အနာဂတဘယ သုတ်တော်

အဂုင်္တ္တရနိကာယ် ပဉ္စကနိပါတ်မှာ အနာဂတဘယ ဆိုတဲ့ သုတ္တန် ပါတယ်.ဘုရားရှင် ဟောပြခဲ့တာပါ အနာဂတ ဆိုတာ..အနာဂတ်လို့ မြန်မာတွေ သုံးနှုံးကြပါတယ်.. တရားဟောချိန်မှာ အခုပြောပြမယ့် အကြောင်းအရာတွေ မဖြစ်သေးပေမယ့် နောင်အနာဂတ်မှာ ဒီအကြောင်းအရာတွေ သေချာပေါက်ဖြစ်လိမ့်မယ်ဆိုတာ ကို ကြိုပြီး ဟောပြထားတာပါ
ဘုရားရှင်ရဲ့ ဥာဏ်တော်ဟာ တကယ့်ကို ကြီးကျယ် မြင့်မြတ်တော်မူလှပါတယ်........

အနာဂတဘယ သုတ်တော်မှာ ဘုရားရှင် ဟောပြထားတာတွေကို ကြည်ညိုနိုင်အောင် တဆင့်ဖော်ပြချင်ပါတယ်...

ဘိက္ခုတို့ ......ဤပြလတ္တံ့သော ဘေးတို့သည် ယခု ( ထိုသုတ်တော်ကို ဟောတော်မူချိန်မှာ ) မဖြစ်သေးဘဲ နောင်အခါ ဖြစ်ကြလိမ့်မည်၊ ထိုဘေးများကို သင်တို့ သိထားနှင့်ကြ၊ သိပြီး၍ ထိုဘေးများ မပေါ်လာအောင် ကြိုးစားကြ...ထိုဘေးတို့ကား.



၁။ (မိမိကိုယ်ကို ဣနြေ္ဒရရနှင့် နေတတ်အောင် ပြုပြင်သော အားဖြင့်) ခန္ဓာကိုယ်၏ တိုးတက်ကြီးပွားမှုလည်း မရှိကြသော သီလသိက္ခာ တိုးတက်မှုလည်း မရှိကြသော စိတ်နေစိတ်ထား သမာဓိတိုးပွားမှုလည်း မရှိကြသော လောကုတ္တရာပညာ တိုးပွားမှုလည်း မရှိကြသော ရဟန်းတို့သည် သူတို့ကိုယ်တိုင် ဥပဇ္ဈာယ်ဆရာကြီးလုပ်ကာ အခြားသူတို့ကို ရဟန်းပြုပေးကြလိမ့်မည်၊ ထိုသို့ အရည်အချင်း မရှိသော ဥပဇ္ဈာယ်တို့သည် မိမိတပည့်များ ကိုယ်နေ စိတ်ထား သီလ သမာဓိ ပညာတိုးပွားအောင် ဆုံးမနိုင်ကြတော့မည် မဟုတ်၊ ထိုတပည့်များလည်း ကိုယ်နေစိတ်ထား သီလ သမာဓိ ပညာတရား တိုးပွားခြင်း မရှိဘဲ မိမိတို့၏ လက်အောက်တပည့်များကို ရဟန်းပြုပေးကြလိမ့်မည်၊ ဤသို့ အဆက်ဆက် တရားပျက်ခြင်းကြောင့် ၀ိနည်းပျက်ပြားခြင်းဟူသောဘေး ပေါ်လာလိမ့်မည်။

၂။ နံပါတ် ၂ ၌ နိဿရည်းဆရာလုပ်၍ တပည့်များကို နိဿရည်းပေးခြင်းသာ ထူးသည်။

၃။ ခန္ဓာကိုယ်နှင့် သီလ သမာဓိ ပညာတိုးပွားမှု မရှိကြသော နောက်ခေတ်ရဟန်းတို့သည် အဘိဓမ္မာတရား ဥာဏ်ရမှုနှင့်ယှဉ်သော တရားများကို ဟောကြသောအခါ မကောင်းသောစိတ်ထားဖြင့် သူတစ်ပါးတို့ကို ပုတ်ခတ်စော်ကားခြင်း ပစ္စည်းရအောင် ဟောခြင်းတို့ဖြင့် စိတ်ဆိုး စိတ်ညစ်တွေ ပေါ်ပေါက်၍ တရားစစ် သဘောမှန်ကို သိကြတော့မည်မဟုတ်၊

၎။ ကိုယ်အနေအထားနှင့် သီလ သမာဓိ ပညာတိုးပွားမှု မရှိသော နောက်ခေတ် ရဟန်းတို့သည် ဗုဒ္ဓကိုယ်တိုင် ဟောကြားတော်မူခဲ့၍ လေးနက်လှစွာ ခန္ဓာ အာယတန ဓာတ် သစ္စာ ပဋိစ္စသမုပ္ပါဒ် တရားတော်များကို ဟောလျှင် မနာချင်ကြ ထိုတရားများကို သင်ယူထိုက်သည်ဟုပင် မမှတ်ထင်ကြ၊ သာသနာ့ပြင်ပဖြစ်သူတို့က ရွတ်၍ကောင်းအောင် အဆန်းတကြယ် ဖွဲ့စီအပ်သော ဂါထာများကိုသာ နားထောင်လိုကြ သင်ယူလိုကြလိမ့်မည်၊

၅။ ကိုယ်နေကိုယ်ထား သီလ သမာဓိ ပညာ တိုးပွားဖြင်း မရှိကြသော နောက်ခေတ်ရဟန်းတို့သည် အလျော့ အတင်းနှစ်မျိုးရှိရာဝယ် အလျော့ဘက်၌သာ ရှေ့သွားခေါင်းဆောင် လုပ်ကြလိမ့်မည်၊ တောကျောင်းစသည်၌ ငြိမ်သက်စွာ တရားနှင့် နေမှုကိစ္စ၌ လုံ့လ ၀ီရိယ လျှော့ချထားကြလိမ့်မည်၊ အပေါင်းအဖော်မှ ခွဲခွါ၍ တစ်ကိုယ်တည်းထည်း နေဖို့ရန် မကောင်းသော စိတ်တွေမှ ခွဲခွာ၍ တရားစိတ်ဖြင့် နေဖို့ရန် စိတ်ကူးမျှ ထည့်ကြတော့မည် မဟုတ်။

0 comments:

  © Blogger template 'Fly Away' by Ourblogtemplates.com 2008

Back to TOP