ဖန်တီးတဲ့ ကံလေးမျိုး

သံသရာလည်စေရခြင်း အကြောင်းရင်းက ကံတွေပါပဲ....ဒီကံတွေဟာလဲ တဏှာအရင်းခံပြီး ဥပါဒါန်ကြောင့် ရုပ်နာမ်တွေ ပေါ်နေရတာပါ ။

သတ္တ၀ါများရဲ ဘ၀ဇတ်ခုံအဖုံဖုံကရအောင် ဖန်တီးတဲ့ ကံလေးမျိုးရှိပါတယ် ဒါတွေကတော့

၁။ ဇနကကံ (ပင်မကံ)
ဇနကကံ ဆိုတာကတော့ ပဋိသန္ဓေအခါ၊ ပ၀တ္တိအခါတို့မှာ အကျိုးကိုဖြစ်ပေါ်စေတဲ့ကံပါပဲ ပဋိသန္ဓေအခါ ဆိုတာ တစ်ဘ၀ရဲ့ အစဆုံးစိတ်ကလေး ဖြစ်ဆဲ ဖြစ်ခိုက် အချိန်ကို ပြောတာပါ၊ ဒီအစဆုံးစိတ်နဲ့ သေစိတ်ရဲ့ ကပ်ကပ်စိတ်အထိ တစ်ဘ၀တာကို ပ၀တ္တိအခါ လို့ခေါ်ပါတယ်။ အဘိဓမ္မာနည်းအရတော့ တစ်ဘ၀တာကို ပဋိသန္ဓေအခါ၊ ပ၀တ္တိအခါ၊ စုတိအခါလို့ သုံးပိုင်း ပိုင်းထားပါတယ်။
ပဋိသန္ဓေအခါမှာ အကျိုးဖြစ်ပေါ်စေတဲ့ ဇနကကံဆိုတာက ရှေ့ဘ၀ကတွေမှာ ပြုခဲ့တဲ့ ကုသိုလ် အကုသိုလ် ဇနကကံကြောင့် လူ့ဘ၀၊ နတ်ဘ၀၊ တိရစ္ဆာန် ဘ၀တွေမှာ အစဆုံး ပဋိသန္ဓေစိတ်နဲ့ ရုပ်တွေကို ဖြစ်ပေါ်စေတယ်။
ပ၀တ္တိအခါမှာ အကျိုးဖြစ်ပေါ်စေတဲ့ ဇနကကံ ဆိုတာက ကုသိုလ်ဇနကကံကြောင့် လူဘ၀ရရှိပြီး အကုသိုလ် ဇနကကံကြောင့် ရုပ်ဆိုးခြင်း ဥစ္စာ မပြည်စုံရခြင်း တို့ဖြစ်ပါတယ်။ ဒီလိုပဲ အကုသိုလ်ဇနကကံကြောင့် တိရစ္ဆာန် ဘ၀မှာ ပဋိသန္ဓေတည်သော်လည်း လူချစ်လူခင်များသော တိရစ္ဆာန်ဖြစ်ရပြီး ကောင်းစွာ စားသောက်နေထိုင်ရခြင်း ဥပမာ သူဌေးအိမ်က ခွေးများကဲ့သို့ ဖြစ်တယ်။ ဒါက ဇနကကံရဲ့ အကျိုးပေးမူ့ဖြစ်ပါသည်။

၂။ ဥပထမ္ဘကကံ (ထောက်ပံကံ)
ဒီကံကတော့ ကုသိုလ် အကုသိုလ် ဇနကကံတွေရဲ့ အကျိုးပေးခွင့်ရအောင်၊ ဇနကကံက ဖြစ်ပေါ်စေတဲ့ အကျိုးတာရှည်အောင် ကူညီထောက်ပံတဲ့ကံကို ခေါ်ပါတယ်။ သဘောကတော့ ကုသိုလ် ဥပထမ္ဘကံက ကုသိုလ်ဇနကကံကို ကူညီတယ်၊ အကုသိုလ် ဥမထမ္ဘကံက အကုသိုလ်ဇနကကံကို ကူညီထောက်ပံတယ် ဆိုလိုတာကတော့ ရှေးကုသိုလ် ဇနကကံကြောင့် အဆင်အတန်းမြင့်တဲ့ အခြေအနေကိုရပြီး လက်ရှိအချိန်မှာ ဒါန၊ သီလ၊ ဘာဝနာ စတဲ့ ကုသိုလ် (ဥပထမ္ဘကံ)ကို ပြုလုပ်ပြီးတော့ အခြေအနေ ကောင်းသထက်ကောင်းတွေ ရရှိတယ်။ အကုသိုလ်ဇနကကံ ကြောင့် အခြေအနေဆိုးရရှိပြီး လက်ရှိချိန်မှာ မကောင်းမူ့တွေ ပြုလုပ်ရင် အခြေအနေပိုဆိုးမယ် တာလဲ ရှည်မယ် ဒါဟာ ဥပထမ္ဘကံက ထောက်ပံကူညီပုံပါ။ ကံရဲ့သဘောက တူရာစုပါတယ်။

