ဉာဏ်စဉ် ၇၃-ပါး

ဉာဏ်စဉ် ၇၃-ပါး .....

ဉာဏ်စဉ် မာတိကာ

၁။ နာကြားအပ်သော တရားသဘော၌ (ဖြစ်သော) ပညာ
သုတမယ ဉာဏ် ဧနာကြားမှုဖြင့် ပြီးသောဉာဏ်}

၂။ နာကြားရ၍ စောင့်စည်းမှု၌ (ဖြစ်သော) ပညာ
သီလမယ ဉာဏ် ဧသီလဖြင့် ပြီးသော ဉာဏ်}

၃။ စောင့်စည်းခြင်းကြောင့် တည်ကြည်မှု၌ (ဖြစ်သော) ပညာ
သမာဓိ ဘာဝနာမယဉာဏ် ဧတည်တံ့ ပွါးများမှုဖြင့် ပြီးသောဉာဏ်}

၎။ အကြောင်းတရားတို့ကိုသိမ်းဆည်းမှု၌ (ဖြစ်သော) ပညာ
ဓမ္မဋ္ဌိတိဉာဏ် ဧတရား၌တည်သောဉာဏ်}

၅။ ကာလသုံးပါးတို့ကို အကျဉ်းချုံး၍ ပိုင်းခြား ဆုံးဖြတ်နိုင်သော ပညာ
သမ္မသနဉာဏ် ဧသုံးသပ်သောဉာဏ်}

၆။ ပစ္စုပ္ပန်တရားတို့၏ ဖောက်ပြန် ပျက်စီးခြင်းကို ရှုမြင်နိုင်သော ပညာ
ဥဒယဗ္ဗယာနုပဿနာဉာဏ် ဧအဖြစ် အပျက်ကိုရှုသောဉာဏ်}

၇။ အာရုံကို ဆင်ခြင်၍ အပျက်ကို ရှုမြင်နိုင်သောပညာ
ဝိပဿနာဉာဏ် ဧအထူးရှုသောဉာဏ်}

၈။ ဘေးဟူ၍ ထင်မြင်လာသောပညာ
အာဒီန၀ဉာဏ် ဧအပြစ်ကိုသိသောဉာဏ်}

၉။ လွတ်မြောက်လိုခြင်းကို ဆင်ခြင်လျက် လျစ်လျူရှုတတ်သော ပညာ
သင်္ခါရုပေက္ခာဉာဏ် ဧသင်္ခါရကို လျစ်လျူရှုသောဉာဏ်}

၁၀။ အပ (ဖြစ်သောသင်္ခါရနိမိတ်)မှ လွတ်ကင်းခြင်း၌ (ဖြစ်သော) ပညာ
ဂေါတြဘူဉာဏ် ဧအနွယ်ကိုဖြတ်သောဉာဏ်}

၁၁။ နှစ်ပါးစုံမှ ထမြောက်လွတ်ကင်းခြင်း၌ (ဖြစ်သော) ပညာ
မဂ္ဂဉာဏ် ဧမဂ်ဉာဏ်}

၁၂။ လုံ့လစိုက်ရေးငြိမ်းအေးသော ပညာ
ဖလဉာဏ် ဧဖိုလ်ဉာဏ်}။

၁၃။ သံသရာလမ်းစဉ်ပြတ်မှုကို ရှုမြင်သောပညာ
ဝိမုတ္တိဉာဏ် ဧလွတ်မြောက်သောဉာဏ်}

၁၄။ ထိုထို မဂ်ဖိုလ် အခိုက်အတန့်၌ ရရောက်သောတရားတို့ကို ရှုသောပညာ
ပစ္စဝေက္ခဏာဉာဏ် ဧဆင်ခြင်သောဉာဏ်}

၁၅။ အဇ္ဈတ္တသန္တာန်မှ တရားတို့ကို ပိုင်းခြားမှတ်သားခြင်း၌ (ဖြစ်သော) ပညာ
ဝတ္ထု နာနတ္တဉာဏ် ဧအရာဝတ္ထု အထူးထူးကို သိသောဉာဏ်}

