စံ- အရိယာနွယ်ဝင် သူတော်စင်တို့ သိမြင်အပ်သော အကျင့်မြတ်မည်၏
အရိယော- ဖြူစင် မြင်မြတ်သော၊ အယမေ၀ မဂ္ဂေါ- ဤအကျင့်မြတ်သည်သာလျှင်၊ အဋ္ဌင်္ဂိကော
- အင်္ဂါရှစ်ပါးနှင့် တစ်ချက်တည်း ပြည့်စုံနေ၏ (တစ်နည်း) သီလ သမာဓိ ပညာ နှင့်တစ်ပြိုင်နက် ပြည့်စုံ၏
သေယျထိဒံ- အင်္ဂါရှစ်ပါး ဟူသည်ကား
(၁) သမ္မာဒိဋ္ဌိ- စိတ် စေတသိက် ရုပ်တို့၏ချုပ်ရာဖြစ်သော (တစ်နည်း) ဒုက္ခနှင့် ဒုက္ခသမုဒယ ဟူ
သော ကောင်းကောင်းဆိုးဆိုး အမျိုးမျိုးသော လောကီစိတ်တို့၏ ချုပ်ရာဖြစ်သော (တစ်နည်း)
ဥပါဒါနက္ခန္ဓာ ငါးပါးတို့၏ ချုပ်ရာဖြစ်သော နိဗ္ဗာန်ကို ဉာဏ်ဖြင့် သိမြင်နေခြင်း။
(၂) သမ္မာသင်္ကပ္ပေါ - နိဗ္ဗာန်ကို သိမြင်နေသဖြင့် ထိုသိမြင်နေသောစိတ်ကို နိဗ္ဗာန်သို့ တင်ဆောင်နေ
ခြင်းမှတစ်ပါး တခြားဘာမျှစိတ်မကူးခြင်း။
(၃) သမ္မာဝါစာ- နိဗ္ဗာန်ကို သိမြင်နေသဖြင့် မည်သည့်စကားကိုမျှ မပြောဆိုခြင်း။
(၄) သမ္မာကမ္မန္တော- နိဗ္ဗာန်ကို သိမြင်နေသဖြင့် မည်သည့်ကာယကံမှုကိုမျှ မပြုလုပ်ခြင်း။
(၅) သမ္မာအာဇီဝေါ- နိဗ္ဗာန်ကို သိမြင်နေသဖြင့် စိတ်ဖြူစင်နေခြင်း။ (တစ်နည်း ) မည်သည့်သင်္ခါရ
အာရုံမျှမရှိခြင်း။
(၆) သမ္မာဝါယောမော- နိဗ္ဗာန်ကို သိမြင်နေသဖြင့် ထိုသိမြင်နေသောစိတ်ကို နိဗ္ဗာန်သို့ မြင့်တင်ပေး
နေခြင်း။
(၇) သမ္မာသတိ- နိဗ္ဗာန်ကို သိမြင်နေသဖြင့် ထိုသိမြင်နေသောစိတ်ကို နိဗ္ဗာန်၌ မပြတ်တည်မြဲနေခြင်း။
(၈) သမ္မာသမာဓိ- နိဗ္ဗာန်ကို သိမြင်နေသဖြင့် ထိုသိမြင်နေသော စိတ်ကို နိဗ္ဗာန်၌ စူးစိုက်စေခြင်း၊ လော
ကီအာရုံများသို့ စိတ်မပျံ့လွင့်ခြင်း၊ ဣတိ- ဤရှစ်ပါးတည်း။

Read More!

မြတ်ဗုဒ္ဓ၏ ရောင်ခြည်တော်(၆)ပါး

မြတ်ဗုဒ္ဓ၏ ရောင်ခြည်တော်(၆)ပါးကို ဖော်ကျူးထားသည်မှာ-

၁။ နီလရောင်ခြည်တော်။
(နှီလာကျောက်ကဲ့သို့ ပြာညိုရောင် အဆင်းရှိသော ရောင်ခြည်တော်။)
(နီလာရောင်ခြည်တော်သည် မြတ်ဗုဒ္ဓ၏ ဆံတော်၊ မုတ်ဆိတ်တော်၊ မျက်ဝန်းတော်တခို စိမ်းညိုသော အရပ်ဌာနတို့မှ
ထွက်ပေါ်ကွန့်မြူးပါသည်။)

