ဘ၀သစ်လားရာ ပဋိသန္ဓေပုံနှင့် ပုဂ္ဂိုလ်များ

ဘ၀သစ်လားရာ သန္ဓေယူပုံနှင့် ပုဂ္ဂိုလ်များ

ပဋိသန္ဓေဆိုသည်မှာ..

ကံအားလျှော်စွာ ဘ၀သစ်၌ ပထမဆုံး စိတ် စေတသိက် နှင့် ရုပ်များဖြစ်လာကြလေသည်။
ထို ပထမဆုံး ဖြစ်သော စိတ် စေတသိက် ရုပ်များကိုပင် - ပဋိသန္ဓိ - မြန်မာလို - ပဋိသန္ဓေ တည်နေခြင်း - ဟုခေါ်သည်။ ဘ၀ဟောင်းအပြတ်တွက် – ဆက်စပ်၍ ဖြစ်ခြင်း ဟုဆိုလိုသည်။

ပဋိသန္ဓေ ၄ မျိုးရှိပါသည်။
ထို ပဋိသန္ဓေ စိတ် စေတသိက် ရုပ်များသည် ကံကြောင့်ဖြစ်ရကား ကံအမျိုးမျိုးလိုက်၍ ..
၁။ သြပပါတိက ပဋိသန္ဓေ၊ (ဥပပါတ် ပဋိသန္ဓေ)
၂။ သံသေဒဇ ပဋိသန္ဓေ၊
၃။ အဏ္ဍဇ ပဋိသန္ဓေ၊
၎။ ဇလာဗုဇ ပဋိသန္ဓေ ဟု ၄ မျိုးပြား၏။


၁။ သြပပါတိက ပဋိသန္ဓေ
သည် ခန္ဓာကိုယ် အထင်အရှားဖြစ်သော ပဋိသန္ဓေတည်း။ ( ဥပပါတ် ပဋိသန္ဓေ ဟုလည်းခေါ်သည်။ )
ဥပမာ – နတ် ဗြဟ္မာ ၊ ငရဲသား ၊ ပြိတ္တာ အသူရကာယ် နှင့် ကမ္ဘာဦးလူများ။

၂။ သံသေဒဇ ပဋိသန္ဓေ
သည် ငြိတွယ်၍ ဖြစ်လောက်သော အရပ်၌ ကပ်ငြိတွယ်တာ ဖြစ်ရသော ပဋိသန္ဓေ တည်း။
အလွန်သေးငယ် သော အရွယ်မှစ တဖြည်းဖြည်းကြီးထွားရ၏။
ပိုး လောက် စသောသတ္တ၀ါတို့သည် မစင်ပုပ် ငါးပုပ် စသောပုပ်နံသော အရာများဝယ် ငြိတွယ်၍ ဖြစ်ကြရသည်။ ပဒုမ၀တီမိဖုရားသည် ပဒုမ္မာကြာပန်းဝယ် ငြိတွယ်၍လည်းကောင်း၊ ဝေဋ္ဌုဝတီ မိဖုရားသည် ၀ါးလုံးအတွင်းဝယ် ငြိတွယ်၍လည်းကောင်း၊ ဘုရားကို စွပ်စွဲသော စိဉ္စမာန မိန်းမယုတ် ခေါ် စိဉ္စမာန၀ိကာ သည် မန်ကျည်းပင်ဝယ်ငြိတွယ်၍ ဖြစ်ကြရသည်။

၃။ အဏ္ဍဇ ပဋိသန္ဓေ
သည် အမိဝမ်းတွင်းဝယ် ဥခွံ၌ ဖြစ်ရသော ကြက် ငှက် စသော သတ္တ၀ါတို့ဖြစ်သည်။
ဇာတ်နိပါတ် ရာဇ၀င်များတွင် လူအချို့ လည်း နဂါးမနှင့် အကြောင်းပါ၍ ၃။ အဏ္ဍဇ ပဋိသန္ဓေ တည်နေပြီးလျှင် လူဖွားမြင်ကြောင်းကို အဆိုရှိလေသည်။

၎။ ဇလာဗုဇ ပဋိသန္ဓေ
သည် အမိသားအိမ်၌ ဖြစ်ကြသော လူ မြင်း ကျွဲ နွား စသော သတ္တ၀ါများတည်း။