၁၆။ ဗဟိဒ္ဓသန္တာန်မှ တရားတို့ကို ပိုင်းခြားမှတ်သားခြင်း၌ (ဖြစ်သော) ပညာ
ဂေါစရ နာနတ္တဉာဏ် ဧအာရုံ အထူးထူးကို သိသောဉာဏ်}

၁၇။ စရိယာတို့ကို ပိုင်းခြားမှတ်သားခြင်း၌ (ဖြစ်သော) ပညာ
စရိယာနာနတ္တဉာဏ် ဧဖြစ်ပုံ အထူးထူးကို သိသောဉာဏ်}

၁၈။ လေးမျိုးသော တရားတို့ကို ပိုင်းခြား မှတ်သားခြင်း၌ (ဖြစ်သော) ပညာ
ဘူမိနာနတ္တဉာဏ် ဧဘုံအထူးထူးကို သိသောဉာဏ်}

၁၉။ ကိုးမျိုးသော တရားတို့ကို ပိုင်းခြား မှတ်သားခြင်း၌ (ဖြစ်သော) ပညာ
ဓမ္မနာနတ္တဉာဏ် ဧတရား အထူးထူးကို သိသောဉာဏ်}

၂၀။ ထူးခြား၍ သိသောပညာ
ဉာတဋ္ဌဉာဏ် ဧသဘောပိုင်းခြားသောဉာဏ်}

၂၁။ ပိုင်းခြားသတ်မှတ်၍ သိသောပညာ
တီရဏဋ္ဌဉာဏ် ဧပိုင်းခြား၍သိသောဉာဏ်}

၂၂။ ပယ်စွန့်ခြင်း၌ (ဖြစ်သော) ပညာ
ပရိစ္စာဂဋ္ဌဉာဏ် ဧပယ်စွန့်သောဉာဏ်}

၂၃။ ပွါးများခြင်း၌ (ဖြစ်သော) ပညာ
ဧကရသဋ္ဌဉာဏ် ဧကိစ္စထူးကိုသိသောဉာဏ်}

၂၄။ မျက်မှောက်ပြုခြင်း၌ (ဖြစ်သော) ပညာ
ဖုသနဋ္ဌဉာဏ် ဧသဘောကိုတွေ့သောဉာဏ်}

၂၅။ အနက်အကျိုးအထူးထူး၌ (ဖြစ်သော) ပညာ
အတ္ထပဋိသမ္ဘိဒါဉာဏ် ဧအနက် အကျိုးကို ခွဲခြား၍ သိသောဉာဏ်}

၂၆။ ပါဠိအကြောင်းအထူးထူး၌ (ဖြစ်သော) ပညာ
ဓမ္မပဋိသမ္ဘိဒါဉာဏ် ဧပါဠိ အကြောင်းကို ခွဲခြား၍ သိသောဉာဏ်}

၂၇။ သဒ္ဒါအထူးထူး၌ (ဖြစ်သော) ပညာ
နိရုတ္တိပဋိသမ္ဘိဒါဉာဏ် ဧသဒ္ဒါကို ခွဲခြား၍ သိသောဉာဏ်}

၂၈။ ထင်မြင်ဉာဏ်အထူးထူး၌ (ဖြစ်သော) ပညာ
ပဋိဘာနပဋိသမ္ဘိဒါဉာဏ် ဧပဋိဘာန်ခွဲခြား၍ သိသောဉာဏ်}

၂၉။ နေထိုင်ခြင်းအထူးထူး၌ (ဖြစ်သော) ပညာ
ဝိဟာရဋ္ဌဉာဏ် ဧနေထိုင်ရေးသဘောဉာဏ်}

၃၀။ သမာပတ်ဝင်စားခြင်း အထူးထူး၌ (ဖြစ်သော) ပညာ
သမာပတ္တဋ္ဌဉာဏ် ဧ၀င်စားရေးသဘောဉာဏ်}

၃၁။ နေထိုင်ခြင်း၊ ၀င်စားခြင်း အထူးထူး၌ (နှစ်ပါးစုံ၌ ဖြစ်သော) ပညာ
ဝိဟာရသမာပတ္တဋ္ဌဉာဏ် ဧနေထိုင်ရေး၊ ၀င်စားရေးသဘောဉာဏ်}