၂။ ပီတရောင်ခြည်တော်။
(၀ါရွှေရောင်အဆင်းရှိသော ရောင်ခြည်တော်)။
(ပီတ ရောင်ခြည်တော်သည် မြတ်ဗုဒ္ဓ၏ သိင်္ဂီရွှေလှော် အရေတော်၊အသားတော်တို့မှစ၍ ၀ါရွှေသော အရပ်ဌာနတို့မှ
ထွက်ပေါ်ကွန့်မြူးပါသည်။)

၃။ လောဟိတရောင်ခြည်တော်။
(အနီရောင်အဆင်းရှိသော ရောင်ခြည်တော်)။
(လောဟိတ ရောင်ခြည်တော်သည် မြတ်ဗုဒ္ဓ၏ အာတော်၊ လျှာတော်၊ နှုတ်ခမ်းတော်၊ ခြေဖ၀ါးတော်၊ လက်ဖ၀ါးတော်၊
ခြေသည်းတော်၊ လက်သည်းတော် တို့မှစ၍ နီမြန်းသော အရပ်ဌာနတို့မှ ထွက်ပေါ်ကွန့်မြူးပါသည်။)

၎။ သြဒါတ ရောင်ခြည်တော်။
(အဖြူရောင်အဆင်းရှိသော ရောင်ခြည်တော်)။
(သြဒါတ ရောင်ခြည်တော်သည် မြတ်ဗုဒ္ဓ၏ သွားတော်၊ စွယ်တော်၊ အရိုးတော်၊ မျက်ဖြူတော် ဥဏ္ဏလုံမွှေရှင်တော်တို့မှစ၍
ဖြူဖွေးသော အရပ်ဌာနတို့မှ ထွက်ပေါ်ကွန့်မြူးပါသည်။)

၅။ မဉ္စိဌ ရောင်ခြည်တော်။
(ပန်းရောင်အဆင်းရှိသည့် နီမောင်းသော ရောင်ခြည်တော်။)
(မဉ္စိဌရောင်ခြည်တော်သည် မြတ်ဗုဒ္ဓ၏ အထက်ဆံဖျားတော်တလျှောက်မှ အောက်ခြေဖ၀ါးတော် တိုင်အောင်
ရွှေကိုယ်တော်အစိတ်စိတ်မှ ထွက်ပေါ်ကွန့်မြူးပါသည်။)

၆။ ပဘဿရ ရောင်ခြည်တော်။
(ပြိုးပြိုးပျက်ပျက် အရောင်စုံထွက်သော ရောင်ခြည်တော်။)
(ပဘဿရ ရောင်ခြည်တော်သည် မြတ်ဗုဒ္ဓ၏ ရွှေကိုယ်တော် အလုံးမှ ထွက်ပေါ်ကွန့်မြူးပါသည်။)


ကျမ်းကိုး-ရတနာဂုဏ်ရည် [ရှင်ဇနကာဘိဝံသဆရာတော်ဘုရားကြီး

Read More!

မဖောက်မပြန်ဟုတ်မှန်သောဂုဏ်ရှစ်ပါး

မဖောက်မပြန်ဟုတ်မှန်သောဂုဏ်ရှစ်ပါး
၁-ထိုမြတ်စွာဘုရားသည် လူအများ၏ စီးပွားချမ်သာ အလို့ငှာလောကကို စောင့်ရှောက်ရန် အလို့ငှာ နတ်လူတို့၏အကျိုးစီးပွားချမ်း သာအလို့ငှာ ကျင့်တော်မူပါပေ၏။ ဤသို့ လူအများ၏ စီးပွားချမ်သာ အလို့ငှာလောကကို စောင့်ရှောက်ရန်အလို့ငှာ နတ်လူတို့၏ အကျိုးစီးပွားချမ်းသာ အလို့ငှာ ကျင့်တော်မူသည့် ဤအင်္ဂါနှင့် ပြည့်စုံသော ဆရာကို ရှေးကလည်း ငါတို့ မတွေ့မြင်ရကုန် ယခုလည်း ထိုမြတ်စွာဘုရားမှ တပါးငါတို့ မတွေ့မြင်ရကုန်။