အဏ္ဍဇ နှင့် ဇလာဗုဇ ပဋိသန္ဓေ ၂ပါးကို ဂဗ္ဘသေယျက ပဋိသန္ဓေနေသူများ (အမိဝမ်းတွင်း၌ ကိန်းရသူ) ဟုခေါ်သည်။

ပဋိသန္ဓေနေခြင်း၏အကြောင်း ၃ ပါး

၁။ သြပပါတိက ပဋိသန္ဓေ၊ ၂။ သံသေဒဇ ပဋိသန္ဓေ၊ နေရသူတို့သည် မိဘနှင့် မစပ်ဘဲ မိမိတို့ ကံသက်သက်ကြောင့် ဖြစ်ရကား ပဋိသန္ဓေ နေရခြင်းအကြောင်းကို ရှာဖွယ်မလို။

ဂဗ္ဘသေယျက ပဋိသန္ဓေနေသူများမှာ အမိဝမ်း၌ ဖြစ်ရသောကြောင့် .. ဘယ်လိုအကြောင်းစုံမှ အမိဝမ်း၌ ကိန်းအောင်းနေနိုင်ကြသနည်း။ ဟုမေးဖွယ်ရှိပါသည်။
အဖြေကား
၁။ မိခင်လောင်း၏ ရာသီပန်းပွင့်ပြီးခါစဖြစ်၍ သားအိမ်စင်ကြယ်ခြင်း၊
၂။ မိဘလောင်း ၂ဦးတို့ ပျော်မြူးပေါင်းသင်းခြင်း၊
၃။ သန္ဓေတည်မည့် သူငယ်လောင်းက ဘ၀ဟောင်းမှ စုတေခြင်း၊
ဤအကြောင်း ၃ ပါးစုံမှ ပဋိသန္ဓေနေနိုင်သည်။


ကလလရည်ကြည်

ပဋိသန္ဓေစိတ် စေတသိက်နှင့်အတူ ရုပ်ကလေးများ ပါရှိ၏။
ထိုရုပ်ကလေးများကို ကလလရည်ကြည် ဟုခေါ်ကြ၏။
ထိုကလလရည်ကြည်ကား ဆံပင်ကို အလွန်ကြည်သောဆီတွင် နှစ်၍ ထိုဆံပင်ဖျား၌ ပါလာသော ဆီကြည်ကလေးမျှ ပမာဏသာရှိ၏။
ထိုရည်ကြည်သည် ရှေးကံ၏ အစွမ်းကြောင့် ဖြစ်ရသော ရုပ်ကလေးသာတည်း။
မိဘတို့ သုက်သွေးမဟုတ်။ ထိုသုက်သွေးကား ထိုကလလရည်ကြည် လေးကိုထောက်ပံ့ရုံသာ ဖြစ်သည်။


မိဘတို့ သုက်သွေးက ကျေးဇူးပြုပုံ

ဤဆိုခဲ့ပြီးသော စကားအရ ရှေးကံအစွမ်းကြောင့် အမိဝမ်းမှာ ကလလရည်ကြည် သန္ဓေတည်ရသော်လည်း မိဘတို့၏ သုက်သွေးအရေးတကြီး ထောက်ပံ့ပေးလျက်ရှိသည်။ ထို ကလလရည်ကြည်သည် မျိုးစေ့နှင့်တူ၏။ မိဘတို့၏သုက်သွေးကား ရွှံ့ညွှန် ရေ မြေ များနှင့်တူ၏။ ထို ကလလရည်ကြည်ကို ဖြစ်စေသော ရှေးဘ၀ကံမှာ မျိုးစေ့ကို စိုက်သောသူနှင့် တူပေသည်။

မိဘတို့၏ သုက်သွေး ၌ ငြိတွယ်နေသော သန္ဓေသူငယ်၌ မိဘတို့ သုက်သွေးမှ ဥတုဇရုပ်များ ဆက်သွယ်လျက်ရှိသောကြောင့် မိဘတို့၏ အဆင်းနှင့် သူငယ်၏ အဆင်းသည်တူကြရိုးပင်ဖြစ်၏။
လက်ခြေ ပုံသဏ္ဍာန်များလည်း တူတတ်ကြ၏။ အဆင်းပုံသဏ္ဍာန် သာမက မိဘတို့၏ စိတ်နေစိတ်ထား သတ္တိ ဗျတ္တိ အကြံဉာဏ်များလည်း သားသမီးတို့၌ ကူးစက်ပြန့်ပွားတတ်သည်။

