မိုးကုတ်တရား ပတ္တမြားအမြုတေ အဆီအနှစ်များ(၁)

၁)ငါသည် မုချသေရမည်၊ အချိန်အပိုင်းသာလိုတော.သည်။

၂)ယနေ.လား နက်ဖြန်လား သေနိုင်ပါ၏။

၃)ရခဲ.လှတဲ.လူဘ၀ကို အလွဲသုံးစားနဲ. အချိန်အလကားမဖြန်းပါနဲ.။

၎)မမျှော်လင်.ဘဲ ဗြန်းခနဲ နာလည်းနာနိုင်သည်။

၅)မမျှော်လင်.ဘဲ ဗြန်းခနဲ သေလည်းသေနိုင်သည်။

၆)ခန္ဓာကိုယ်က မွေးကတည်းက အသေဘက်တရစပ်ပြေးနေတယ်။

၇)မနေ.ကထက် ဒီနေ. သေဖို.တရက်ပိုနီးသွားပြီ။

ဂ)သက်တမ်းတိုတဲ.ဘ၀ကလေးမှာ တရားအားမထုတ်ဘဲနှင်. ချောင်ခိုနေရင် လူဖြစ်ရှုံးပြီမှတ်။

၉)အသေစောက ကိုယ်ကျိုးအနည်းကြီးနည်းပြီမှတ်

၁၀)အပြေးမရတဲ.ခန္ဓာကိုယ်သုသာန်မရောက်ခင် မဂ္ဂင်အလုပ်မြန်မြန်လုပ်။

၁၁)လူပြောသူပြော မယုံပါနှင်. ခန္ဓာပြောတာသာ အယုံကြီးယုံပါ။

၁၂) လူပြောယုံတော. သူများပါးစပ်လမ်းဆုံး
ခန္ဓာပြောတာယုံတော.မှ သံသရာလမ်းဆုံး

၁၃)ရှေ.နောက်ခွဲတတ်ပါစေ
သားရေးသားသမီးရေးနောက်ထား
ကိုယ်.ကိုယ်ကိုကယ်တင်မယ်.အရေှးရှေ.ထား။

၁၄)ကိုယ်ကိုသနားရင် ၀ိပသာနာလုပ်ကြ။
ကိုယ်.ကိုယ်ကိုမသနားရင် သားရေးသားသမီးရေး စီးပွားရေးလုပ်ကြ။

၁၅) ဘုန်းကြီးကပြောရက်လိုက်လေ မလုပ်ပါနဲ.
ခင်ဗျားတို.အဖြစ်က ဆိုးလွန်းလို. ဖော်ပြနေတာ

၁၆) ခင်ဗျားတို.မှာ ကိလေသာရေနစ်နေတာ လည်ပင်းရောက်နေပြီ
သေခါနီးတွေက သေခါဝေးတွေအတွက် ပူမနေနဲ.။

၁၇) ယခုသားနဲ. သမီးနဲ. ဆွေနဲ.မျိုးနဲ. ပစ္စည်းတွေနဲ. ဒီလိုမသိပြုံးနေသလောက် သေခါနီးအိပ်
ရာညောင်စောင်းမှာမျက်ရည်ကျရပါလိမ်မယ်။