၂-ထိုမြတ်စွာဘုရား၏ တရားတော်သည် ကောင်းစွာဟောထားသော တရားတော်ပါပေတည်း။ ကိုယ်တိုင်သိမြင်နိုင်သော တရားတော် ပါပေတည်း။ အခါမလင့် အကျိုးပေးတတ်သော တရားတော်ပါပေတည်း။ လာလှည့် ရှုကြည့်လှည့်ဟု ဖိတ်ခေါ်ထိုက်သော တရားတော် ပါပေတည်း။ (မိမိကိုယ်ထဲစိတ်ထဲ၌) ဆောင်ယူထားထိုက်သော တရားတော်ပါပေတည်း။(အရိယာ) ပညာရှိတို့သာကိုယ်စီကိုယ်ငှသိနိုင် ခံစားနိုင်သော တရားတော်ပါပေးတည်း။ ဤသို့ (မိမိကိုယ်ထဲစိတ်ထဲ၌) ဆောင်ယူထားထိုက်သော တရားတော်ကို ဟောကြားတော်မူသည့် ဤအင်္ဂါနှင့် ပြည့်စုံသော ဆရာကို ရှေးကလည်း ငါတို့မတွေ့မြင်ရကုန် ယခုလည်း ထိုမြတ်စွာဘုရားမှ တပါးငါတို့ မတွေ့မြင်ရကုန်။

၃-ထိုမြတ်စွာဘုရားသည် ဤကား ကုသိုလ်တည်းဟု ကောင်းစွာဖော်ပြတော်မူပါပေ၏။ ဤကားအကုသိုလ် တည်းဟု ကောင်းစွာ ဖော်ပြတော်မူပါပေ၏။ ဤကား အပြစ်ရှိ၏။ ဤကား အပြစ်မရှိ။ ဤကား မှီဝဲအပ်၏။ ဤကား မမှီဝဲအပ်။ ဤကား ယုတ်၏။ ဤကားမြတ်၏။ ဤကား မည်းညစ်သောအဖို့၊ ဖြူစင်သောအဖို့ရှိ၏ ဟု ကောင်းစွာဖော်ပြတော်မူပါပေ၏။ဤသို့ ကုသိုလ် အကုသိုလ် အပြစ်ရှိ အပြစ်မရှိ မှီဝဲအပ် မမှီဝဲအပ် အယုတ် အမြတ် မည်းညစ်သောအဖို့ ဖြူစင်သော အဖို့ရှိသော တရားတော်တို့ကို ဖော်ပြတော်မူသည့် ဤအင်္ဂါနှင့် ပြည့် စုံသော ဆရာကို ရှေးကလည်း ငါတို့မတွေ့မြင်ရကုန် ယခုလည်း ထိုမြတ်စွာဘုရားမှ တပါးငါတို့ မတွေ့မြင်ရကုန်။

၎- ထိုမြတ်စွာဘုရားသည် တပည့်တို့အား နိဗ္ဗာန်သို့ရောက်ကြောင်းအကျင့်ကို ကောင်းစွာ ဖော်ပြတော်မူပါပေ၏။ နိဗ္ဗာန်နှင့် အကျင့်သည် နှီးနှောဆက်စပ်လျက်ရှိပါပေ၏။ ဥပမာအားဖြင့် ဂင်္ဂါမြစ်ရေသည် ယမုနာမြစ်ရေနှင့် နှီးနှောဆက်စက်လျက်တပေါင်းတည်းဖြစ်သကဲ့သို့ ဤအတူပင် ထိုမြတ်စွာဘုရားသည် တပည့်တို့အား နိဗ္ဗာန်သို့ရောက်ကြောင်းအကျင့်ကို ကောင်းစွာဖော်ပြတော်မူပါပေ၏ ။ နိဗ္ဗာန်နှင့် အကျင့်သည် နှီးနှောဆက်စပ်လျက်ရှိပါပေ၏။ ဤသို့ နိဗ္ဗာန်သို့ရောက်ကြောင်းအကျင့်ကို ဟောကြားတော်မူသည့် ဤအင်္ဂါနှင့် ပြည့်စုံသော ဆရာကို ရှေးကလည်း ငါတို့မတွေ့မြင်ရကုန် ယခုလည်း ထိုမြတ်စွာဘုရားမှ တပါးငါတို့ မတွေ့မြင်ရကုန်။