ဤသို့ စိတ်ဓာတ်ချင်း ကူးစက်လာခြင်းကား သန္ဓေတည်စကပင် မိဘတို့၏ စိတ္တ ပစ္စယ ဥတုဇရုပ်များက ကူးစက်နေခြင်းကြောင့်လည်းဖြစ်နိုင်၏။ ဖွားမြင်ပြီးနောက် မိဘတို့စိတ်နေ စိတ်ထားအပြုအမူများကို တွေ့ရဖန်များသဖြင့် အတုယူမိခြင်းကြောင့်လည်းဖြစ်နိုင်၏။

ဤသို့ ဖြင့် လူ ဟုအများက ခေါ်ကြသော ခန္ဓာကိုယ်ကလေးတစ်ခု ဖြစ်ပေါ်လာရသည်။
(ဂဗ္ဘသေယျက ပဋိသန္ဓေနေသော အခြားသတ္တ၀ါများလည်း ထိုနည်းဖြင့် ဖြစ်ပေါ်လာရကြောင်းသိပါ။)

ပဋိသန္ဓေစိတ်၏ ဥပါဒ်ခဏ၌ ကမ္မဇရုပ်ဖြစ်၍
ဌီခဏ၌ ဥတုဇရုပ် ဖြစ်ပါသည်။
ပထမဘ၀င်၏ ဥပါဒ်၌ စိတ္တဇရုပ်ဖြစ်ကာ
နောက်မှ အာဟာရရုပ်ဟူ၍ ဖြစ်သည်။
ထို့ကြောင့် ဖြစ်စဉ်အတိုင်း ဆိုရပါမူ ကံ ဥတု စိတ် အာဟာရ-ဟု ဆိုရမည်ဖြစ်သော်လည်း
ဒေသနာစဉ်အားဖြင့် ကံ စိတ် ဥတု အာဟာရ-ဟူ၍ ဆိုရပါသည်။

ဘ၀သစ်ပဋိသန္စေ တည်နေမူနှင့်ပတ်သက်၍ ပုဂ္ဂိုလ် အမျိုးမျိုးရှိပါတယ်...
- ဒုဂ္ဂတိအပိာတ်ပုဂ္ဂိုလ်၊ သုဂတိအပိာတ်ပုဂ္ဂိုလ်၊ဒွိပိာတ်ပုဂ္ဂိုလ်၊တိပိာတ်ပုဂ္ဂိုလ်တို့ဖြစ်ပါတယ်..
ထိုတိပိာ်တ်ပုဂ္ဂိုလ်များ မဂ်ဖိုလ်များကိုရကြလျင် -
-သောတပတ္တိမဂ်ပုဂ္ဂိုလ်၊သောတပတ္တိဖိုလ်ပုဂ္ဂိုလ်၊သကဒါဂါမ်မဂ်ပုဂ္ဂိုလ်၊သကဒါဂါမ်ဖိုလ်ပုဂ္ဂိုလ်၊အနာဂါမိမဂ်ပုဂ္ဂိုလ်၊အနာဂါမိဖိုလ်ပုဂ္ဂိုလ်၊အရပာတ္တမဂ်ပိုဂ္ဂိုလ်၊
အရပာတ္တဖိုလ်ပုဂ္ဂိုလ် ပာူ၍ ကွဲပြားခြားနားပါတယ်

ဒုဂ္ဂတအပိာတ်ပုဂ္ဂိုလ်မှာ - အပါယ်လေးဘုံသားများဖြစ်ကြပါသည်၊
သုဂတိအပိာတ်ပုဂ္ဂိုလ်မှာ- ပသန္စေတည်စကပင် ကန်းသူ၊နားပင်းသု၊ ဆွံ့အသူ၊စသောလူစဉ်မမိသူများနှင့်အသည သတ်ဘုံရှိ အသညသတ်ဗြပ္မာာတို့ဖြစ်ကြတယ်
တိပိာတ်ပုဂ္ဂိုလ် - လူလောကရှိ အချို့ သောလူများ၊နတ်လောကရှိအချို့ သောနတ်များ၊ အသညသတ်မှတစ်ပါးသောရူပ၊အရူပဗြပ္မာာများဖြစ်ကြပါတယ်

0 comments:

  © Blogger template 'Fly Away' by Ourblogtemplates.com 2008

Back to TOP