ဗုဒ္ဓဟောကြားတော်မူတဲ့ ဆွေးနွေးမှု

ဗုဒ္ဓဟောကြားတော်မူတဲ့ ဆွေးနွေးမှုမှာ အဓိက ကျတဲ့ အချက်လေးတွေကို ဖော်ပြလိုပါတယ်။

၁။ ပညာရှိသည် မဆန့် ကျင် မထောင်လွှားဘဲ ဆွေးနွေးသင့်တယ်
၂။ မပြန့် လွင့်တဲ့ စိတ်နှင့် ဆွေးနွေးသင့်တယ် ။
၃။ ဂုဏ်မပြိုင် နိုင်ထက်စီးနင်း မပြုဘဲ ဆွေးနွေးသင့်တယ် ။
၎။ ငြူစူခြင်း မရှိဘဲ ဆွေးနွေးသင့်တယ်။
၅။ ကောင်းစွာ သိ၍သာ ဆွေးနွေးသင့်တယ်။
၆။ သူတစ်ပါးကို ချုပ်ချယ်စောင်းမြောင်းခြင်းကို မပြုသင့် ။
၇။ ချွတ်ချော်သော စကားကိုလည်း အပြစ်လို့ မယူသင့် ။
၈။ ပါဠိပါဋ္ဌ်သားများကို ရွတ်ဆိုပြီးလည်း မလွှမ်းမိုးသင့် ။
၉။ အကြောင်းပြပြီး ဖိနှိပ်ခြင်းကိုလည်း မပြုသင့် ၊
၁၀။ အမှန်အမှား ရောထွေးတဲ့ စကားကိုလည်း မပြောသင့်ဘူး ဆိုပြီး (၁၀)ချက် ရှိပါတယ်။

နောက်အချက်တွေက ဘုရားရှင်က ဆွေးနွေးသင့်တဲ့ ပုဂ္ဂိုလ်နဲ့  မဆွေးနွေးသင့်တဲ့ ပုဂ္ဂိုလ်ဆိုပြီး စံတွေသတ်မှတ်ထားချက်ကလည်း ပြည့်စုံလွန်းလို့ ဖော်ပြချင်ပါသေးတယ်။မဆွေးနွေးသင့်တဲ့ ပုဂ္ဂိုလ်တွေက

၁။ ပြဿနာကို မေးလိုက်တဲ့အခါ တိုက်ရိုက်ဖြေဆိုသင့်ပါလျက်နဲ့ တိုက်ရိုက်မဖြေသူ
၂။ ဝေဖန်ပြီး ဖြေဆိုရမယ့် ပြဿနာကိုလည်း ဝေဖန်ပြီး မဖြေသူ
၃။ ပြန်မေးပြီး ဖြေရမယ့် ပြဿနာမျိုးကိုလည်း ပြန်မေးပြီး မဖြေသူ
၎။ ပြဿနာကို မေးမြန်းတဲ့အခါ အကြောင်း ဟုတ်သည် ၊ မဟုတ်သည်ကိုလည်း မကြည့်
၅။ ကြံဆအပ်သော အရာကိုလည်း မကြံဆ
၆။ သိရမည့် ၀ါဒကိုလည်း မပြနိုင်
၇။ ဖြေဆိုသူတို့ ၏ ကျင့်ဝတ်နှင့်လည်း မတည်
၈။ပြဿနာကို မေးမြန်တဲ့အခါ စကားကြောင်းလွဲပြီး ဖုံကွယ်သူ
၉။မေးတဲ့ ပြဿနာနဲ့ မဆိုင်တဲ့ အပြင်စကားများကိုပြုပြီး ပြဿနာကို ပယ်သူ
၁၀။ စိတ်ဆိုးအမျက်ထွက်ပြီး မနှစ်သက်မှုကို ထင်ရှားအောင်ပြုသူ
၁၁။ ပြဿနာမေးမြန်းတဲ့အခါ ပါဠိပါဋ္ဌ်သားများကို တသီကြီးရွတ်ပြီး တဖက်သားကို လွှမ်းမိုးဖို့ ကြိုးစားသူ
၁၂။ အကြောင်းအမျိုးမျိုးဖြင့် ဖိနှိပ်တတ်သူ
၁၃။ တတ်ယောင်ကား ပုံစံဖြင့် မေးသူအား သံသယပွားလာအောင် ဟားတိုက်သူ
စတဲ့အချက်တွေဖြစ်ပါတယ်။

0 comments:

  © Blogger template 'Fly Away' by Ourblogtemplates.com 2008

Back to TOP