တဏှာအစု၊ဥာဏ်အစု
၁၈) တဏှာခိုင်းတိုင်းလုပ်တာသည် အရှက်မရှိလို.။

၁၉)အ၀ိဇ္ဇာ တဏှာကိန်းလာရင် အရှက်အကြောက်မရှိတော.ဘူး။

၂၀) ဒကာ ဒကာမတွေက ကျွန်သဘောက်ပီပီ တဏှာခိုင်းတိုင်းလုပ်နေတာပဲ။

၂၁) တဏှာခိုင်းတာလုပ်ရင် သေရင်အပါယ်ရောက်ပြီ။

၂၂) တဏှာအဖော်မလုပ်ပဲါနဲ. ဥာဏ်အဖော်လုပ်ပါ

၂၃) ဥာဏ်မပါလျှင် ကံကချယ်လှယ်သွားလိမ်.မယ်။

၂၄) ကံစီမံတာ (၃၁)ဘုံ၊ ဥာဏ်စီမံတာ(၃၁)ဘုံအပြင်ဘက်။

၂၅) ကံအမိကံအဖမှ ဥာဏ်အမိဥာဏ်အဖသို.ပြောင်းပါ။

၂၆)်နိဗ္ဗာန်သည် ကံအကျိုးမဟုတ်၊ ဥာဏ်၏အကျိုးဖြစ်၏၊

၂၇)အသေမဦးမီဥာဏ်ဦးမှတော်.တော.မည်။

၂၈) ဥာဏ်ဦးပြီး ၀ိပသာနာတရားအားထုတ်ပါ။

၂၉)ခန္ဓာ၏၀တ္တရားက အသေရှာတာ၊
ဥာဏ်၏ ၀တ္တရားကအသေရှောင်တာ။

၃၀)ကံစီမံတာ လူဘုံ၊နတ်ဘုံ၊၊ဗြဟ္မာဘုံ
ဥာဏ်စီမံတာ နိဗ္ဗာန်

၃၁) အသက်ကြီးလေလေ ကံမွဲ ဥာဏ်မွဲလေလေမှတ်။

၃၂) ကံမွဲတာအရေးမကြီး
ဥာဏ်မွဲလျှင် နိဗ္ဗာန်မရနိုင်
သေခါနီးတွေက သေခါဝေးတွေအတွက် ပူတောင်.ပူပင်ဖြစ်မနေကြပါနဲ.

၃၃)နားကြီးကြီးနဲ. တရားနာပါ၊
နားကတရားနာ ဥာဏ်ကခန္ဓာလှည်.။

၃၄) ခန္ဓာအရှိက ဖြစ်ပျက်ပါ၊ဥာဏ်အသိက မဂ်ပါ။

၃၅)တရားနာရုံနှင်.မပြီး ခန္ဓာဥာဏ်စိုက်ပြီး အလုပ်လုပ်မှပြီးမယ်။

၃၆) သက်တမ်းတိုတဲ.ခေတ်မှာ ဥာဏ်ရှည်ကြီးတွေ မလိုက်ပါနဲ.
ဥာဏ်သုံးဆင်.နဲ.မဂ်ရနိုင်တယ်။

၃၇)ဖြစ်ပျက်မြင်အောင်ကြည်. ယထာဘူတဥာဏ်
ဖြစ်ပျက်မုန်းအောင်ကြည်. နိဗ္ဗိန္ဒဥာဏ်
ဖြစ်ပျက်ဆုံးအောင်ကြည်. မဂ်ဥာဏ်ဖိုလ်ဥာဏ်
ပစ္စုဝေက္ခဥာဏ်၊ ဒါလမ်းတိုလိုက်တဲ.တရား။

၃၈)ခန္ဓာအရှိဖြစ်ပျက်နဲ. ဥာဏ်အသိမဂ်တကယ်သိအောင်လုပ်ပါ။

၃၉)အလုပ်ပေးတရားဆိုတာ ခန္ဓာအရှိနှင်. ဥာဏ်အသိကိုက်အောင်လုပ်တာ။

၄၀)ရှေ.က အရှုခံတရားကို နောက်ကအရှုဥာဏ်ကလိုက်ရမယ်။

၄၁) လောကီမမဂ္ဂင်ငါးပါးကို
ရှုဥာဏ်တရားလိုခေါ်တယ်။

၄၂) ရှုဥာဏ်တရားဆိုတာ အမောဟစိတ်ပါပဲ။

ခန္ဓာငါးပါး
၄၃)ဖောက်ပြန်ခံစား
မှတ်သားပြုပြင်
သိဝိသညာဏ် ငါးအင်ခန္ဓာမှတ်

၄၄)ဘယ်ဗေဒင်မှမယုံနဲ ခန္ဓာကသူ.လမ်းသူပြေးနေတာ၊
မနေ.ကထက် ဒီနေ.သေဖို. တစ်ရက်ပိုနီးသွားပြီဆိုတာ အမှန်ဆုံးပဲ။

၄၅)ခင်ဗျားတို.က သူများပါးစပ်လမ်းဆုံးနေတယ်။
ဟိုလူပြော ဟုတ်နိုးနိုး သည်လူပြော ဟုတ်နိုးနိုးနဲ လူ.၀ါဂွမ်းတွေပဲ။

၄၆)သူတစ်ပါးစိတ်အကဲခတ် မှားသော်ရှိ မှန်သော်ရှိ
ကိုယ်.စိတ်ကိုယ် အကဲခတ်မှ အမှန်ရမယ်။
ကိုယ်.စိတ် ဘာဖြစ်တယ်လို. ကိုယ်မသိတာ အရုပ်အဆိုးဆုံး။