၃၂။ သမာဓိ စင်ကြယ်သည်ဖြစ်၍ အာသဝေါတရား ဖြတ်ခြင်း၌ (ဖြစ်သော) ပညာ
အာနန္တရိက သမာဓိဉာဏ် ဧအခြားမဲ့တည်တံ့ရေးဉာဏ်}

၃၃။ ၀ိပဿနာဉာဏ်လျှင် အကြီးအမှူး ရှိသော ၀ိပဿနာ ပညာ၊
ငြိမ်သက်သော ၀ိဟာရသို့ရောက်သည့် အရဟတ္တဖလသမာပတ္တိ ပညာ၊
မြတ်သော ဖလသမာပတ်၌ ညွတ်သော ပုဗ္ဗဘာဂ ပညာ
အရဏ ၀ိဟာရဉာဏ် ဧကိလေသာ ကင်းလျက် နေထိုင်ရေးဉာဏ်}

၃၄။ အားနှစ်မျိုးတို့နှင့် ပြည့်စုံခြင်း၊
သင်္ခါရသုံးမျိုးတို့၏ ငြိမ်းခြင်းတို့ကြောင့် တစ်ဆယ့်ခြောက်မျိုးသောဉာဏ်ဖြစ်ခြင်း၊
ကိုးမျိုးသော သမာဓိ ဖြစ်ခြင်းတို့ဖြင့် လေ့ကျင့် ပွါးထုံသော ပညာ
နိရောဓသမာပတ္တိဉာဏ် ဧချုပ်ငြိမ်းမှု ၀င်စားသောဉာဏ်}

၃၅။ ဆင်ခြင်ဉာဏ် ဖြစ်စဉ်ကို ရုပ်သိမ်းခြင်း၌ (ဖြစ်သော) ပညာ
ပရိနိဗ္ဗာနဉာဏ် ဧကိလေသာခန္ဓာ ငြိမ်းအေးသောဉာဏ်}

၃၆။ တရားအားလုံးတို့ကို ကောင်းစွာ ဖြတ်ရာ ချုပ်ရာ၌ တစ်ဖန် မဖြစ်သောပညာ
သမသီသဋ္ဌ ဉာဏ် ဧအဦးမူ၍ ငြိမ်းအေးသောဉာဏ်}

၃၇။ သီးခြားဖြစ်သောတရား၊
အထူးထူးသော တရားတို့၏ တန်ခိုးကို ကုန်စေရာ၌ (ဖြစ်သော) ပညာ
သလ္လေခဋ္ဌဉာဏ် ဧခေါင်းပါးရေးဉာဏ်}

၃၈။ မဆုတ်နစ်သောစိတ်၊
နိဗ္ဗာန်သို့ စေလွှတ်သောစိတ်တို့ကို အားပေး ထောက်ပံ့ခြင်း၌ (ဖြစ်သော) ပညာ
ဝီရိယာရမ္ဘ ဉာဏ် ဧလုံ့လစိုက်ရေး ဉာဏ်}

၃၉။ အထူးထူးသော တရားတို့ကို ပေါ်လွင်အောင် ဖော်ပြသောပညာ
အတ္ထသန္ဒဿန ဉာဏ် ဧအနက်ဖော်ဉာဏ်}

၄၀။ တရားအားလုံးတို့ကို တစ်ခုတည်း သိမ်းကျုံးရေတွက်အပ်သည့်
အဖြစ်ဟူသော ပညာ၊
ထူးခြားသောသဘော တူသောသဘောကို ထိုးထွင်း၍ သိသော ပညာ
ဒဿန၀ိသုဒ္ဓိဉာဏ် ဧအမြင် စင်ကြယ်ရေး ဉာဏ်}