၅-ထိုမြတ်စွာဘုရားအား လာဘ်သပ်ပကာ အကျော်အစောသည် မင်းများပင်ဝမ်းသာအားရ ဖြစ်နေကြသည်ဟု ထင်ရလောက်အောင် အလွန်ပြည့်စုံပါပေ၏။ သို့သော်လည်း ထိုမြတ်စွာဘုရားသည်ကား မာန်ယစ်ခြင်းကင်းလျက် အစာအာဟာရကို ဘုန်းပေးတော်မူ ပါပေ၏။ ဤသို့ မာန်ယစ်ခြင်းကင်းလျက် အစာအာဟာရကို ဘုန်းပေးတော်မူသည့် ဤအင်္ဂါနှင့် ပြည့်စုံသော ဆရာကို ရှေးကလည်း ငါတို့မတွေ့မြင် ရကုန် ယခုလည်း ထိုမြတ်စွာဘုရားမှ တပါးငါတို့ မတွေ့မြင်ရကုန်။

၆-ထိုမြတ်စွာဘုရားသည် ကျင့်ဆဲသေက္ခပုဂ္ဂိုလ်နှင့် ကျင့်သုံးပြီး ရဟန္တာပုဂ္ဂိုလ်ဟူသော အဖော်များရှိနေပါသော်လည်း ထိုအဖော်များကို စွန့်ခွာ၍ တပါးတည်းမွေ့လျော်လျက် နေတော်မူပါပေ၏။ ဤသို့ တပါးတည်းမွေ့လျော်သည့် ဤအင်္ဂါနှင့် ပြည့်စုံသော ဆရာကို ရှေးက လည်း ငါတို့မတွေ့မြင်ရကုန် ယခုလည်း ထိုမြတ်စွာဘုရားမှ တပါးငါတို့ မတွေ့မြင်ရကုန်။

၇-ထိုမြတ်စွာဘုရားသည် ဟောပြောသည့်အတိုင်းပြုကျင့်လေ့ရှိတော်မူပါပေ၏။ ပြုကျင့်သည့် အတိုင်းဟောပြောလေ့ရှိပါပေ၏။ ဤသို့ ဟောပြောသည့်အတိုင်းပြုကျင့်လေ့ရှိ၍ ပြုကျင့်သည့် အတိုင်းဟောပြောလေ့ရှိလျက် ဤနည်းဖြင့်(လောကုတ္တရာ)တရား အားလျော်သော အကျင့်ကို ကျင့်သည့် ဤအင်္ဂါနှင့် ပြည့်စုံသော ဆရာကို ရှေးကလည်း ငါတို့မတွေ့မြင်ရကုန် ယခုလည်း ထိုမြတ်စွာဘုရားမှ တပါးငါတို့ မတွေ့မြင်ရကုန်။

၈-ထိုမြတ်စွာဘုရားသည် မြတ်သော မှီရာဖြစ်သော အာဒိဗြဟ္မစရိယဖြင့် အလုံးစုံသော တရားတို့၌ ယုံမှားခြင်း ၀ိစိကိစ္ဆာခရီးခဲကို ကူးမြောက်ပြီးဖြစ်တော်မူပါပေ၏။ သို့လောသို့လော တွေးတောခြင်းကင်းပြီးဖြစ်တော်မူပါပေ၏။ အလုံးစုံပြီးမြောက်သော နှလုံးအလို ရှိတော်မူပါပေ၏။ ဤသို့ မြတ်သော မှီရာဖြစ်သော အာဒိဗြဟ္မစရိယဖြင့် အလုံးစုံသော တရားတို့၌ ယုံမှားခြင်း ၀ိစိကိစ္ဆာခရီးခဲကို ကူးမြောက်ပြီးဖြစ်လျက် သို့လောသို့လော တွေးတောခြင်း ကင်းပြီးဖြစ်လျက် အလုံးစုံပြီးမြောက်သော နှလုံးအလို ရှိသည့် ဤအင်္ဂါနှင့် ပြည့်စုံသော ဆရာကို ရှေးကလည်း ငါတို့မတွေ့မြင်ရကုန် ယခုလည်း ထိုမြတ်စွာဘုရားမှ တပါးငါတို့ မတွေ့မြင်ရကုန်။
(မဟာဝဂ်ပါဠိတော်၊ ၆-ဂေါဝိန္ဒသုတ်)

Read More!

  © Blogger template 'Fly Away' by Ourblogtemplates.com 2008

Back to TOP