၄၇) ဒီအိမ်မှာ ငါ.လူကြီးဆိုတော. အိမ်တိုင်းမှာ ဒိဌိကြီးစိုးနေတယ်။

၄၈) အသက်ကြီးပြီဗျာ ဘ၀ကူးကောင်းဖို. အရေးကြီးတယ်တဲ.
သူကဖြင်। တရားသံလိုလိုနဲ. ဒိဌိသံကြီး။

ဒိဋ္ဌိအစု
၄၉) ဖွားဖက်တော် ရှင်ဆန္ဒ ဒိဋ္ဌိမဖြုတ်ဘဲ တရားအားထုတ်တာ လေးဆယ်. ငါးနှစ်
ကြာတာတောင် တရားမရနိုင်ဘူး။

၅၀)ဒိဋ္ဌိဆိုတာ ငရဲမျိုးစေ.ပါ။

၅၁)ယောနိသော မနသိကာရအရေးကြီးသည်
ငရဲမျိုးစေ. ၀မ်းထဲရှိလျက်နှင်. သေပျော်ပြီဆိုခက်သေးသည်။

၅၂) ဒိဋ္ဌိမဖြုတ်ဘဲ အလုပ်လုပ်က နိဗ္ဗာန်မရနိုင်ပါ
ဒိဋ္ဌိဖြုတ်လုပ်မှ နိဗ္ဗာန်ရနိုင်မည်။

၅၃) လိုရင်းကိုပြောရလျှင် ပုဂ္ဂိုလ်ကိုမငဲ.နိုင်ပါ
အ၀တ်ဝတ်တိုင်းဖြစ်နေတဲ. ပဋိစ္စုသမုပ္ပာဒ် ဖြစ်စဉ် အ၀တ်ဝတ်တာလား
ငရဲမျိုးစေ.ရှာတာလား သတိမထားက အ၀တ်ဝတ်တိုင်း ဒိဋ္ဌိဖြစ်နေသည်
အ၀တ်မ၀တ်တတ်က အပါယ်သွားရတော.မည်။

၅၄)ဒိဋ္ဌိ မပြုတ်က ဘာလုပ်နေနေ အပါယ်တံခါးပွင်.နေတာ။

၅၅)မလ္လိကာမိဖုရားကြီးသေခါနီး သူပြုခဲ.တဲ. အပြစ်ကလေး
ဝန်မချခဲ.ရတာလေး တစ်လုံးနဲ. အ၀ီစိကျတယ်။
ရှေ.ရေး နောင်ရေးခွဲပါ ရှေ.နောက်လွဲလို.မှတ်ပါ။
သက္ကာယ ဒိဋ္ဌိက အပါယ်ချလိုက်တာ။

၅၆)ဧလကပတ္တ အနှစ်နှစ်သောင်း ရဟန်းတရားအားထုတ်ရဲ.သားနဲ.
နဂါးဖြစ်ရတယ်၊ကုက္ကု စ္စုလေးကချလိုက်တာ။ကဲဘယ်လောက်နာသလဲ။

၅၇)ဒိဋ္ဌိမပြုတ်က ငတ်သက်ရှည်
ဒီဒိဋ္ဌိ မဂ်နှင်. မဖြတ်ရင် မရတော.ပါ။

၅၈)အသက်ငါးဆယ် ကျော်တွေဟာ ကံကောင်းဥာဏ်ကောင်းတုန်းပါ။
ဒိဋ္ဌိပြုတ်ရေးက ဗလာဖြစ်နေတယ်။

၅၉)တစ်ကိုယ်လုံး အပ်သွားချစရာမရှိအောင် ငါတို.လုပ်တာ ဒိဋ္ဌိ
မွေးးကတည်းက ငါ.ကိုယ်ငါ.ဟာဆိုတာ လူတိုင်းချည်ပြီးသား။

၆၀)နဂိုက တစ်ကိုယ်တည်းကြိုး
အသက်ကြီးလေ သားကြိုးကပတ် သမီးကြိုးကပတ်
မြေးကြိုးကပတ်ဆိုတော.
ကြိုးအထပ်ထပ်ဖြစ်လေ မလှုပ်နိုင်လေ။

