သဲအင်းတရားထဲမှ အကြောင်းကိုသာသတ်ပါ။

သမထကတော. လေးဆယ်ရှိတယ်။ကြိုက်တာလုပ်ကြတာပေါ။အဲဒီဓာတ်လေးပါးပေါ်လာတဲ. အချိန်ကျတော. ပညတ်ကိုရှုယင် အကျိုးသတ်တရား၊ ပရမတ်ကိုရှုယင် အကြောင်းသတ် တရား ဘဲတဲ.။

အကျိုးသတ်ပုံ-အကြောင်း သတ်ပုံ တရားနှစ်ပါးရှိတဲ. အနက်က အဇ္ဈတ္တသဏ္ဍာန်က-မဟာဘုတ်ဓာတ် ကြီးလေးပါးပေါ် လာတဲ.အချိန်အခါအကျိုးသတ်တဲ.ပုဂ္ဂိုလ် က ဘယ်လိုရှုသလဲတဲ.။ အကျိုးသတ်တရား က ဘယ်တရားလဲတဲ.။ ခန္ဓာမှာ ရှုလိုက်တဲ. ချိန်မှာ ဓာတ်ကြီးလေးပါး ပေါ်လာ တယ်။ ဓာတ်ကြီး လေးပါး ပေါ်လာတဲ. အချိန်အခါကျတော.၊ဘာကိုသွားပြီး ရှုလိုက်သလဲတဲ.၊အပြောက ပရမတ်သ ဘော ဖြစ်ပြီး၊ အလုပ်ကျတော. ပညတ်ချည်းဖြစ်နေတတ်တယ်။

ဘယ်လိုရှုသလဲတဲ. အကျိုးတရားကြီးဆိုတာ ဘာလဲတဲ.။ ပညတ်ကြီးဘဲတဲ.။အကျိုး တရား ပညတ်ကြီး ကိုရှုတယ်။ အကျိုးတရား ပညတ်ကြီးကို ဘယ်လိုရှုသလဲဆိုတော. ပထ၀ီ၏သဘောတွေပေါ်လာတယ်။ ဘာတွေပေါ်လာ သလဲ-တင်းလာတယ်။တောင်.လာတယ်။ တင်းလာတော. ဘာကိုရှုသလဲတဲ.အ ကြောင်းမရှုမသတ်ဘဲ အကျိုး တရားကြီး ဖြစ်တဲ. တောင်.တာကိုသတ်တယ်။ ဘုရားကတော. ဓမ္မ သဘောတဲ.။ စိတ်စေတသိတ်၊ရုပ်-နိဗ္ဗာန်တဲ.။ ပရမတ်တရား လေးပါးဟာဖြင်. ဘယ်တော.မှ မဖောက် ပြန်ဘူးလို. ဘုရားကဟောထားတယ်။

ဒီရုပ်ကြီးဟာ ဓမ္မသဘောတဲ.၊ဘုရားက ဟောထားတယ်။ဓမ္မသဘောဆိုတော. ဒီရုပ်ကိုသွားပြီးတော. ဘယ်လို ရှုထား သလဲတဲ.။ အကျိုးတရားကြီးဖြစ်တဲ. တင်းတာကြီး ပေါ်လာတယ်။ တင်းတာကြီး ပေါ်လာတော. -အဲဒီတင်း တဲ. အကျိုးတရားကြီးကို သွားရှုလိုက်တယ်။ ဒါဟာ ဒကာကြီးတွေ အကြောင်းသတ် အကျိုးသတ်ဆိုတာနောက်ကို ရှင်းရှင်း လင်းလင်း သိဘို.ပြောနေတာနော်။

အကြောင်းကိုသတ်ရင်ဖြင်. နိဗ္ဗာန်ကိုသွားကြရလိမ်.မယ်။အကျိုးကိုသတ်ရင်ဖြင်. သံသရာနွံမှာ နစ်ကြလိမ်.မယ်။ သံသရာကြီးထဲမှာ လည်ကြလိမ်.မယ်။ အဲဒါကြောင်.မိုလို.အကျိုးသတ်တရားဆိုတာ ဘာကိုရှုသလဲတဲ.။ အပြော ကတော.ပရမတ်ဘဲ၊အလုပ်ကျတော.ပညတ်ဖြစ်နေခြင်းကြောင်.ပြောနေရ တာပါ။ အဲဒီတော. အကျိုးကို ဘယ်လိုသတ်လိုက်သလဲ၊ တင်းတာပေါ်တော. တင်းတယ်လိုသွားပြီး သိလိုက်တယ်။တင်းတယ်လို ပထမစိတ်ကလေး ကသိတော.နောက်စိတ်ကလေးကလည်းတင်းတယ်။ တင်းတယ်လို ဒီလိုရှုလိုက်တယ်။

တင်းတယ်၊ တင်းတယ် လိုရှုလိုက်တော. ပိုပြီးတင်းသထက်တင်းလာ တယ်။အဲဒါဘာကြောင်.လဲ တင်းတယ်ဆိုတဲ.တရားကြီးပညတ် ကိုရှု လိုက်တဲ.အတွက်ဖြစ်တယ်။တင်းတာကြီးပေါ်လာလို. တင်းတယ် တင်းတယ်လိုရှုလိုက်တာ ဘာလဲ အကျိုးသတ် တရား ခေါ်တယ်။ အဲဒီ လို ရှုလိုက် တဲ.အတွက် ဒိဋ္ဌိ ပေါ် ဒိဋ္ဌိဆင်.လိုက်တာဘဲ။ တဏှာပေါ် တဏှာဆင်.လိုက်တာဘဲ။ ဒုက္ခပေါ်ဒုက္ခဆင်. လိုက်တာဘဲ။ အဲဒါ အကျိုးသတ်တရားပါဘဲ။

တင်းတယ်၊ တင်းတယ်လို. ရှုလိုက်တယ်။တင်းတာကြီးက ပျောက်သွားတယ်။တင်းတာကြီးချုပ်သွား တယ်။ နောင်တခါပြန်တင်းလာတော. တင်းတယ်လိုပြန်သိတယ်။ တင်းတယ်လိုတခါ ပြန်သိရတော. တင်းတယ် တင်းတယ်လို. တခါပြန်ရှုရပြန်ပြီ။ တင်းတာက ပျောက်သွားပြန်ပြီ။ ပျောက်သွားပြီးနောက် တခါ တင်းတာကြီးပြန်ပေါ်လာပြန်ရော။ တင်းတယ်လိုနာမ်ကသွားသိတာဘဲ။ နောက်စိတ်ကနေ တင်း တယ်။တင်းတယ်လို.တခါပြန်ရှုပြန်ရော။အဲဒါဘာလဲ အကျိုးသတ်ပေါ.။ နိဗ္ဗာန်ကို ဘယ်တော.မှ မရဘူး။

0 comments:

  © Blogger template 'Fly Away' by Ourblogtemplates.com 2008

Back to TOP