၄၁။ သိသည်၏ အဖြစ်ကြောင့်ဖြစ်သော ပညာ
ခန္တိဉာဏ် ဧနှစ်သက်ဉာဏ်}

၄၂။ ဉာဏ်ဖြင့် တွေ့ထိသောကြောင့် (ဖြစ်သော) ပညာ
ပရိယောဂါဟဏဉာဏ် ဧသက်ဝင်ဉာဏ်}

၄၃။ စုပေါင်းစည်းလုံးခြင်း၌ (ဖြစ်သော) ပညာ
ပဒေသ၀ိဟာရဉာဏ် ဧစုပေါင်းစည်းလုံးရေးဉာဏ်}

၄၄။ ကြီးမှူးအုပ်စိုးသည်၏ အဖြစ်ဖြင့်ဖြစ်သောပညာ
သညာဝိ၀ဋ္ဋဉာဏ် ဧသညာကြောင့် ကင်းပြတ်သောဉာဏ်}

၄၅။ အထူးထူး၌ ဖြစ်သောပညာ
စေတောဝိ၀ဋ္ဋဉာဏ် ဧစေတနာကြောင့် ကင်းပြတ်သောဉာဏ်}

၄၆။ တည်တံ့စေခြင်း၌ (ဖြစ်သော) ပညာ
စိတ္တ၀ိဝဋ္ဋဉာဏ် ဧစိတ်ကြောင့် ကင်းပြတ်သောဉာဏ်}

၄၇။ ဆိတ်သုဉ်းခြင်း၌ (ဖြစ်သော) ပညာ
ဉာဏ၀ိဝဋ္ဋ ဉာဏ် ဧဉာဏ်ကြောင့် ကင်းပြတ်သောဉာဏ်}

၄၈။ စွန့်လွှတ်ခြင်း၌ (ဖြစ်သော)ပညာ
ဝိမောက္ခ၀ိဝဋ္ဋ ဉာဏ် ဧ၀ိမောက္ခကြောင့် ကင်းပြတ်သောဉာဏ်}

၄၉။ မှန်ကန်သော သဘော၌(ဖြစ်သော)ပညာ
သစ္စ၀ိဝဋ္ဋဉာဏ် ဧသစ္စာကြောင့်ကင်းပြတ်သောဉာဏ်}

၅၀။ ကိုယ်နှင့်စိတ်ကို တစ်ခုတည်း ပိုင်းခြားခြင်း၊ ချမ်းသာရေးအမှတ် ပေါ့ပါးလျင် မြန်ရေးအမှတ်ကို ဆောက်တည်သည်၏ အစွမ်းအားဖြင့် ပြည့်စုံခြင်း၌ (ဖြစ်သော) ပညာ
ဣဒ္ဓိဝိဓ ဉာဏ် ဧတန်ခိုး ဖန်ဆင်းသော ဉာဏ်}

၅၁။ ကြံစည်မှု ပျံ့နှံ့သည်၏ အစွမ်းဖြင့် ထူးခြားခြင်းနှင့် တူမျှခြင်းဖြစ်သည့် အသံနိမိတ်တို့ကို သက်ဝင်၍ (သိတတ်သော) ပညာ
သောတဓာတုဝိသုဒ္ဓိဉာဏ် ဧနားကြားဓာတ် စင်ကြယ်ရေး ဉာဏ်}

၅၂။ စိတ်သုံးပါးတို့၏ ပျံ့နှံ့မှုကြောင့် ဣနြေ္ဒ (ပသာဒရုပ်) တို့ ကြည်လင်သည်၏ အစွမ်းဖြင့် ထူးခြားသော သဘော၊ တူမျှသော သဘောရှိသော ၀ိညာဉ်၏ ဖြစ်ခြင်းသို့ သက်ဝင်၍ (သိသော) ပညာ
စေတောပရိယ ဉာဏ် ဧစိတ်ကြံသိသောဉာဏ်}

၅၃။ အကြောင်းကြောင့် ဖြစ်သော အကျိုးတရားတို့၏ ထူးခြားမှု တူညီမှု ကံ ပျံ့နှံ့သည်၏ အစွမ်းအားဖြင့် ဖြစ်သောပညာ
ပုဗ္ဗေနိဝါသာနုဿတိ ဉာဏ် ဧရှေးဖြစ် အောက်မေ့နိုင်ရေးဉာဏ်}

၅၄။ အရောင်အလင်း၏ အစွမ်းအားဖြင့် ထူးခြားသော တူမျှသော ရူပနိမိတ်တို့ကို ရှုမြင်ခြင်း၌(ဖြစ်သော) ပညာ
ဒိဗ္ဗစက္ခုဉာဏ် ဧနတ်မျက်စိနှင့်တူသောဉာဏ်}