၃။ ဥပပီဠကကံ (တားဆီးနှောက်ယှက်တတ်သောကံ)
တခြားကံကိုဖြစ်စေ၊ တစ်ခြားကံရဲ့ အကျိုးကိုဖြစ်စေ တားဆီးနှောက်ယှက် နှိပ်စက်တဲ့ကို ခေါ်ပါတယ်။
တခြားကံကို တားဆီးနှိပ်စက်တယ်ဆိုတာ ယခုဘ၀မှာ ကောင်းမူ့ကုသိုလ်တွေ အလုပ်များတော့ ရှေးက ပြုခဲ့တဲ့ မကောင်းမူ့အကုသိုလ်တွေဟာ ယခုဘ၀ပြုနေတဲ့ ကုသိုလ်ဥပပီဠကကံတွေရဲ့ တားဆီးမူ့ကြောင့် မကောင်းကျိုးပေးခွင့်မရကြပါဘူး။ ဒီသဘောကိုပဲ ပြောင်းပြန်လှန်ပြီး ကုသိုလ်ကံကို အကုသိုလ်ကံက တားဆီးနှိပ်စက်ပါတယ်။
တခြားကံကြောင့် ဖြစ်ပေါ်တဲ့ အကျိုးကို ဥပပီဠကကံက တားဆီးတာကတော့ ကုသိုလ်ဇနကကံကြောင့် သုဂတိဘ၀မှာ အဆင့်အတန်းမြင်နေရပြီး ရောဂါထူပြောပြီး စိတ်ဆင်းရဲနေရတာတွေပါ ဥပမာ မြတ်စွာဘုရားရှင်လက်ထက်က ပုတိပတ္တတဿ မထေရ်မြတ်ကြီးဟာ ကိုသိုလ်ဇနကကံကြောင့် လူဘ၀ရရှိပြီး လက်ရှိအချိန်ပ၀တ္တိအခါမှာလဲ တရားအားထုတ်ခွင့်ရပါတယ် ဒါပေမယ် ရှေ့ငှက် မုဆိုးဘ၀က ငှက်များကို ခြေချိုး၊ အတောင်ချိုးခဲခြင်းကြောင့် သူပြုလုပ်ခဲ့တဲ့ အကုသိုလ်ဥပပီဠကံက နှိပ်စက်မူ့ကြောင့် တစ်ကိုယ်လုံး အနာကြီးတွေပေါက်ပြီး ခြေဆစ်လက်ဆစ်တွေနာနေရပါတယ် မြတ်စွာဘုရားကြွလာပြီး တရားတော်နာရမှ ရဟန္တာ ဖြစ်ရပါတယ်။

၎။ ဥပဃာတကကံ (သတ်ဖြတ်ဖျက်စီးသောကံ)
တခြားကိုဖြစ်စေ၊ ကံရဲ့ အကျိုးကိုဖြစ်စေ သတ်ဖြတ်ဖျတ်စီးသောကံကို ခေါ်ပါတယ် ဒီလိုသတ်ဖြတ်ရာမှာ သုံးမျိုးရှိပါတယ်။
(က) တစ်ခြားကံရဲ့ အကျိုးကို သတ်ရုံသတ်ခြင်း၊
(ခ) တစ်ခြားကံရဲ့ အကျိုးကို သတ်ပြီးတော့ တစ်ခြားဇနကကံတစ်ခုကို ပဋိသန္ဓေကျိုးပေးခွင့်ပြုခြင်း၊
(ဂ) တစ်ခြားကံရဲ့ အကျိုးကိုသတ်ပြီးတော့ မိမိကိုယ်တိုင် ပဋိသန္ဓေအကျိုးကိုပေးခြင်း၊ တိုဖြစ်ပါသည်။

(က)တစ်ခြားကံရဲ အကျိုးကိုသတ်ရုံသတ်ခြင်းကတော့ သောရေယျ သူဌေးသားကိုအဖြစ်ကို ကြည့်ရင်နားလည်နိုင်ပါတယ်၊ (ခ)တစ်ခြားကံရဲ့ အကျိုးကိုသတ်ပြီးတော့ တစ်ခြားဇနကကံတစ်ခုကို ပဋိသန္ဓေအကျိုးကိုပေးခွင့်ပြုတာကိုတော့ ဗမ္ဗိသာရမင်းကြီးရဲ့ ဖြစ်စဉ်ကို ကြည့်ရင်သိနိုင်ပါတယ်၊
(ဂ) တစ်ခြားကံရဲ့ အကျိုးကို သတ်ပြီးတော့ မိမိကိုယ်တိုင် ပဋိသန္ဓေအကျိုးကိုပေးခြင်းကိုတော့ အရှင်အနုရုဒ္ဓါရဲ့ နှမ ရောဟိနီရဲ့ ကိုကြည့်ရှူ့နိုင်ပါတယ် (စာရှည်မှာဆိုးလို့ ၀ထ္တုများကို တင်မပြတော့ပါ)။
ဒါတွေကတော လုပ်ငန်းကိစ္စအားဖြင့် ကံလေးမျိုးဖြစ်ပါတယ် နောက်တစ်ခုကတော့ ဥပစ္ဆေဒကကံ ဆိုတဲ့ဖြတ်ကံဖြစ်ပါတယ် ဥပမာ ရုတ်တရပ်ကားတိုက်ပြီးသေခြင်း၊ စသဖြင့်.....
အဟောတိကံဆိုတာကတော့ ကံအားလုံးပြတ်သွားခြင်းကို ဆိုလိုတာပါ ရဟန္တာ အရှင်မြတ်များဟာ အဟောတိကံကြောင့် ဘာကံမှ အကျိုးမပေးတော့ပဲ ပရိနိဗ္ဗာန်စံဝင်ရတာပါ ဒါက အားကောင်းသောမဂ်ကုသိုလ်ကံကြီးက ကံအားလုံးကို ဖြတ်ချလိုက်ခြင်းပါပဲ။

0 comments:

  © Blogger template 'Fly Away' by Ourblogtemplates.com 2008

Back to TOP