၆၁)၀ိပသာနာလုပ်တော.မယ်ဆိုရင် ဒိဋ္ဌိအသိနဲ အရင်ဖြုတ်ပါ။

၆၂)ရင်ဝလှံစူး ထိပ်ဦးမီးလောင် ဒိဋ္ဌိအမြန်ရှောင်ကြ။

၆၃)ဒိဋ္ဌိသတ်က တဏှာသတ်ထက်အရေးကြီးတယ်။

၆၄)ဒိဋ္ဌိအသိနှင်. ဖြုတ်ချင်ရင် ခန္ဓာပဋိစ္စုသမုပ္ပာဒ်ကို အရင်ဆုံးနားလည်အောင်
လုပ်ထားကြပါ။

နိဗ္ဗာန်အစု
၆၅) ဘုန်းကံရှိတယ်လို.မှတ်ပါ။
သက္ကာယ ဒိဋ္ဌိပြုတ်တာနဲ. ပထမနိဗ္ဗာန်ရောက်ရမယ်။

၆၆)ကံကတော.ထူးကြပြီ
ကံထူးပြီး ဥာဏ်ရူးမဖြစ်စေနဲ.။

၆၇) ဥာဏ်နားနဲ.ထောင်ကြပါ။ဒီကနေ. ပထမနိဗ္ဗာန်ရောက်အောင်ဟောမယ်။
ပထမနိဗ္ဗာန်ရောက်အောင် နာမယ်ကျင်.မယ်လို အားခဲထားပါ။ဘယ်တော.မှ
မပြီးတဲ.အလုပ်တွေကြောင်. မလာနိုင်ရင်မလာနဲ. အပါယ်သာသွားပေတော.။

၆၈)ရှေ.တရားတွေလို မအောက်မေ.နဲ.
ခုဖြတ်ရင် ခုပြတ်တယ်
ခန္ဓာဆုံးနည်း နိဿရည်းကိုပေးပါမယ်။

၆၉)တဏှာ နဲ.ဒေါသ၀င်လိုက်ထွက်လိုက်
ကိုယ်.သန္တာန်မှာ ဗွာက်ပေါက်နေသော်လည်း မသိပါ။

၇၀)အပါယ်လေးပါးတံခါးကို မဂ်နဲ.ပိတ်ရတယ်
ကျောင်းဆောက် ဘုရားတည်တာလေးနဲ.မကယ်နိုင်
ရှုမူနဲ. ပယ်တာ မဂ်ကဖြတ်ပြီ နိဗ္ဗာန်ရပြီ။

၇၁) နိဗ္ဗာန်ရဖို. အနီးလေးပါ
နိဗ္ဗာန်အဝေးကြီး ဆိုတာ မယုံပါနဲ.
ခန္ဓာအဆုံး နိဗ္ဗာန်ပါ။

၇၂)ဖြစ်ပျက်ဆုံးသွားပါက မဂ်ဥာဏ်ပေါ်လာတယ်။

၇၃)ခန္ဓာကလောင်စာထင်း ဇရာမရဏကမီး။

၇၄)ဘယ်ခန္ဓာရရ လောင်စာနှင်. မီးတွဲလျက်ကြီးမှတ်ပါ
စင်စစ်နိဗ္ဗာန်ဆိုတာ ခန္ဓာမရှိတာပါ။

၇၅)လောင်စာသိမ်းပြီး မီးငြိမ်းသည်.အလုပ်သည်မဂ္ဂင်ပဲ။

၇၆) ခန္ဓာက အနိစ္စု တွေ.တာကမဂ္ဂ
သေတာက သမုဒယ ဆိုက်ရောက်တာ နိရောဓ
သိစ္စုာလေးချက် တပြိုက်နက် မဂ်၏ကိစ္စုာသာ။

၇၇)ဒုက္ခသိစ္စုာကို ပိုင်းခြားသိတာလည်း မဂ်ပဲ
သမုဒယသိစ္စုာကို ပယ်သတ်တာလည်း မဂ်ပဲ
နိရောဓသိစ္စုာကို ဆိုက်ရောက်တာလည်း မဂ်ပဲ
မဂ်သည် သုံးကိစ္စုဆောင်ရွက်သည်။

၇၈)လောင်စာသိမ်းပြီး မီးငြိမ်းသွားတာနိဗ္ဗာန်။

၇၉) ဒုက္ခခပ်သိမ်းငြိမ်းတာ နိဗ္ဗာန်။

၈၀)ကိလေသာအပူဓာတ်တွေ ငြိမ်းအေးသွားတာ နိဗ္ဗာန်။

0 comments:

  © Blogger template 'Fly Away' by Ourblogtemplates.com 2008

Back to TOP