၅၅။ ခြောက်ဆယ့်လေးမျိုးသော အခြင်းအရာတို့ဖြင့် ဣနြေ္ဒသုံးပါးတို့၏ လေ့လာ သည်၏ အဖြစ်ဟု ဆိုအပ်သော ပညာ
အာသ၀က္ခယ ဉာဏ် ဧအာသဝေါကုန်ရေးဉာဏ်}

၅၆။ ပိုင်းခြား၍ သိခြင်း၌ (ဖြစ်သော) ပညာ
ဒုက္ခဉာဏ် ဧဆင်းရဲကိုသိသောဉာဏ်}

၅၇။ ပယ်စွန့်ခြင်း၌ (ဖြစ်သော) ပညာ
သမုဒယဉာဏ် ဧတဏှာကိုသိသောဉာဏ်}

၅၈။ မျက်မှောက်ပြုခြင်း၌ (ဖြစ်သော) ပညာ
နိရောဓဉာဏ် ဧနိဗ္ဗာန်ကိုသိသောဉာဏ်}

၅၉။ ပွါးများခြင်း၌ (ဖြစ်သော) ပညာ
မဂ္ဂဉာဏ် ဧမဂ္ဂင်ကိုသိသောဉာဏ်}

၆၀။ ဒုက္ခကို သိသောဉာဏ်။

၆၁။ ဒုက္ခ၏အကြောင်းကို သိသော ဧဒုက္ခသမုဒယ} ဉာဏ်။

၆၂။ ဒုက္ခ၏ ချုပ်ရာ နိဗ္ဗာန်ကို သိသော ]ဒုက္ခနိရောဓ} ဉာဏ်။

၆၃။ ဒုက္ခ၏ ချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်းအကျင့်ကို သိသော
ဧဒုက္ခနိရောဓဂါမိနီပဋိပဒါ} ဉာဏ်။

၆၄။ အနက်ကို သိသော ဧအတ္ထပဋိသမ္ဘိဒါ} ဉာဏ်။

၆၅။ ပါဠိကို သိသော ဧဓမ္မပဋိသမ္ဘိဒါ} ဉာဏ်။

၆၆။ သဒ္ဒါကို သိသော ဧနိရုတ္တိပဋိသမ္ဘိဒါ} ဉာဏ်။

၆၇။ ပညာကို သိသော ဧပဋိဘာနပဋိသမ္ဘိဒါ} ဉာဏ်။

၆၈။ ဣနြ္ဒိယပရောပရိယတ္တကို သိသောဉာဏ်။

၆၉။ သတ္တ၀ါတို့၏အလိုဆန္ဒနှင့် အနုသယကိုသိသောဧအာသယာနုသယ} ဉာဏ်။

၇၀။ ယမကပါဋိဟီရကို သိသော ဉာဏ်။

၇၁။ မဟာကရုဏာသမာပတ္တိကို သိသောဉာဏ်။

၇၂။ သဗ္ဗညုတဉာဏ်။

၇၃။ အနာဝရဏဉာဏ်။

ဤကား ဉာဏ်ခုနစ်ဆယ့်သုံးပါးတို့တည်း။

ဤခုနစ်ဆယ့်သုံးပါးသော ဉာဏ်တို့အနက် ဉာဏ် ခြောက်ဆယ့်ခုနစ်ပါးတို့သည် သာဝကတို့နှင့် ဆက်ဆံကုန်၏။ (နောက်ဆုံး) ဉာဏ်ခြောက်ပါးတို့သည် သာဝကတို့နှင့် မဆက်ဆံကုန်၊ (ဘုရားနှင့်သာ ဆက်ဆံ ကုန်၏)။

ဉာဏ်စဉ်မာတိကာ ပြီး၏။

ဉာဏ်စဉ် မာတိကာ၊ မဟာဝဂ်၊ ပဋိသမ္ဘိဒါမဂ်။ ပါဠိတော်။

0 comments:

  © Blogger template 'Fly Away' by Ourblogtemplates.com 2008

Back to TOP